Sunday, January 3, 2016

" တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ "

" တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ "

လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ခြင်္သေ့လိုလဲ မဟောက်နဲ့
၂။ ဖားငယ်လိုလဲ မကြောက်နဲ့
၃။ တောင်လိုလဲ မမောက်နဲ့
၎။ မြစ်လိုလဲ မကောက်နဲ့
၅။ တွင်းလိုလဲ မစောက်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ ( ၄ ) ပါး
•••••••••••••••••••••••••••••••••••••
၁။ သစ္စာ - ကတိ သစ္စာတည်
၂။ ဓမ္မော - တရားဥပဒေ လမ်းကြောင်းအတိုင်း
ကျင့်သုံးရမည်
၃။ ဒိတိ - တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၎။ စာဂေါ - အသက်စွန့်ရန် အသင့်ရှိရမည်

အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃။ ရန်ငြိုးဖွဲ့ခြင်း
၎။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူဆူခြင်း
၆။ ဝန်တိုခြင်း

စည်းရုံးရေး လမ်းစဉ် သင်္ဂဟ တရား ( ၄ ) ပါး
••••••••••••••••••••••••••••••••••••••••
၁။ ဒါန - ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း
အကူအညီပေးခြင်း
၂။ ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သော
စကားကို ပြောဆိုခြင်း
၃။ အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင်
ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎။ သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူ
ထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်းတူ ဒုက္ခခံခြင်း

မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မိန်းမကျူးသောသူ တစ်ယောက်
၂။ သေရည်သောက်စား သူတစ်ယောက်
၃။ အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎။ အမျက်ဒေါသကြီးသူ တစ်ယောက်
၅။ မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း( ၃ ) ပါး
••••••••••••••••••••••••••••••••••••••••••
၁။ ယုတ်မာသောသူကို ပညာသင်မိသောကြောင့်
ပျက်စီးရခြင်း
၂။ မကောင်းသောမိန်းမ မယားပြုမိသောကြောင့်
ပျက်စီးရခြင်း
၃။ မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ ( ၈ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မင်းမရှိသည့် တိုင်းပြည်
၂။ ရေမရှိသည့် မြစ်
၃။ သစ်မရှိသည့် တောခြောက်
၎။ အတောက်မရှိသည့် မီး
၅။ စည်းမရှိသည့် ရွာ
၆။ ကြာမရှိသည့် ကန်
၇။ အောင်လံမတည်သည့် ရထား
၈။ လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆ ) ခု
••••••••••••••••••••••
၁။ ပျင်းရှိခြင်း
၂။ မေ့လျော့ပေါ့ဆခြင်း
၃။ အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎။ အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅။ စည်းကမ်းမရှိခြင်း
၆။ အလုပ်ကို အချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသော အကျင့် ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ နေမြင့်အောင် အိပ်ခြင်း
၂။ ပျင်းရိခြင်း
၃။ နုတ်လက်ကြမ်းတမ်းခြင်း
၎။ နိုး၍ ထပ်ခဲခြင်း
၅။ တစ်ယောက်တည်းခရီးသွားခြင်း
၆။ ပဒါနကံပြုခြင်း

credit : ဆရာတော်ဦးဇောတိက

မြတ်နီလာ ။ ( မိုမိုလေး )

ဟာသနဲ့ ဗဟုသုတတွေကိုမှန်မှန်ကြည့်ဖို့ Momolay Android app ကို နီးစပ်ရာ ဖုန်းဆိုင်တိုင်း (သို့) www.momolay.com မှာအခုပဲဒေါင်းလိုက်ပါ

ရှားစောင်းလက်ပပ်နှင့်အသည်းကင်ဆာ

''ရှားစောင်းလက်ပပ်နှင့်အသည်းကင်ဆာ''
============================

တစောင်းလက်ပပ်(ခေါ်) ရှားစောင်းလက်ပပ်ဟု ခေါ်လိုက်လျှင် ကွန်ုပ်တို့ မြန်မာပြည်တွင် မသိသူ မရှိလောက်အောင်ပင် လူသိများလှပါသည်၊၊ သို့သော် ရှားစောင်းလက်ပပ် ၏် အစွမ်းထက်လှသော ဂုဏ်သတ္ထိထူးများနှင့် ဆေးအသုံးကို ပြည့်စုံအောင် သိသူကား ရှားပါးလှပေ၏။ရှားစောင်းလက်ပပ်ပင်ကို ကျွန်ုပ်မိဘများ၏ ဇာတိမြေ ဖြစ်သော အညာဒေသတစ်ဝိုက်တွင် သဘာဝပေါက်ပင် အဖြစ် ပေါများစွာ တွေ့နိုင်ပေသည်၊၊ရှားစောင်းလက်ပပ်ပင်သည် အပူဒဏ်ကို ကြံ့ကြံခံနိုင်သော သဘာဝရှိသည့် ထူးခြားသော အပင်တစ်မျိုးဖြစ်သည်၊၊ အပင်၏ တစ်ဖက်တစ်ချက်တွင် လွှသွားကဲ့သို့ ဆူးလေးများ ပါရှိကာ အခွံ၏အတွင်းထဲတွင်တော့ အင်မတန် အေးမြ စိုစွတ်သော ရှားစောင်းလက်ပပ် အနှစ်ခေါ် ဂျယ်ရီအတုံးလေးများကို ထူးခြားစွာတွေ့ရလေသည်၊၊ရှားစောင်းလက်ပပ်၏ ထူးခြားချက်မှာ အပင်ကိုနုတ်ရ်ျ ရက်ပေါင်းများစွာ ပစ်ထားစေကာမူ အပင်သည် ညှိုးခြောက်မသွားပဲ ရှင်သန်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရလေသည်၊၊ထိုသို့ရက်ရှည်လများ ပစ်ထားသော်လည်း ညှိုးခြောက်မသွားပဲ တာရှည်ခံခြင်းမှာ ရှားစောင်းလက်ပပ်အတွင်းသား ဂျယ်ရီတုံးကလေးများ၏ အစိုဓါတ် ကို ရေရှည်ထိန်းထားနိုင်သော ဂုဏ်သတ္ထိတို့ကြောင့်ဖြစ်သည်၊၊ ထို့ကြောင့် ရှေးသမားအကျော်တို့က ရှားစောင်းလက်ပပ်ပင်ကို မသေဆေးပင်ဟုလည်းခေါ်ကြသည်၊၊
ရှားစောင်းလက်ပပ်ပင်ကို ရှေးအခါကပင် သမားတော်အကျော်အမော် တို့က မီးယပ်ဆေး၊နုနာရောဂါ ပျောက်ဆေးများအဖြစ် ဖော်စပ်အသုံးပြုခဲ့ကြသည်၊၊စာရေးသူကိုယ်တိုင်လည်း ရှားစောင်းလက်ပပ်ချက်ဆေး မှီဝဲသောကြောင့် မည်သည့်ဆေး၊ မည်သည့်ဆရာ ၀န်နှင့်မှ ကုသရ်ျ မပျောက်ကင်းခဲ့သော အဒေါ်ဖြစ်သူ၏ လက်မှ ကြွက်နို့များနှင့် တင်ပါးမှ ၀ဲခြောက်များ ပျောက်ကင်းခဲ့သည့်အကြောင်းကို ကျွန်ုပ်၏ ပထမ စာအုပ်ဖြစ်သော ''အသက်ကယ်ဆေးပင်များ'' ရေးသားဖော်ပြခဲ့ဖူးလေသည်၊၊ ထို့အပြင်ယင်းစာအုပ် နှိုက်ပင် ရှားစောင်းလက်ပပ်ကို မှီဝဲသောကြောင့် ခန္ဒာ ကိုယ်တစ်ခုလုံး ခံစားနေရသော ယားနာများနှင့် ခုခံအားကျဆင်း မှုရောဂါပါ သက်သာလာခဲ့ကြောင်း ဝေဒနာသည်တစ်ဦး၏ ကိုယ်တွေ့ကို ရေးသား ဖော်ပြခဲ့ပါသည်၊၊
ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများ နှင့် ဆေးအသုံးများကား ကျယ်ဝန်းလှပါ၏။
ရှားစောင်းလက်ပပ်ဂျယ်ရီ(4)လက်မ၊ (5)လက်မ ခန့်ကို နေ့စဉ် မှန်မှန်မှီဝဲပါက တစ်လအတွင်းတွင် သွေးထဲ နှိုက်ရှိသော သကြားဓါတ်များ ပုံမှန်ပြန်ဖြစ်ကာ ဆီးချို၊ သွေးချို ရောဂါ သက်သာ သွားမည်ကို စာဖတ်သူကိုယ်တိုင်သုံးစွဲကြည့်လျှင် ကိုယ်တွေ့သိရပေမည်၊၊ ထိုရှားစောင်းလက်ပပ်ဂျယ်ရီကို နှစ်ရှည်လများဆက်လက် မှီဝဲပါက ဆီးချို ၊ သွေးချိုကြောင့် ဖြစ်တတ်သော နောက်ဆက်တွဲ ရောဂါများဖြစ်သည့် အာရုံကြောအားနည်းခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ခန္ဒာကိုယ်ယားယံခြင်း၊ကျောက်ကပ်ပျက်စီးခြင်းဝေဒနာများကို ဟန့်တားကာကွယ် သက်သာပျောက်ကင်းနိုင်ပြီး ဆီးချို၊သွေးချို ရောဂါ များလည်း တဖြည်းဖြည်း သက်သာ ပျောက်ကင်းနိုင်သည်၊၊
ထို့အပြင် ရှားစောင်းလက်ပပ် အပေါ်ခွံကို ခွာရ်ျ အတွင်းသား အနှစ်ဂျယ်ရီ ကို နေ့စဉ် တစ်နေ့ တစ်ကြိမ် မှီဝဲပါက အူလမ်းကြောင်းမကောင်းရ်ျ ၀မ်းကောင်းစွာ မသွားနိုင်သော ၀မ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းစေသည်၊၊ ထိုဝမ်းချုပ်ရောဂါ သက်သာ ပျောက်ကင်းသောကြောင့် ၀မ်းချုပ်ရောဂါ ၏ နောက်ဆက်တွဲ ရောဂါများဖြစ်သော လိပ်ခေါင်းရောဂါ၊ စအိုအိမ်(အစာဟောင်းအိမ်) ကင်ဆာရောဂါများ ကာကွယ်ပြီး ဖြစ်လေသည်၊၊ ထို့ပြင်ဝမ်းချုပ်လျှင် အစားအသောက်ပျက်ခြင်း၊၀မ်းဗိုက် ရင်ခေါင်းတောင့်တင်းခြင်း၊အပူနှင့် လေတို့ ပေါင်းစပ်ရ်ျ ဥဏှ ၀ါ ယော အထက်သို့ ဆောင့်ကာ လေအထက်သို့ ဆောင်ကာ လေထိုး၊လေအောင့် ဖြစ်ခြင်း၊ကျောရင် ညှပ်ရ်ျ အောင့်ခြင်း၊ဇက်ကြောထိုးရ်ျ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊အပူ အပုပ် အထက်သို့ဆောင်ရ်ျ
သွေးတိုးခြင်း၊ ခေါင်းနောက်ရ်ျ ချွေးဆေးပြန်ခြင်း၊မျက်စိအမြင်ေ၀၀ါးရ်ျ မျက်စိမကြည်ခြင်း စသော ဝေဒနာမျိုးစုံခံစားတတ်ရလေသည်၊၊ရှားစောင်းလက်ပပ်ကို နေ့စဉ် မှန်မှန် မှီဝဲခြင်းဖြင့် ဆီး၊၀မ်း၊ လေမှန် အပူငြိမ်းကာ သွေးသားစင်ကြယ်ရ်ျ အထက်ပါ ဝေဒနာများကို ကာကွယ် ပြီးသားဖြစ်သည့် အပြင် ဝေဒနာခံစားနေရပါကလည်း ပျောက်ကင်းနိုင်ပေသည်၊၊ အချို့ သော လူများမှာ ၀မ်းချုပ်ရောဂါကို နှစ်ရှည်လများ ခံစားနေရပြီး ၀မ်းနုတ်ဆေးမှီဝဲမှ ၀မ်းသွားသဖြင့် နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေသူများကို ကျွန်ုပ် တွေ့ခဲ့ဖူး၏၊၊ ထိုသူများမှာ နေ့စဉ် ၀မ်းနုတ်ဆေးမှီဝဲနေရသော ဒုက္ခနှင့်အတူ ၀မ်းနုတ်ဆေးများတွင် ပါဝင်သော ပွေးကိုင်းကြောင့် ၀မ်းသွားခါနီးတွင် ၀မ်းဗိုက်ရစ်နာကာ အူနံရံမှ အကျိအချွဲ၊အမြှေးများ ၀မ်းနှင့် အတူ ကျဆင်းတတ်သဖြင့် အူများပါးလွှာတတ်ပြီး ကြာလျှင် အူရောင်ခြင်း ၊ အူတွင် အနာရောဂါ ဖြစ်ပွားခြင်းများ ဖြစ်တတ်လေသည်၊၊ ကနခို ပါဝင်သော ၀မ်းနုတ်ဆေးများဆိုလျှင် ပိုရ်ျ ပင်အန္တရာယ် များတတ်လေသည်၊၊ထိုသို့ ၀မ်းနုတ်ဆေးစားမှ ၀မ်းသွားသော၊ ၀မ်းနုတ်ဆေးကို နေ့စဉ် မှီဝဲနေရသောပုဂ္ဂိုလ်များအဖို့ ရှားစောင်းလက်ပပ်သည် နေ့စဉ် မှီဝဲသင့်သော ဘေးထွတ်ဆိုးကျိုးကင်းသည့် ဓါတ်စာဆေးဝါး တစ်မျိုးဖြစ်လေသည်၊၊
ရှားစောင်းလက်ပပ်၏ ထူးခြားသော နောက်ထပ်ဂုဏ်သတ္ထိတစ်မျိုးမှာ ခန္ဒာကိုယ်သွေးအတွင်း မြင့်မားနေသော Uric acid ကို ထိန်းချုပ်နိုင်ခြင်း နှင့် Uric acid များသူများ စားသုံးလျှင် သွေးအတွင်း Uric acid လျှော့ကျရ်ျ ပုံမှန်ဖြစ်စေခြင်းဖြစ်သည်၊၊ ထို့ကြောင့် Uric acid များရ်ျ ဖြစ်သော ဒူးနှင့် ခန္ဒာအဆစ်အမြစ်တို့ ရောင်ရမ်းကိုက်ခဲစေသည့် (gout) ဂေါက်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ခြင်းနှင့် ဖြစ်ပွားပါက ပျောက်ကင်းစေခြင်းပင်ဖြစ်သည်၊၊
ယခုဖော်ပြ သော အကြောင်းအရာများမှာ စာရေးသူ လက်လမ်းမှီသမျှ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိများကို စာဖတ်သူများသို့ မျှ ဝေခြင်းဖြစ်ပါသည်၊၊
ယခုစာရေးသူဖော်ပြမည့် ကင်ဆာ ရောဂါနှင့် ပက်သက်ရ်ျ ရှားစောင်းလက်ပပ်၏ ဂုဏ်သတ္ထိထူးများမှာ အံ့သြဖွယ် ကောင်းလှပါသည်၊၊စာရေးသူ၏ အစ်ကို၊အစ်မ၀မ်းကွဲ လူနာမိတ်ဆွေတို့၏ ကိုယ်တွေ့လေးများ မဖော်ပြမှီ ဂျပန်နိုင်ငံမှ ဆေးသုတေသန ပညာရှင်တစ်စု၏ စမ်းသပ်မှုများကို ဦးစွာဖော်ပြလိုပါသည်၊၊ ဂျပန်နိုင်ငံမှ ဆေးပညာရှင်တစ်စုသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းသို့ ကင်ဆာဆဲ(လ်)များကို ထိုးသွင်းလိုက်ပါသည်၊၊ ထိုသို့ ထိုးသွင်းလိုက်သော ကင်ဆာဆဲ(လ်)များသည် ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းနှိုက် ပွားများလာပါသည်၊၊ထိုကဲ့သို့ ကြွှက်များ၏ ခန္ဒာကိုယ်အတွင်းမှ ပွားများလာသော ကင်ဆာဆဲ(လ်)များအတွင်းသို့ ရှားစောင်းလက်ပပ် သတ္ထုရည်(အနှစ်ရည်)ကို ထိုးသွင်းလိုက်သော အခါ ထိုရှားစောင်းလက်ပပ် သတ္ထုရည်များက ကြွှက်များကိုယ်တွင်းရှိ ကင်ဆာဆဲ(လ်) များကို ချေမှုန်းဖျက်စီးနိုင်ကြောင်း တွေ့ရှိရပါ၏၊၊
ထိုစမ်းသပ်မှု ရလဒ်အဖြေကြောင့် ရှားစောင်းလက်ပပ်ထဲတွင် ကင်ဆာရောဂါ ကို ကာကွယ် ကုသနိုင်သော ဒြပ်ပေါင်းပါဝင်ကြောင်း အတည်ပြုကောက်ချက်ချခဲ့ပါသည်၊၊ သို့သော်လည်း လူကိုတော့ မစမ်းသပ်ရသေးကြောင်းသူတို့ကဆို၏၊၊ ဂျပန် နိုင်ငံမှ ဆေးသုတေသန ပညာရှင်များ၊ ဆရာဝန်များ လူကို မစမ်းသပ်ရသေးမှီ စာရေးသူ၏ ဆွေမျိုးနှင့် မိတ်ဆွေ လူနာများ၏ ရှာစောင်းလက်ပပ်နှင့် ပက်သက်ရ်ျ ကိုယ်တွေ့များက အံ့သြဖွယ်ကောင်းလှပေသည်၊၊
စာရေးသူ၏ အစ်ကိုဝမ်းကွဲ တော်စပ်သူနှင့် ဇနီးသည်မှာ နှစ်ဦးစလုံး မန္ထလေးတိုင်းရင်းဆေးသိပံ မှ အောင်မြင်ရ်ျ တိုင်းရင်းဆေး ဒီပလိုမာ ရရှိခဲ့ကြသူများဖြစ်သည်၊၊ သူတို့ နှစ်ဦးစလုံး ကျောက်ပန်းတောင်းတွင် အခြေချ နေထိုင်ရင်း တိုင်းရင်းဆေးခန်း ဖွင့်လှစ်ထားလေသည်၊၊ လွန်ခဲ့သော လေး ၊ ငါး ၊ခြောက်နှစ်ခန့်က စာရေးသူအစ်ကို၏ ဇနီးဖြစ်သူ မချို မှာ အသည်းကင်ဆာရောဂါ ဝေဒနာ ပြင်းထန်စွာ ခံစားခဲ့ရပါသည်၊၊ သို့သော သေမည်ဟု ထင်ထားသော မချိုမှာ အသေပဲ ယခုအချိန်တွင် အသည်းကင်ဆာရောဂါ ပျောက်ကင်းသက်သာရ်ျ လူကောင်းပကတိဖြစ်နေပေပြီ၊၊ မချို ၏ အသည်းကင်ဆာ ရောဂါ သက်သာသွားပုံကိ စိတ်ဝင်စားလှသဖြင့် စာရေးသူ ကျွှန်ုပ်က မချိုထံသို့ ဖုန်းဆက်ရ်ျ မေးမြန်းကြည့်မိ၏၊၊
''မချို အသည်းကင်ဆာ ဖြစ်တာ ဘာဆေးမှီဝဲပြီး သက်သာပျောက်ကင်းသွားတာလဲ၊ ကျွန်တော်သိချင်လို့ပါ''
'' မချို ကအသည်းကင်ဆာဖြစ်ပြီးတော့ ရေဖျဉ်းသုံးကြိမ်စွဲတယ်၊၊ ဒီတော့ အသည်းကင်ဆာအတွက်ရော ရေဖျဉ်းအတွက်ပါ သောက်ရတဲ့ ဆေးတွေက များတော့ များတာပေါ့၊၊ ဒါပေမယ့် အသည်းရောင် အသားဝါ ဘီပိုးနှင့်အသည်းကင်ဆာအတွက် ဆေးတစ်မျိုးကို ပြောရမယ်ဆိုရင်တော့ ရှားစောင်းလက်ပပ်လို့ ပြောရမှာပဲ၊၊ ရှားစောင်းလက်ပပ်ကို အခွံနွာပြီး အတွင်းက အနှစ်ဂျယ်ရီကို နေ့တိုင်းစားတယ်၊၊ရှားစောင်းလက်ပပ်အခွံနဲ့ ဂျယ်ရီကြားက စိမ်းဝါ၀ါအရောင်၊ မုန့်ချက်တဲ့ အနှစ်သားက ပိုပြီး အစွမ်းထက်တယ်၊၊မချိုကတော့ ရှားစောင်းလက်ပပ်ဂျယ်ရီ နေ့စဉ် မှီဝဲတယ်၊၊
ရှားစောင်းလက်ပပ်အနှစ်ကိုကို နေ့စဉ်မှီဝဲလို့ အသည်းကင်ဆာ သက်သာ ပျောက်ကင်းတာ နောက်တစ်ယောက်ရှိသေးတယ်၊၊သူကတော့ မချိုသမီးရဲ့ သူငယ်ချင်းရဲ့ အဖေပဲ၊၊
သူက စီပိုးဘက်ကနေ ကင်ဆာကို ကူးသွားတာ၊၊သူကအခု မန္တလေးမှာနေတယ် ၊သူ့ရဲ့ အသည်းရောင် အသားဝါ စီပိုးရော အသည်းကင်ဆာပါ ရှားစောင်းလက်ပပ်အနှစ်ကို နေ့စဉ် မှီဝဲရင်းနဲ့ပဲ သက်သာပျောက်ကင်းသွားတယ်၊၊'''
ကျွှန်ုပ်၏ အစ်ကိုဝမ်းကွဲ၏ ဇနီးဖြစ်သူ အသည်းကင်ဆာ ရောဂါပြင်းထန်စွာ ခံစားခဲ့ရသော ၊ယနေ့ လူကောင်းပကတိ ဖြစ်နေပြီ ဖြစ်သောမချို ၏ သတင်းစကားများဖြစ်သည်၊၊
ရှားစောင်းလက်ပပ်၏ အစွမ်းဖြင့် အသည်းကင်ဆာ ပျောက်ကင်းကြောင်း သတင်းစကားသယ်ဆောင်လာသူ နောက်တစ်ဦးကတော့ ဒေါ်သန်းသန်းဝင်း ဆိုသော အသက်(60)ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်၊၊ ဒေါ်သန်းသန်းဝင်း က သူမ၏ မိတ်တွေ တစ်ဦး ရှားစောင်းလက်ပပ် အစွမ်းဖြင့် အသည်းကင်ဆာ သက်သာပျောက်ကင်းသွားပုံကို အောက်ပါ အတိုင်းပြောပြလေသည်၊၊
'' ကျွန်မရဲ့ အသိတစ်ယောက် အသည်းကင်ဆာဖြစ်တာ ရှားစောင်းလက်ပပ်အ နှစ်ကို ခြစ်ပြီး ထန်းဖိုဦးထန်းလျက်ရည်လေးနဲ့ ရောပြီး နေ့စဉ်စားတာ၊ အခုတော့ အသည်းကင်ဆာ ရောဂါ ပျောက်ကင်းသွားပါပြီ၊၊ ''
ထိုသတင်းစကားကို သယ်ဆောင်လာသူ ဒေါ်သန်းသန်းဆိုသူမှာ လှိုင်သာယာ မြို့နယ် မင်းရဲကျော်စွာ လမ်းတွင်နေထိုင်သူဖြစ်သည်၊၊
ဂျပန်နိုင်ငံမှ ဆရာဝန်များ၊ဆေးသုတေသနပညာရှင်များသည် ရှားစောင်းလက်ပပ်သည် ကင်ဆာ ရောဂါ ကို သက်သာပျောက်ကင်းစေကြောင်း အစွမ်းသတ္ထိကို ကြွက်များဖြင့် စမ်းသပ်ပြီး လူကို မစမ်းသပ်မှီ စာရေးသူတို့ မြန်မာနိုင်ငံနှိုက် ရှားစောင်းလက်ပပ်၏ အစွမ်းကြောင့် အသည်းကင်ဆာ ရောဂါ ဝေဒနာ ပျောက်ကင်းသူ သုံးဦးခန့် ရှိပေပြီ၊၊ စာရေးသူ လက်လှမ်းမမှီသော၊ မသိရှိသော နေရာများနှိုက် ကင်ဆာရောဂါ ဝေဒနာသည် ဘယ်နှစ်ဦး သက်သာပျောက်ကင်းနေမည်ကို မသိရှိပါ၊၊
စာရေးသူကိုယ်တိုင်လည်း ကင်ဆာရောဂါ ဝေဒနာကို ကာကွယ်ရန်နှင့် ခံစားနေရသော ဆီးနှင့် ကျောက်ကပ် ရောဂါ ဝေဒနာသက်သာစေရန်အတွက် ရှားစောင်းလက်ပပ်ဂျယ်ရီကို နေ့စဉ် မှီဝဲလျက်ရှိပါသည်၊၊ ဘေးထွတ်ဆိုးကျိုး အင်မတန်နည်းပါးပြီး ရောဂါ ဝေဒနာပေါင်းစုံအတွက် အစွမ်းထက်လှသော ရှားစောင်းလက်ပပ်ကို နေ့စဉ်မှီဝဲမည်ဆိုပါက အကျိုးအနန္ထ ကျေးဇူးများလှကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်၊၊

ဗအုပ်ခိုင်
(သဘာဝသမားတော်)

မူရင်းပိုင်ရှင်အား credit ပေးပါသည်။

အမျိုးသမီးများညစာကိုနောက်ကျစားခြင်းနဲ့ ညဥ့်နက်မှာ သားရည်စာစားခြင်းများကရင်သားကင်ဆာဖြစ်ဖို့ အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့ အမေရိကန်ရှိ San Diego School of Medicine မှလေ့လာသူ Catherine Marinac ကဆို ---- ၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့နံနက်ခင်းစာစားချိန်အထိအချိန်ကြာကြာအစာမစားလေ ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိဂလူးကို့စ်သကြားဓါတ်ပမာဏလျော့ကျလေဆိုတာပါပဲ။ The longer the period they spent without food, the more stable their blood sugar. ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ(သို့)ကယ်လိုရီကိုရှုပ်ထွေးနေအောင်တွက်ချက်စားသောက်နေရတာထက်လူထုကျန်းမာရေးအတွက်ပိုမိုအကျိုးရှိတယ်လို့ဆိုတယ်။ အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိဂလူးကို့စ်သကြားဓါတ် ၄% လျော့ကျတယ်။ Each three-hour increase in night-time fasting was associated with a 4 per cent lower blood glucose level, regardless of how much the women ate at other times. ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိသကြားဓါတ်တည်ငြိမ်မှုဟာရင်သားကင်ဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှုအန္တရာယ်ကို လျော့ပါးစေတယ်လို့ဆိုတယ်။ This may be because glucose provides fuel for rapidly dividing cancer cells. And insulin – the hormone that is pumped into the blood to remove excess glucose – is also thought to stimulate the growth of the disease. အမျိုးသမီး ၂၂၁၂ ယောက်ကိုလေ့လာပြီးရေးသားတဲ့ဒီစာတန်းကို Philadelphia မှာပြုလုပ်တဲ့The American Associstion for Cancer Research's နှစ်ပါတ်လည်အစည်းအဝေးမှာတင်ပြခဲ့ပြီးThe journal Cancer Epidemiology မှာလည်းဖေါ်ပြခဲ့တယ်။ အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်တယ်။ -Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ) -Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ) -Medical exam(ဆေးမှန်မှန်စစ်ပါ) -Annual mammograms at age 40(အသက် ၄၀ ကျော်ရင် နှစ်စဉ် mammogram ရိုက်ပါ) ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘူယျအားဖြင့်မာကြောခြင်း၊နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။ Cancerous lumps are more likely to be hard, painless, and unmovable. ရင်သားမှာအောက်ပါထူးခြားချက်များ။

အမျိုးသမီးများညစာကိုနောက်ကျစားခြင်းနဲ့ ညဥ့်နက်မှာ
သားရည်စာစားခြင်းများကရင်သားကင်ဆာဖြစ်ဖို့
အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့
အမေရိကန်ရှိ San Diego School of Medicine မှလေ့လာသူ
Catherine Marinac ကဆို
----

၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့နံနက်ခင်းစာစားချိန်အထိအချိန်ကြာကြာအစာမစားလေ ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိဂလူးကို့စ်သကြားဓါတ်ပမာဏလျော့ကျလေဆိုတာပါပဲ။
The longer the period they spent without food, the more stable their blood sugar.
ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ(သို့)ကယ်လိုရီကိုရှုပ်ထွေးနေအောင်တွက်ချက်စားသောက်နေရတာထက်လူထုကျန်းမာရေးအတွက်ပိုမိုအကျိုးရှိတယ်လို့ဆိုတယ်။
အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိဂလူးကို့စ်သကြားဓါတ် ၄% လျော့ကျတယ်။
Each three-hour increase in night-time fasting was associated with a 4 per cent lower blood glucose level, regardless of how much the women ate at other times.
ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိသကြားဓါတ်တည်ငြိမ်မှုဟာရင်သားကင်ဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှုအန္တရာယ်ကို လျော့ပါးစေတယ်လို့ဆိုတယ်။
This may be because glucose provides fuel for rapidly dividing cancer cells. And insulin – the hormone that is pumped into the blood to remove excess glucose – is also thought to stimulate the growth of the disease.
အမျိုးသမီး ၂၂၁၂ ယောက်ကိုလေ့လာပြီးရေးသားတဲ့ဒီစာတန်းကို Philadelphia မှာပြုလုပ်တဲ့The American Associstion for Cancer Research's နှစ်ပါတ်လည်အစည်းအဝေးမှာတင်ပြခဲ့ပြီးThe journal Cancer Epidemiology မှာလည်းဖေါ်ပြခဲ့တယ်။
အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်တယ်။

-Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ)
-Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ)
-Medical exam(ဆေးမှန်မှန်စစ်ပါ)
-Annual mammograms at age 40(အသက် ၄၀ ကျော်ရင် နှစ်စဉ် mammogram ရိုက်ပါ)

ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘူယျအားဖြင့်မာကြောခြင်း၊နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။
Cancerous lumps are more likely to be hard, painless, and unmovable.
ရင်သားမှာအောက်ပါထူးခြားချက်များတွေ့ရှိလာပါက ဆရာဝန်ပြသစစ်ဆေးပါ။

-နာကျင်ခြင်း(Pain)
-နီမြန်းခြင်း(redness)
-နို့သီးတဝိုက်အမှတ်များထွက်ခြင်း(Scaliness)
-ယားယံခြင်း(Itching)
-အရေပြားထူလာခြင်း(Skin thickening)
-နို့သီးအတွင်းသို့ဝင်နေခြင်း(Inward nipple)
-နို့မှအရည်ထွက်နေခြင်း(Discharge)

www.breastcancer.org (for breast exam instructions) ကိုဝင်ရောက်ကြည့်ရှုပြီးပိုမိုတိကျတဲ့ဗဟုသုတကိုရရှိနိုင်ပါတယ်။

နောင်တကြီး (၁၀) ပါး မမှားရအောင

နောင်တကြီး (၁၀) ပါး မမှားရအောင်

၁။ ငယ်စဉ်အခါက ပစ္စည်းဥစ္စာမရှာခဲ့၍ အိုမင်းရင့်ရော် နောင်သောအခါမှ မရှိဆင်းရဲ မွဲပြာကျသောကြောင့် နောင်တကြီးစွာရခြင်း။

၂။ ငယ်ရွယ်စဉ်က ပညာသင်ရန် အခွင့်ရေးရပါလျှက် ဆိုးပေတေကာ ကျောင်းပြေးလုပ်၍ နောင်အခါ အသက်မွေးမှု မပြည့်စုံခြင်းကြောင့် နောင်တကြီးစွာရခြင်း။

၃။ ကောက်ကျစ်စဉ်းလဲ ကုန်းချောစကားဖြင့် ရန်တိုက်ပေးခဲ့မိသောကြောင့် သေရာညောင်စောင်း လဲလျောင်းမိသောအခါ ငါပြုခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း ။

၎။ သတ္တဝါများအား သနားမဖက် ရက်စက်စွာ သတ်ခဲ့မိခြင်းကြောင့် သက်ရွယ်ကြီးရင့်လာသောအခါ ယူကြုံးမရဖြစ်ကာ နောင်တကြီးစွာ ရခြင်း။

၅။ မသွားလာအပ်သော သူမယားနှင့် သမီးများကို သွားလာပေါင်းသင်း ဖျတ်ဆီးမိခြင့်ကြောင့် မိမိသားသမီးရလာသောခါ နောင်တ တဖန် ပူပန်ရခြင်း။

၆။ များစွာသော ပစ္စည်းဥစ္စာ ဂုဏ်အင်္ဂါနှင့် ပြည့်စုံပါလျက် ဒါနမှုများ ပြုရမည်ကို သတိမရဘဲ မွဲပြာကျကာမှ ငါမလှူခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။

၇။ မိအို/ဖအိုများကို ကျွေးနိုင်မွေးနိုင် ဥစ္စာအင်အားရှိပါလျက် အသက်ထင်ရှားရှိစဉ်၌ ကျွေးမွေးရန်သတိမရဘဲ သေလွန်ပါမှ ငါမကျွေးခဲ့မိတာ မှားလေခြင်းဟု နောင်တကြီးစွာ ရခြင်း။

၈။ မွေးသည့်မိခင် ကျွေးဖခင် ကျေးဇူးရှင်တို့်အား မထေမဲ့မြင့်ပြုခဲ့မိသောကြောင့် နောင်သောအခါမှ ရင်ထုမနာ ဖြစ်ရခြင်း။

၉။ သီလ, သမာဓိ, ပညာနှင့် ပြည့်စုံသော ရဟန်းကောင်း ရဟန်းမြတ် လူပုဂ္ဂိုလ်များ ရှိပါလျက် မဆည်းကပ် မကိုးကွယ်မိခြင်းကြောင့် နောင်တကြီးစွာ ရခြင်း။

၁၀။ ငြိမ်သက်သောအကျင့် ခြိုးခြံသောအကျင့်သည် ကောင်း၏ဟု သူတော်ကောင်းများ ဟောကြားခဲ့ပါလျက် တွေဝေသည့် အတွက် မကျင့်ကြံမိသောကြောင့် အခါနှောင်းမှ နောင်တကြီးစွာ ရခြင်း။

(မဟာဇနကဇာတ်)
Credit: အရှင် စန္ဒဇောတိ

" တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ

" တန်ဖိုးရှိသော သိမှတ်ဖွယ်ရာများ "

လူသားတို့မကျင့်အပ်သောအရာ( ၅ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ခြင်္သေ့လိုလဲ မဟောက်နဲ့
၂။ ဖားငယ်လိုလဲ မကြောက်နဲ့
၃။ တောင်လိုလဲ မမောက်နဲ့
၎။ မြစ်လိုလဲ မကောက်နဲ့
၅။ တွင်းလိုလဲ မစောက်နဲ့

ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါ ( ၄ ) ပါး
•••••••••••••••••••••••••••••••••••••
၁။ သစ္စာ - ကတိ သစ္စာတည်
၂။ ဓမ္မော - တရားဥပဒေ လမ်းကြောင်းအတိုင်း
ကျင့်သုံးရမည်
၃။ ဒိတိ - တုန်လှုပ်ခြောက်ခြားခြင်း မရှိရ
၎။ စာဂေါ - အသက်စွန့်ရန် အသင့်ရှိရမည်

အသင်းအဖွဲ့ ပျက်စီးခြင်း အကြောင်း ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ အမျက်ထွက်လွယ်ခြင်း
၂။ ကျေးဇူးမဲ့ကိုသာ ဆိုခြင်း
၃။ ရန်ငြိုးဖွဲ့ခြင်း
၎။ ဂုဏ်တုဂုဏ်ပြိုင်ပြုခြင်း
၅။ ငြူဆူခြင်း
၆။ ဝန်တိုခြင်း

စည်းရုံးရေး လမ်းစဉ် သင်္ဂဟ တရား ( ၄ ) ပါး
••••••••••••••••••••••••••••••••••••••••
၁။ ဒါန - ပေးကမ်းထောက်ပံ့ခြင်း ငွေကြေးပစ္စည်း
အကူအညီပေးခြင်း
၂။ ပေယာဝဇ္ဇ - ယဉ်ကျေးသိမ်မွေ့သော ချစ်ဖွယ်သော
စကားကို ပြောဆိုခြင်း
၃။ အတ္တစရိယာ - အကျိုးစီးပွားတိုးတက်အောင်
ကိုယ်နုတ်နှစ်ပါးဖြင့် လုပ်ကိုင်ပေးခြင်း
၎။ သမာနတ္တတာ- ကိုယ်နှင့် ထပ်တူပြုခြင်းနှင့် တန်းတူ
ထားခြင်း ဆက်ဆံခြင်း ပြုစုခြင်း တန်းတူ ဒုက္ခခံခြင်း

မတိုင်ပင်အပ်သော သူ ( ၅ ) ယောက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မိန်းမကျူးသောသူ တစ်ယောက်
၂။ သေရည်သောက်စား သူတစ်ယောက်
၃။ အလိုရမ္မက်ကြီးသောသူ တစ်ယောက်
၎။ အမျက်ဒေါသကြီးသူ တစ်ယောက်
၅။ မလိမ္မာသောသူ တစ်ယောက်

ပညာရှိများ၏ ပျက်စီးရခြင်း အကြောင်း( ၃ ) ပါး
••••••••••••••••••••••••••••••••••••••••••
၁။ ယုတ်မာသောသူကို ပညာသင်မိသောကြောင့်
ပျက်စီးရခြင်း
၂။ မကောင်းသောမိန်းမ မယားပြုမိသောကြောင့်
ပျက်စီးရခြင်း
၃။ မသူတော်နှင့်ပေါင်းမိသောကြောင့် ပျက်စီးရခြင်း

မတင့်တယ်သော အရာ ( ၈ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ မင်းမရှိသည့် တိုင်းပြည်
၂။ ရေမရှိသည့် မြစ်
၃။ သစ်မရှိသည့် တောခြောက်
၎။ အတောက်မရှိသည့် မီး
၅။ စည်းမရှိသည့် ရွာ
၆။ ကြာမရှိသည့် ကန်
၇။ အောင်လံမတည်သည့် ရထား
၈။ လင်မရှိသည့် မိန်းမ

ပစ္စည်းယိုပေါက် ( ၆ ) ခု
••••••••••••••••••••••
၁။ ပျင်းရှိခြင်း
၂။ မေ့လျော့ပေါ့ဆခြင်း
၃။ အလုပ်မကျွမ်းကျင်မှု ခိုကပ်မှုရှိခြင်း
၎။ အိပ်ချိန် အလုပ်နားချိန်များလွန်ခြင်း
၅။ စည်းကမ်းမရှိခြင်း
၆။ အလုပ်ကို အချိန်မှီ မပြီးစီးခြင်း

စီးပွားယုတ်စေသော အကျင့် ( ၆ ) ပါး
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ နေမြင့်အောင် အိပ်ခြင်း
၂။ ပျင်းရိခြင်း
၃။ နုတ်လက်ကြမ်းတမ်းခြင်း
၎။ နိုး၍ ထပ်ခဲခြင်း
၅။ တစ်ယောက်တည်းခရီးသွားခြင်း
၆။ ပဒါနကံပြုခြင်း

credit : ဆရာတော်ဦးဇောတိက

မြတ်နီလာ ။ ( မိုမိုလေး )

ဟာသနဲ့ ဗဟုသုတတွေကိုမှန်မှန်ကြည့်ဖို့ Momolay Android app ကို နီးစပ်ရာ ဖုန်းဆိုင်တိုင်း (သို့) www.momolay.com မှာအခုပဲဒေါင်းလိုက်ပါ

Saturday, January 2, 2016

ဆင်းလို့ရပြီ မိန်းမက လင်ငယ်နဲ့

#ဆင်းလို့ရပြီ

မိန်းမက လင်ငယ်နဲ့ နောက်မီးလင်းနေတုန်း လင်ကြီးက တံခါးကို ဆောင့်ကန်ဝင်လာတော့ အိပ်ခန်းထဲမှာ လင်ငယ်နဲ့ ပက်ပင်းတိုးပါလေရော။ လင်ကြီးက သူ့မိန်းမကို

"နင်အပြင်ထွက်နေ သူနဲ့ငါနဲ့ ၂ ယောက်တည်းစာရင်းရှင်းမယ်"

ဆိုပြီး အိပ်ထဲက သေနတ် ၂ လက်ကိုထုတ်ပြီး ...

"ဒီသေနတ်တွေက ရုပ်ရှင်ထဲမှာသုံးတဲ့သေနတ်တွေ အသံသာမြည်ပြီး ကျည်ဆံမထွက်ဘူး။မင်းနဲ့ငါ တစ်ယောက်ကိုတစ်ယောက် ပစ်ပြီးသေချင်ယောင်ဆောင်မယ်။ မိန်းမက ဖက်ငို ခံရတဲ့သူက ဆက်ပေါင်းစေ၊ ကျေနပ်လား"

ဆိုတော့ လင်ငယ်က ``OK´´တဲ့။

ဒါနဲ့ ၂ ယောက်သား တိုင်မင်ခေါ်ပြီး

``ဒိုင်း ဒိုင်း´´ဆို မရှေးမနှောင်းပစ်ပြီး သေချင်ယောင်ဆောင်လိုက်ကြတယ်။ သေနတ်သံတွေလည်းကြားရော မိန်းမက အိပ်ခန်းထဲပြေးဝင်လာတဲ့အခါ လင်ကြီးရော လင်ငယ်ပါ ပက်လက်ကလေးတွေလန်လို့ပေါ့။

အဲဒါကိုလည်းတွေ့ရော မိန်းမက အခုလို အပေါ်ကိုမော့ကြည့်ရင်း အော်ပြောလိုက်ပါတယ်။

"ထပ်ခိုးပေါ်က တစ်ယောက် ဆင်းခဲ့တော့ ဒီမှာ ၂ ကောင်စလုံးသေပြီ"

Credit: Original Writer