Tuesday, February 9, 2016
"စစ်​သား​တွေ မလိုအပ်ရင်ပြောပါ "
" မလိုအပ်ရင်ပြောပါ "
***************
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
အစိမ်းရောင်ယူနီဖောင်းတွေကိုချွတ်လို့
သာမာန်လူသားအဖြစ်ရပ်တည်ပေးဖို့အစဉ်သင့်ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
အဆင်တန်ဆာတွေအားလုံးကိုစွန့်လို့
ဘဝလမ်းကိုဆက်လျှောက်လှမ်းဖို့အဆင်သင့်ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
ပိုင်ဆိုင်သမျှနေရာဌာနတွေကိုစွန့်လို့
ကောင်းရောင်းကောင်းဝယ်ရှာစားဖို့အဆင်သင့်ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
စားလက်စဓားလှီးထမင်းငှက်ပျောအူဟင်းကိုစွန့်လို့
မိသားစုထမင်းဝိုင်းလေးဆီပြေးသွားဖို့အဆင်သင့်ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
ထမ်းဆောင်လက်စတာဝန်တွေကိုစွန့်လို့
အမိအဖရင်ခွင်ဆီအပြေးလွှားတိုးဝှေ့ဖို့အဆင်သင့်ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
လက်နဲ့မခွဲကိုင်ထားရတဲ့သေနတ်ကိုစွန့်လို့
ဇနီးသားသမီးတွေဆီပြေးလို့ထွေးပွေ့ဖို့အဆင်သင့်ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
အတ္တသမားတွေကြောင့်ကျူးလွန်မိတဲ့ကံကိုစွန့်လို့
ငရဲမရောက်မယ့်လမ်းကိုလျှောက်လှမ်းသွားချင်လို့ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
တောထဲတောင်ထဲအခက်ခဲမျိုးစုံကြုံရတဲ့ဘဝကိုစွန့်လို့
လူ့ဘဝစည်းစိမ်လေးကိုအပြည့်အဝခံစားချင်လို့ပါ ...။
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
မရှုမလှသေဆုံးကြရတဲ့အဖြစ်အပျက်တွေကိုစွန့်လို့
ကောင်းမွန်စွာမြေမြုပ်သဂြိုလ်ခြင်းလေးကိုခံချင်လို့ပါ ...။
တပ်မတော်သားများကိုလေးစာစွာဖြင့်
A Lin Yaung
မိုးကုတ်ဆရာတော်ဘုရား၏ရုပ်ကလာပ်တော်မှ ထူးခြားချက်_၁၅ _ ချက
မိုးကုတ်ဆရာတော်ဘုရား၏ရုပ်ကလာပ်တော်မှ ထူးခြားချက်_၁၅ _ ချက်
၁။ရုပ်ကလာပ်တော် ဆေးသွင်းရာတွင်
သွေးစိမ်းများ အထက်သို့ လေးလက်မခန့်
ထောင်၍ ပန်းထွက်ခြင်း နေ့စဉ် (၇)ရက်တိုင်တိုင်
ဆေးထိုးတိုင်း သွေးစိမ်းများ ထွက်ခြင်း
၂။ဆေးသွင်းစ ညိုမည်းသွားသော်လည်း
အသားတော်မှာ တဖြည်းဖြည်းဖြင့်
သက်သော်ရှိစဉ် ကဲ့သို့ ဝင်းထိန်တောက်ပလာခြင်း
၃။အသားတော်များမှာ သက်တော်ရှိစဉ်
ကကဲ့သို့ ပျော့ပျောင်းနေခြင်း
၎။သက်တော်ရှိစဉ်က ရိတ်ခဲ့သော
ဆံတော်များမှာ ဓါတ်တော်ကဲ့သို့
လုံးသွားခြင်း
၅။ခြေသည်း လက်သည်းများ
ရှည်ထွက်လာခြင်း
၆။ဆံတော်များရှည်ထွက်ခြင်း
၇။ရုပ်ကလာပ်တော်ကို ဗဟိုစံကျောင်းမှ
ဦးကျော်သိန်း ဒေါ်တင်လှ မဏ္ဍပ်သို့
ပင့်ဆောင်လာစဉ် လူအုပ်အများကြီး
ပေါ်မှ ပျားကောင်ရေ များစွာသည်
ဆရာတော်ဘုရားကြီးကို ပူဇော်ဖူးမျှော်လျက်
ပင့်ဆောင်လာသော လမ်းစဉ်အတိုင်း ပျံသန်း
လိုက်ပါလာပြီး ရုပ်ကလာပ်ထားရှိသည့် မုခ်ဦး
ထိပ်တွင် ဝင်ရောက်စွဲအုံ့ကြခြင်း
၈။ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုလ်ရာတွင်
အချိန်ကြာမြင့်စွာ မီးမစွဲဘဲ ကျိန်းစက်နေဘိ
သကဲ့သို့ စင်းစင်းပင် တည်ရှိခြင်း
၉။မီးစွဲလောင်သော်လည်း ရုပ်ကလာပ်မှာ
ရုန်းခြင်း ကွေးခြင်း မရှိဘဲ ပကတိ ကျိန်းစက်
သကဲ့သို့ တည်ရှိခြင်း
၁၀။ရုပ်ကလာပ်တော်မှ မကောင်းသော
အနံ့များ မထွက်ခြင်း
၁၁။မီးသင်္ဂြိုလ်စဉ် ကောက်ယူထားသော
အရိုးတော်များမှာ တဖြည်းဖြည်း ဓါတ်တော်များ
ဖြစ်လာခြင်း
၁၂။မသင်္ဂြိုလ်ပြီးနောက် အုတ်ပလ္လင်မှ
အရိုးတော်တစ်ပိုင်း ဓါတ်တော်တစ်ပိုင်း
ရရှိခြင်း
၁၃။မီးသင်္ဂြိုလ်ပြီးနောက် အုတ်ပလ္လင်
ဖျက်ပြီးမှ အရောင်စုံ အသွယ်စုံ
ဓါတ်တော်များရရှိခြင်း
၁၄။ မီးသင်္ဂြိုလ်ပြီးနောက် သက်တော်ရှိစဉ်
သကဲ့သို့ အကြည်ဓါတ်မပျက် မီးမခဘဲ
မျက်လုံးတော်ကျန်ရှိခြင်း
၁၅။မီးသင်္ဂြိုလ်ပြီးနောက် ချိတ်ဆက်ဖြစ်သော
လက်သစ်ရိုးတော် ရရှိခြင်း
မိုးကုတ်ဆရာတော်ဘုရားကြီး
၏ ထေရုပ်ပ္ပတ္တိနှင့်ကျင့်စဉ်
စာအုပ်မှ
credit > min min
p.k.k
တောင်ကုန်းပေါ်မှာ အုပ်ဂူဖြူဖြူဖွေးဖွေးတွေ အဲ့ဒါ
သူငယ်ချင်းတို့ရေ....
✒✒✒✒✒✒✒
ဟိုမှာ....ကြည့်စမ်းပါဦး တောင်ကုန်းပေါ်မှာ အုပ်ဂူဖြူဖြူဖွေးဖွေးတွေ အဲ့ဒါ အညတရစစ်သည်ဗိမ္မာန် လို့ခေါ်တယ် ....
အဲ့မှာ တို့တိုင်းပြည်နဲ့ တို့တွေအတွက် နောက်ပြီး တို့ရဲ့တိုင်းပြည် အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်ပေါင်းများစွာ စတေးသွားတဲ့ တို့တွေရဲ့ နောင်တော် ညီတော်တို့ ထာဝရ အိပ်စက်နေတဲ့နေရာလေးပေါ့....
သူငယ်ချင်းတို့ရေ
✒✒✒✒✒✒✒
တွေ့လား ..သူတို့တွေ အံကိုတင်းတင်းကြိတ်ပြီး လက်သီးလက်မောင်းတန်းနေကြတယ် ...အဲ့ဒါ သူတို့ရဲ့ ခံပြင်းနာကျည်းနေတဲ့စိတ်ဓာတ် တွေက အတိုင်းအသားပေါ်လွင်နေတယ်..
သူငယ်ချင်းတို့ရေ
✒✒✒✒✒✒✒
သူတို့ရဲ့မိသားစုဝင်တွေ တချိန်က ဒီနေရာနေမှာ ရူးမတတ် ငိုကြွေးနေကြတဲ့အသံတွေကျန်နေသေးတယ် သူငယ်ချင်း တို့ကြားကြလား
တကယ်တော့  စစ်ခွေးဆိုတဲ့သူတို့ဘဝတွေက သူများနဲ့မတူတဲ့ ထူးခြားနေတဲ့ အခွင့်ထူးခံ အညတရတွေပါပဲ...
အောင်စစ်
စီးကရက်တစ်လိပ်မှာ ပါဝင်တာတွေ သင်သိပါသလား ?
စီးကရက်တစ်လိပ်မှာ ပါဝင်တာတွေ သင်သိပါသလား ?
ဓာတ်ခဲတွေထဲမှာထည့်တဲ့ Cadmium လို့ခေါ်တဲ့ ခဲသတ္တုအမှုန့် ပါဝင်ပါတယ်။
ဂက်စ်မီးဖို၊ ဂက်စ်မီးခြစ်အတွက်သုံးတဲ့ Butane လို့ခေါ်တဲ့ Hydro Carbon ပါဝင်ပါတယ်။
ရှာလကာရည်မှာ သုံးတဲ့ Acetic အက်ဆစ် ပါဝင်ပါတယ် မိလ္လာအနံ့ ရှိတဲ့ Methane ပါဝင်ပါတယ်။
Arsenic လို့ခေါ်တဲ့ အဆိပ်ဓာတ် တစ်မျိုးလည်း ပါဝင်ပါတယ်။
အရာဝတ္ထုတွေမီးလောင်ကျွမ်းတဲ့အခါ ထွက်လာတဲ့ Carbon Monoxide လည်း ပါဝင်ပါတယ်။
ဖယောင်းတိုင်မှာ ပါတဲ့ Stearic Acid လို့ခေါ်တဲ့ အဆီအက်ဆစ် တစ်မျိုးလည်းပါဝင်ပါတယ်။
အသားကင်တဲ့အခါ တူးရင် ထွက်လာတဲ့ Hexamine လို့ခေါ်တဲ့ ဓာတ်ပါဝင်ပါတယ်။
Toulene လို့ခေါ်တဲ့ စက်မှုလုပ်ငန်းသုံး ဂျီးချွတ်တဲ့ အရက်ပျံ ပါဝင်ပါတယ်။
Insecticide လို့ခေါ်တဲ့ ခြင်ဆေးဖျန်းဗူးထဲမှာ သုံးတဲ့ Nicotine ပါဝင်ပါတယ်။
အိမ်သာဆေးတဲ့အရည်မှာ ပါတဲ့ Ammonia လည်း ပါဝင်ပါတယ်။
Tar လို့ ခေါ်တဲ့ လမ်းခင်းတဲ့ ကတ္တရာစေးလည်း ပါဝင်ပါတယ်။
ကဲ ... ဆေးလိပ် ဆက်သောက်နေဦးမှာလားဗျာ။
ဗျည်း (၃၃) လုံး ဘုရားရှိခိုး။
ဗျည်း (၃၃) လုံး ဘုရားရှိခိုး။
******************
က = ကိလေသမာရ်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။
ခ = ခန္ဓမာရ်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။
ဂ = ဂန္ဓကုဋိရွှေတိုက်မှကျွတ်ထိုက်သောသတ္တ၀ါတို့အားရွှေဉာဏ်တော်ကွန်ယက်ဖြင့် ဖြန့်ကြက်ကြည့်ရှု့တော်မူသောမြတ်စွာဘုရား။
ဃ = ဃဋိကာယ ဗြဟ္မာမင်းကြီးဆက်ကပ်သော ရွှေသင်္ကန်းကို ဆင်းမြန်းတော်မူသော မြတ်စွာဘုရား။
င = ငါးပါးမာရ်ကိုအောင်မြင်တော်မူသောမြတ်စွာဘုရား။
စ = စကြ၀ဠာတ၀ိုက် တုဘက်ပြိုင်ဘက်ကင်းတော်မူသောမြတ်စွာဘုရား။
ဆ = ဆယ်ပါးသောဒုစရိုက်ကို ပယ်ဖျက်ခုတ်ထွင်အောင်မြင်တော်မူသောမြတ်စွာဘုရား။
ဇ = ဇာတိဿရဉာဏ်ကိုရတော်မူသောမြတ်စွာဘုရား။
ဈ = ဈာန် သမာပတ်အပေါင်းနှင့်ပြည့်စုံ တော်မူသောမြတ်စွာဘုရား။
ည = ဉေ ယျဓံတရား ၅ ပါးနှင့်ပြည့်စုံ တော်မူသောမြတ်စွာဘုရား။
ဋ = ဋီကာ လက်သန်းကျမ်းအသွယ်သွယ်တို့ကိုဆရာမရှိကိုယ်တော်တိုင်သိတော်မူ သောမြတ်စွာဘုရား။
ဌ = ပဋ္ဌာန်းကျမ်းကိုဟောတော်မူသောမြတ်စွာဘုရား။
ဍ = ကောာဏ္ဍညပုဏ္ဏားသည် လက်ညှိုးတစ်ချောင်းထောင်ပြ၍ဘုရားဧကန်ဖြစ်ပါလိမ့်မည်ဟုအပြောခံရသော မြတ်စွာဘုရား။
ဎ = ဒီပင်္ကရာဘုရားရှေ့တော်၌ နိယတဗျာဒိတ်ပန်းကိုဆင်မြန်းတော်မူသောမြတ်စွာဘုရား။
ဏ = တဏှာတည်းဟူသောအမိုက်မှောင်ကိုပယ်ဖျက်ခုတ်ထွင်အောင်မြင်တော်မူသော မြတ်စွာဘုရား။
တ = တစ်ထောင်မကသောတိတ္ထိတို့ကိုဆုံးမတော်မူသောမြတ်စွာဘုရား။
ထ = ထူးမြတ်သောဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
ဒ = ဒိဗ္ဗစက္ခုဉာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရား။
ဓ = ဓမ္မစကြာတရားတော်ကိုဟောတော်မူသောမြတ်စွာဘုရား။
န = နိဗ္ဗာန် အောင်ချာရွှေပြည်သာသို့ပို့ဆောင်တော်မူသောမြတ်စွာဘုရား။
ပ = ပုဗ္ဗေနိဝါသဉာဏ်တော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
ဖ = ဖိုလ် မဂ်ချမ်းသာကိုအောင်တော်မူသောမြတ်စွာဘုရား။
ဗ = ဗောဓိပင် ကိုအောင်တော်မူသောမြတ်စွာဘုရား။
ဘ = ဘုန်းတော် ၆ ပါးနှင့်ပြည့် စုံတော်မူသောမြတ်စွာဘုရား။
မ = မစ္စုမာရ်ကို အောင်မြင်တော်မူသောမြတ်စွာဘုရား။
ယ = သရက်ဖြူပင်ရင်းတွင်တိတ္ထိတို့ကို ရေမီးအစုံ ယမိုက်ပြာဋိဟာကိုပြတော်မူသော မြတ်စွာဘုရား။
ရ = ရောင်ခြည်တော် ၆ သွယ် နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
လ = လူသုံးပါးတို့တွင်တုဘက်ပြိုင်ဘက်ကင်းတော်မူသောမြတ်စွာဘုရား။
ဝ = ၀သုနြေ္ဒမြေနတ်သားသည်သက်သေခံပြု၍မာရ်နတ်မင်းခုခံသည်ကိုအောင်မြင်တော် မူသောမြတ်စွာဘုရား။
သ = သစ္စာလေးပါး တရားအပေါင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
ဟ = "ဟန္ဒဒါနိဘိက္ခဝေ"ပါဠိတော်လာသည်နှင့်အညီရဟန်းတော်တို့ကိုဆုံးမတော်မူသော မြတ်စွာဘုရား။
ဠ = လပြည့်ဝန်းကဲ့သို့ပြည့်ထွန်းသောမျက်နှာတော်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။
အ = နေအရုဏ်မတက်မှီအာသဝေါကင်းကွား၍အာသ၀က္ခယဉာဏ်တော်ကိုရတော်မူသောမြတ်စွာဘုရား။
ကျမ်းကိုး။
ကျိုက္ကဆံဦးပဏ္ဍိဓမ္မ၊ဆရာကြီးဦးမြတ်ကျော်၏ ဘုရားရှစ်ခိုးအမျိုးမျိုး မူဟောင်း နှင့်ဝတ်ရွတ်စဉ်။တတိယအကြိမ်။ ၁၉၉၂။
Saturday, February 6, 2016
ဆေးလိပ်သောက်ခြင်းရဲ့ကောင်းကျိုးများ
ဆေးလိပ်သောက်ခြင်းရဲ့ကောင်းကျိုးများ����
........._________________.............
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်’ ဆိုတာပဲလူပြောများကြတာပါ။ အခုတော့ ဆေးလိပ်သောက်လို့ရလာတဲ့ နီကိုတင်းရဲ့ကောင်းကျိုးတွေပါတဲ့။၁။ အစာစားချင်စိတ်ကို ချုပ်ထိန်းပေးတဲ့အတွက် ကိုယ်အလေးချိန်လျော့ကျလာပါလိမ့်မယ်။၂။ စိတ်ဖိစီးမှုတွေ များနေတဲ့အခါမှာအာရုံကြောတွေကို ပြေလျော့စေပြီး အာရုံစိုက်မှုအားကောင်းလာ စေပါတယ်။ စိတ်ဝေဒနာခံစားရမှုနဲ့ပတ်သက်ပြီး နီကိုတင်းရဲ့ ကောင်းကျိုး ပေးမှုတွေအပေါ် စိတ်ပညာရှင်တွေက လေ့လာမှုတွေပြုလုပ်ပြီးဖြစ်ပါတယ်။ စိတ်ဝေဒနာခံစားရသူတွေဟာ သာမန်လူတွေထက် ဆေးလိပ်သောက်နှုန်းမြင့် ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ ဝေဒနာရှင် ၉၀ရာခိုင်နှုန်း၊ နှစ်ဖက်မြင်စိတ်ရောဂါ (အငိုအရယ်) ဝေဒနာရှင် ၇၀ရာခိုင်နှုန်းနဲ့ စိတ်ကျသူ ၅၀ရာခိုင်နှုန်းအထက် လူတော်တော်များများဟာ ဆေးလိပ်သောက်ကြပါတယ်။ ဒေါက်တာ ဒီ.စီ.ဂျားဗစ်စ် ရေးသားခဲ့တဲ့ ဆောင်းပါးမှာတော့ အခုလိုရှင်းပြခဲ့ပါတယ်။ အဲ့ဒီလိုဆေးလိပ်သောက်ကြခြင်းဟာ နီကိုတင်းက စိတ်ရောဂါကြောင့်အတွင်းစိတ်ကပြောတာတွေကို လျော့ကျသက်သာစေလို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။ အတွင်းစိတ်မှာထင်ယောင်ထင်မှား ဖြစ်နေရမယ့်အစား အပြင်လောက ကို အာရုံရစေဖို့ နီကိုတင်းကကူညီပေးပါတယ်။  နီကိုတင်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေအပေါ် အကျိုးရှိစေပုံ တွေကို ညွှန်းဆိုတဲ့ အခြားအချက်အလက်တွေလည်းရှိပါသေးတယ်။ သို့သော်ငြားလည်း သက်သေပြမှုတွေမရှိသေးတဲ့အတွက် ထည့်စဉ်းစားဖို့တော့မသင့်တော်ပါဘူး။၃။ ဆေးလိပ်ဟာ အတွေးအမြင်တွေကို ရှင်းရှင်းလင်းလင်းဖြစ်စေပါတယ်။၎။ ပါးစပ်ထဲကို တစ်ခုမဟုတ်တစ်ခု ကောက်ကောက်ထည့်နေတတ်တဲ့ အကျင့်ရှိရင်လည်း ပျောက်ကင်းစေပါတယ်။၅။ ဆေးလိပ်သောက်ခြင်းဟာ လူမှုဆက်ဆံရေး ကိစ္စတစ်ခုလည်းဖြစ်နိုင်ပါတယ်။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတဲ့ နည်းလမ်းတစ်ခုပါပဲ။၆။ ဆေးလိပ်သောက်တဲ့သူတွေဟာ သာမန်အလုပ်သမားတွေထက် အညောင်းဆန့်ချိန်ပိုယူတတ်ပါတယ်။၇။ နီကိုတင်းဟာ လှုံ့ဆော်မှုအားကောင်းတဲ့ စက်ယန္တာရားတစ်ခုပါပဲ။ အလုပ်တာဝန်တွေအပေါ်မှာ စဉ်ဆက်မပြတ် အာရုံစိုက်မှုကိုဖြစ် ပေါ်စေပါတယ်။၈။ ရော့ခ်အဆိုတော်တစ်ယောက်ဖြစ်လို့ဂျိုအန်ဂျက်လို အသံအက်အက်ရချင်လို့ကြိုးစားနေတယ်ဆိုရင်တောင် ဆေးလိပ်သောက်ခြင်းက ကောင်းကောင်းကြီးကူညီပါလိမ့်မယ်။( Jack )#သစ်ထူးလွင်(ကျန်းမာရေး)
Wednesday, February 3, 2016
မေ​မေ သားစစ်ခွေးဘဝမှာနေသားကျနေပါပြီ .... စစ်ခွေးလိ
မေမေ
✒✒✒
သားစစ်ခွေးဘဝမှာနေသားကျနေပါပြီ .... စစ်ခွေးလို့ ပြောနေကြတဲ့စကားသံတွေကလဲသားတို့အတွက်သာယာတဲ့အသံလေးတွေဖြစ်နေပါပြီ.....
အရင်ကစစ်ခွေးလို့ခေါ်ရင် အသည်းခိုက်အောင်နာတတ်တယ် နာကျည်းမိအောင်မုန်းတီးမိတယ်
ပြန်စဉ်းစားကြည့်တော့ ခွေးဆိုတဲ့အမျိုးက ကိုယ်ခြံ ကိုယ့်အိမ်ကို လုံအောင်စောင့်ထိမ်းပေးရတာလေ သား တို့လဲ ဒီလိုပါပဲ ကိုယ့်တိုင်းပြည်စီးရိုး ကိုလုံခြုံအောင်စောင့်ရမယ့်တာဝန်က သားတို့တာဝန်ပါ....
သားတို့ကိုစစ်ခွေးလို့ခေါ်ကြတဲ့အတွက် သားကိုမွေးပေးတဲ့မေ့မေ့ကိုထိခိုက်မှာ သားကြောက်တယ် သားတို့ရဲ့ခံယူချက်က...
စစ်သား=စစ်::: စစ်မှန်သော
          သားးးးး သားကောင်းမိခင်မှ  မွေးဖွားလာတဲ့သားကို စစ်သား လို့ ခေါ်တယ်မေမေ  ဒါကြောင့်မေမေက သားတို့ ရဲ့ သားကောင်းမိခင်ပါးးးး
အောင်စစ်