Friday, January 29, 2016

လူတိုင်းလူတိုင်းက ဇာတ်လမ်းတစ်ပုဒ်ရဲ့

လူတိုင်းလူတိုင်းက ဇာတ်လမ်းတစ်ပုဒ်ရဲ့ဇာတ်ဆောင်တွေပါ

ပထမလူ ...သိန်းငါးရာ တန် BMW ကား ကြီးမောင်းတယ်
သူမှာ အကြွေးတွေ သိန်း ထောင့်ငါးရာကျော် ရှိနေတယ်
သူ့ဘဝက သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ရှိနေတယ်

...................

ဒုတိယလူ....သိန်း တစ်ရာ့ငါးဆယ် တန်Toyota ကားမောင်းတယ်
သူအိမ်ဆောက်ထားတာ သိန်း နှစ်ရာကျော်လောက် အကြွေးတင်နေတယ်
သူ့ ဘဝမှာအမြဲ သောက ဖြစ်နေရတယ်

....................

တတိယလူ ..သိန်း နှစ်ဆယ် တန် ဆိုင်ကယ်မောင်းတယ်
သူ ဘဏ်မှာ ပိုက်ဆံ သိန်း သုံးရာကျော် စုထား တယ်
သူ့ဘဝ ကချောမွေ့ ပြေပြစ်နေပေမဲ့ ... နေထိုင်ရတာ အဓိပ္ပယ် မဲ့နေတယ် လို့ ခံစားရတယ်

.....................

သူတို့ သုံးယောက် ဆုံတွေ့ ကြတော့ ..
ဆိုင်ကယ်မောင်းနေတဲ့ လူက တိုရိုတာ ကားမောင်းတဲ့လူကိုအားကျတယ်
တိုရိုတာ ကားမောင်းတဲ့လူ က ဘီအမ်ဒဗလျူ ကားမောင်းနေရတဲ့ သူကိုအားကျ နေတယ်
ဘီအမ်ဒဗလျူ ကားမောင်းတဲ့ လူက လည်းဆိုင်ကယ်မောင်းနေတဲ့ လူရဲ့ ဘဝကိုပြန်အားကျနေတယ်

......................

ဒါဟာ “လောကမှာ လက်တွေ့ ဖြစ်ပျက်နေတဲ့ အရာတွေပါ ”
လူတိုင်း တစ်ယောက်ချင်းစီတိုင်း ..ဟာ
ရွေငွေ ဥစ္စာပစ္စည်းနဲ့ ကံကြမ္မာရဲ့ အစေခံ တွေ ဖြစ်နေကြရတယ်

........................

ကြောင်က ငါးကိုကြိုက်တယ်
ဒါပေမဲ့ရေကျတော့မကူးတတ်ပြန်ဘူး

ငါးက တီကောင်ကိုကြိုက်တယ်
ဒါပေမဲ့ ကုန်းပေါ်တက်ပြီး ကိုယ်တိုင်ကျတော့ တီမတူးစားနိုင်ပါဘူး

.........................

လောကကြီး က စွဲလမ်း တပ်မက်စရာတွေ အမြောက်အများနဲ့
ကျွန်တော်တို့ ကို မြူ ဆွယ် ထားတယ်
ဒါပေမဲ့ လွယ်လွယ်နဲ့ လဲ မရနိုင်ပြန်ဘူး

.........................

ဒီကနေ့ ဘယ်လောက်ပဲ ကြီးတဲ့ ကိစ္စ ကြီးဖြစ်နေပါစေ
မနက်ဖြန်ကျတော့ သေးသေးမွားမွားလေး ပြန်ဖြစ်သွားရော

ဒီနှစ် ဘယ်လောက်ကြီးတဲ့ အကြောင်းအရာပဲဖြစ်ဖြစ်
နောက်နှစ်ကျတော့ ပုံပြင် ပြန်ဖြစ်သွားရော

အလွန်ဆုံးတော့ ..ကျွန်တော်တို့လည်း
တစ်ပါးသူနားထောင် ဖို့ “ပုံပြင် ” ကိုယ်စီ ရှိနေယုံလေးပါပဲ

တကယ်တမ်းတော့
ဘဝ ကဒီလောက်မျှသာပါပဲ

++++++++++++++++++

လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

#သင်သိရင်ချမ်းသာလိမ့်မယ်

Wednesday, January 27, 2016

အမေ ညာတယ်

အမေ ညာတယ်
ထမင်းအိုးထဲ ထမင်းမလောက်မှန်း သိတော့ `အမေ မဆာဘူး
သားတို့ စားပါ´တဲ့။

အမေ ညာတယ်
တစ်ခါတစ်ရံ အသားဟင်း ချက်တော့ `အမေ သွားမကောင်းလို့ ချဉ်ပေါင်ရွက်ချက်နဲ့ အမေ စားမယ်၊ အသားဟင်း သားတို့ စားပါ´တဲ့။

အမေ ညာတယ်
အ၀တ်အစားသစ် မရှိ၊ ခါဝတ် အင်္ကျီ လုံချည် ဟောင်းနွမ်းနေပါလျက် `အမေ့အင်္ကျီ လုံချည် အသစ်ပဲ ရှိသေးလို့ အမေ့အတွက် မလိုဘူး၊ အ၀တ်အစားသစ် သားတို့ ၀တ်ပါ´တဲ့။

အမေ ညာတယ်
ဖနောင့် နေရာမှာ ပါးပြီး ပေါက်နေပါလျက် `အမေ့ဖိနပ် အကောင်းပဲ ရှိသေးလို့ ဖိနပ်အသစ် သားတို့ စီးပါ´တဲ့။

အမေ ညာတယ်
လောကဓံကို အံတု၊ မာန်တင်းကာ ရင်ဆိုင်ပေမယ့် သားတို့ နောင်ရေးတွေး စိတ်မအေးလို့ ၀မ်းနည်း မျက်ရည် ကျနေပါလျက် `အမေ ဘာလို့ ငိုတာလဲ´မေးတော့ `အမေ မငိုပါဘူး၊ မိုးရွာတာပါ´တဲ့။

အမေ ညာခဲ့တယ်၊ မေတ္တာဖုံးတဲ့ မုသားနဲ့ အမေ အမြဲ ညာခဲ့တယ်၊

အမေ မညာပါနဲ့တော့ အမေရယ်၊ အမေ ညာခဲ့တာ မသိ၊ သားကိုယ်တိုင် ကြုံတွေ့ရတော့မှ အမေ့မေတ္တာကို သိ သားရင်ထဲ တဆစ်ဆစ် နာကြင်နေရပြီ အမေ။

ဒီတစ်ခါ သားကို တစ်လှည့် ညာခွင့်ပေးပါ။

`သားရဲ့ လုပ်အားခ လစာလေး ပိုလျှံနေလို့ လတိုင်း အမေ့ထံ ကန်တော့ပါရစေ။´

မာတာပိတုဂုဏံ အနန္တံ အဟံ ၀န္ဒာမိပါ အမေ...။

အမေဆိုတာ သား၊ သမီးတို့အတွက် ရတက်မအေး သောကမျက်ရည် ကျမိတဲ့အခါ သား၊ သမီးတို့အပေါ် မစိုစေ၊ မမြင်စေဘဲ မိုးရေအဖြစ် အသွင်ပြောင်းကာ မြင်စေသူပါ။

ပြာသိုလပြည့် အမေများနေ့ အမှတ်တရ { 24-1-2016 }

တပွင်သားလေး
22-1-2016

credit...

"#ရိုးသားခြင်း၏တန်ဖိုး"

"#ရိုးသားခြင်း၏တန်ဖိုး"
~~~~~~~~~~~~~
တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်။ သူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့ သားသ္မီးမထွန်းကားခဲ့ဘူး။ အသက်ကြီးလာတော့ ထီးနန်းအရိုက်အရာဆက်ခံဖို့ သူကိုယ်တိုင်ရွေးချက်မယ်ဆို ပြီးကြေငြာတယ်။ တိုင်းပြည်မှာရှိတဲ့ လူငယ်တွေကို နန်းရင်ပြင်မှာစုရုံးစေပြီးအမိန့်ရှိတယ်။ မောင်မင်းတို့အထဲက တိုင်းပြည်ကိုအုပ်ချုပ်မဲ့သူကိုရွေးချယ်မယ်။ လိုအပ်တဲ့အရည်အချင်းကတော့ အမှန်တရားကို မြတ်နိုးသူ၊သတ္တိရှိသူ ၊စွန့်လွှတ်အနစ်နာခံသူဖြစ်ဘို့ဘဲ။ အဲဒီ အရည်အချင်းကိုစမ်းသပ်ဖို့ သစ်စေ့တစ်စေ့နဲ့ ပန်းအိုးတစ်လုံးပေးလိုက်မယ်။ အိမ်ရောက်ရင် အပင်ပေါက်အောင်လုပ်ကြ။ နောက်တစ်နှစ်ကြာရင် ပြန်လာခဲ့။ အပင်ကိုကြည့်ပြီး ဘယ်သူဟာ ဒီအရည်အချင်းရှိလဲ ဆုံးဖြတ်မယ်။ လူငယ်တွေလဲ ဘုရင်ကြီးပေးတဲ့ သစ်စေ့နဲ့ ပန်းအိုးကိုယူပြီး အိမ်ပြန်ခဲ့ကြတယ်။ အဲဒီအထဲမှာ အမေကိုလုပ်ကျွေးနေတဲ့ မောင်ရစ်ဆိုတဲ့ လူငယ်လဲပါဝင်တယ်။ မောင်ရစ်လဲ သစ်စေ့ကိုပန်းအိုးထဲထည့်စိုက်ပြီး အချိန်မှန်မှန်ရေလောင်းပေးတယ်။ ပန်းအိုးကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး ဂရုစိုက်နေပေမဲ့ တစ်ပါတ်လဲ အပင်ကမပေါက်၊ နှစ်ပါတ်လဲ အပင်ကမပေါက်၊ တစ်လလဲ အပင်ကမပေါက်ဖြစ်နေတယ်။ သူငယ်ချင်းတွေကတော့ သူတို့အပင်တွေဘယ်လောက်ကြီးကြောင်း၊ အရွက်တွေဘယ်လောက်ထွက်နေကြောင်း ပြောသံကြားနေပေမဲ့ သူ့ရဲ့အပင်ကတော့ ထွက်မလာသေးပါဘူး။ စိတ်ဓာတ်မကျဘဲ ဆက်ပြီးရေလောင်းနေပေမဲ့ အပင်ကခြောက်နေမြဲပါဘဲ။ အပင်ကထွက်မလာပါဘူး။ ဒီလိုနဲ့ တစ်နှစ်ပြည့်လို့ ဘုရင်ကြီးချိန်းထားတဲ့ရက်ကို သာရောက်လာတယ်။ မောင်ရစ်ရဲ့အပင်ကပေါက်မလာပါဘူး။ မောင်ရစ်က ဘုရင်ကြီးဆီကို ပြန်မသွားချင်တော့ဘူး။ မောင်ရစ်ရဲ့အမေကတော့ ပြန်သွားဘို့တိုက်တွန်းတယ်။ ပြိုင်ပွဲမှာ ရှုံးနိမ့်လဲအရှုံးကို လက်ခံနိုင်ရဲတဲ့ သတ္တိရှိသူဟာ ယောင်္ကျားကောင်းတစ်ယောက်ဘဲလို့ အားပေးစကားပြောလိုက်တယ်။ မောင်ရစ်လဲ အပင်မပေါက်တဲ့ပန်းအိုးကို ယူဆောင်ပြီး နန်းရင်ပြင်ကိုပြန်သွားတယ်။ မောင်ရစ်ရဲ့ပန်းအိုးကလွဲလို့ ကျန်တဲ့လူငယ်တွေရဲ့ပန်းအိုးထဲမှာ အပင်တွေနဲ့ဝေဆာနေတာကိုတွေ့ရတယ်။ လူငယ်တွေလဲ သတ်မှတ်ထားတဲ့နေရာမှာ ပန်းအိုးကိုထားပြီး ဘုရင်ကြီးရဲ့အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်။ ဘုရင်ကြီးက ပန်းအိုးတွေကို ခေါင်းတစ်ညိတ်ညိတ်နဲ့ လိုက်ပြီးကြည့်နေတယ်။ တစ်တန်းပြီးတစ်တန်း ကျော်သွားတယ်။ ဘုရင်ကြီးစိတ်တိုင်းကျမတွေ့ဘူး ဖြစ်နေတယ်။ နောက်ဆုံးတန်းကိုရောက်တဲ့အခါ အပင်မပေါက်တဲ့မောင်ရစ်ရဲ့ ပန်းအိုးကိုတွေ့သွားပြီး ဘုရင်ကြီးမျက်နှာ ၀င်းလက်သွားတယ်။ မောင်ရစ်ကို လူကြားထဲကဆွဲထုတ်ပြီး မောင်ရစ်ရဲ့လက်ကိုဆွဲမြှောက်ပြီး မင်းလောင်းအဖြစ်ရွေးချယ်လိုက်ကြောင်း ကြေညာလိုက်တယ်။ ပရိတ်သတ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်ပြီး နားမလယ်စွာနဲ့ ဘုရင်ကြီးကိုဝိုင်းကြည့်နေကြတဲ့အခါမှာ ဘုရင်ကြီးက အကြောင်းစုံကိုရှင်းပြတယ်။ မောင်မင်းတို့ကို ပေးလိုက်တဲ့မျိုးစေ့တွေအားလုံးကို ရေနွေးထဲမှာထည့်ပြုတ်ပြီးမှပေးလိုက်တာ၊ ဘယ်လိုမှ အပင်ပေါက်စရာအကြောင်းမရှိဘူး။ မောင်ရစ်တစ်ယောက်သာ ရိုးရိုးသားသားနဲ့အပင်မပေါက်တဲ့ပန်းအိုးကို ပြန်ပြီးယူလာခဲ့တယ်။ ကျန်တဲ့သူတွေက မျိုးစေ့ကိုအစားထိုးပြီးစိုက်ခဲ့လို့သာ အပင်ပေါက်ခဲ့ခြင်းဖြစ်တယ်။ ကိုယ်တိုင်မှ မရိုးသားသူတစ်ယောက်ဟာ တိုင်းရေးပြည်ရေးကို ဘယ်လိုလုပ်ဖြောင့်ဖြောင့်မှန်မှန် ဆောင်ရွက်နိုင်မှာလဲ။ ရိုးသားသူတစ်ယောက်ဖြစ်ဘို့ဆိုတာ မလွယ်လှဘူး။ အမှန်တရားကို မြတ်နိုးရုံသာမက ဒီအမှန်တရားကို လက်ခံနိုင်ရဲတဲ့သတ္တိနဲ့ အနစ်နာခံနိုင်တဲ့စိတ်ဓာတ်လဲ ရှိဘို့လိုတယ်။ အကြောင်းစုံကိုသိသွားတော့ ဘုရင်ကြီးရဲ့ အဆုံးအဖြတ်ကို အားလုံးကလက်ခံ သဘောတူလိုက်ကြတယ်။ ရိုးသားပါ။ အမှန်ကိုလက်ခံပါ။ စွန့်လွှတ်အနစ်နာခံပါ။ ကိုယ်ပြုသည့်ဒါဏ်ကိုယ်၏ကံကိုယ့်ထံပြန်လာမည်။ ရိုးသားခြင်းသည်အကောင်းဆုံးသောဝါဒပါ။ ~~~~~~~~~~~~~~
မောင်သုတ  ဗဟုသုတ မှတ်စု

သားငယ်စဉ်းက အမေပြောခဲ့တဲ့ စကားလုံးလေး

မငိုပါနဲ့ အမေ ရယ် .....................

သားငယ်စဉ်းက အမေပြောခဲ့တဲ့ စကားလုံးလေး

ရဲ့ အဓိပ္ပါယ် ကို သားနားမလည်ခဲ့မိဘူး အမေ

လိုချင်တာ လိုအပ်တာ မရရင် အမေ့ကို

စိတ်ဆိုးနေခဲ့မိတယ် အမေ ငွေမရှိတဲ့ သားတို့

မိသားစု ရဲ့ အခက်အခဲ အကြပ်အတည်း တွေ

သားနားမလည်ခဲ့မိဘူး အမေ သားတို့ မိသားစု

အချေအနေ ကို သားပြန်မစဉ်းစားခဲ့မိခဲ့တာ အမှန်

ပါ အမေ သားလိုအပ်တာ သမီး လိုအပ်တာ

မှန်သမျှ ကို အဖေနဲ့ အမေ အမြဲတမ်း

ဖြည့်ဆည်းပေးခဲ့တယ် နော် သားနားလည်ပါပြီ

ထမင်း လက်ဆုံစားခဲ့ရတဲ့ နေလေးရဲ့ အဖေနဲ့

အမေ ပြုံးပြလို့ ကြည့်နေတဲ့ အကြည့်လေး

တွေကို သား နားမလည်ခဲ့တာ အမှန်ပါ

မိသားစု အတူတူ စားခဲ့ရတဲ့နေလးတွေက

သိပ့်ရှားပါးလွန်းလှတယ် နော် အဖေနဲ့အမေ

ပြောတယ် သားတို့ သမီး တို့ စားကြ

မင်း အဖေနဲ့အမေ ဗိုက်မဆာသေးလို့ နောက်မှ

စားတော့မယ် တဲ့ အမေ ရယ် .........

ဒီစကားဟာ ဘယ်လောက်ထိ သက်ရောက်မူ့

အဓိပ္ပါယ် မေတ္တာ တရေား ပြည့်နစ်နေမယ် လို့

သား မသိ နားမည်ခဲ့ဘူး အမေ အခု သား

နားလည်ပါပြီ ဖေဖေ ရယ်............

တနေ့ ဝမ်းသာ အဖေ ရှာလို့ သားသမီး

ရှေ့ရေး တွေကာ ပူပန်နေတဲ့ အဖေနဲ့အမေ့ ကို

သား နားလည်ပါပြီ အမေ

သား ရယ် အမေနဲ မင်းအဖေ ညက အိပ့်လို့

မပျော်ပါဘူးတဲ့ အဲ့ဒီ အချိန်က ဘာကို

ပြောမှန်းမသိခဲ့ဘူး မေမေ အခုမှ သားသိရတယ်

မေမေ ရယ် ........  စကားလုံးလေးရဲ့ အနက်

အဓိပ္ပါယ် တွေကို သား နည်းနည်းပါးပါး မှ

နားမလည်ခဲ့တာ အမှန်ပါ.... အမေ

အမေ သား သိပါပြီး ဖေဖေ နဲ့ မေမေ ရယ်

တနေ့ အမေ ဝယ်လာပေးတဲ့ အင်္ကျီလေး ကို

သား ဝတ်လိုက်တော့ ဖေဖေက ပြောတယ် တဲ့

စကားလေးကို ပြန်လည် ကြားယောင်နေမိတယ်

ငါသားက မင်း အမေ ပေးတဲ့ အင်္ကျီလေး နဲ့

အရမ်းလိုက်တာပဲ ငါ့သားက လူချောပဲလို့

အဖေ ရွှင်လန်းစွာ ချီးကျူးနေတဲ့  အဖေ့ ရဲ့

ရင်ထဲက မေတ္တာ တရားတွေ သား နားလည်ပါပြီ

အဖေ ရယ် အဖေကတော့ အင်္ကျီလေး

ဂုတ်ပြဲ ပုဆိုး ကွဲ နဲ့ ဖြစ်နေပေမဲ့ သား သမီး

တွေကို အလှဆင်နေရရင် ကျေနပ်နေတဲ့

အဖေ ရယ် အမေ ရဲ့ မေတ္တာ တရားတွေ

သား နားလည်ပါပြီ ဖေဖေ ရယ် .......

ခိုင်တာ လုပ် ကျွေးတာ စား တစ်ပါး ကျွန်

ဖြစ်နေတဲ့ အဖေ့ရဲ့ ဘဝလေးကို နားလည်မပေး

ခဲ့ဘူး  အိမ်အပြန် မုန့် မှာနေတဲ့ သားကိုသား

တွေးမိတိုင်း ရှက်မိတယ် အဖေ ရယ်

အဖေ ရဲ့ ဘဝလေး သား နည်းနည်းလေးမှ

မစာနာ ခဲ့မိတာလည်း အမှန်ပါပဲ ဖေဖေ ရယ်

အခု သား အမေနဲ့အဖေ့ ကို အရမ်းသတိရ

နေမိတယ် ငွေ တစ်ကျပ် ရဲ့ တန်းဖိုး သား

သိပါပြီ  ဖေနဲ့အမေ ရယ်....

  ဒီစာလေးကို ဖြေးဖြေး ဖက်ပေးပါ နော်

အဓိပ္ပါယ် လေးတွေ နားလည်ကြပါစေ ....

��������������������������

Telenor ကိုသုံးမယ်ဆိုရင်

Telenor ကိုသုံးမယ်ဆိုရင်
ဒါလေးတွေတော့ သိထားသင့်တယ်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အထွေထွေဝန်ဆောင်မှုကိုလိုချင်ရင်
*979#

ဖုန်းငွေလက်ကျန် ကိုသိချင်ရင်
*124#

Bonus လက်ကျန် ကိုသိချင်ရင်
*124*1#

InternetPackage ရဲ့လက်ကျန် ပမာဏကိုသိချင်ရင်
*979*1*1#  (or)  *124*1#

ငွေဖြည့်ချင်ရင်
*123*pin#

Telenor ကတ်အချင်းချင်း ငွေဖြည့်ပေးချင်ရင်
*979*1*3*2* ph.no: * pin#

Telenor ကတ်အချင်းချင်း ငွေလွှဲချင်ရင်
*979*2*4* ph.no: * amount #

ဖုန်းဘေကုန်နေလို့ Call Me Back သုံးချင်ရင်
*979*3*2*ph.no#

အရေးပေါ်ဖုန်းနံပါတ်ခေါ်ချင်ရင်
*979*3*3*1#  (ရဲစခန်း)
*979*3*3*2#  (ဆေးရုံကား)
*979*3*3*3#  (မီးသတ်)

ဖုန်းအတွက် Internet Setting လိုချင်ရင်
*979*3*1#

Internet Package ဝယ်ချင်ရင်
*979*2*2#  (or)  *400#

My Internet weekly (110Mb)
(500kyats) သုံးချင်ရင်
*979*2*2*4#  (or) *400*4#

My Internet monthly (500Mb)
(1900kyats) သုံးချင်ရင်
*979*2*2*5#  (or) *400*5#

Smart Internet monthly (500Mb) (2700kyats) သုံးချင်ရင်
*979*2*2*1#  (or)  *400*1#

Smart Internet monthly (1.25Gb) (6600kyats) သုံးချင်ရင်
*979*2*2*2#  (or)  *400*2#

Smart Internet monthly (2.4Gb) (11900kyats) သုံးချင်ရင်
*979*2*2*3#  (or)  *400*3#

နောက်ဆုံးခေါ်ထားတဲ့ ဖုန်းနံပါတ် 5 ခု ကို သိချင်ရင်
*979*1*4*1# 

နောက်ဆုံးဖြည့်ထားတဲ့ Top Up 5 ကြိမ်ကိုသိချင်ရင်
*979*1*4*2#

နောက်ဆုံးပို့ထားတဲ့ SMS 5 ခုကို သိချင်ရင်
*979*1*4*3#

Miss Called Alert (Free)လိုချင်ရင်
*979*2*3*1*2#

Miss Called Alert (Free)ဖြုတ်ချင်ရင်
*979*2*3*2*2#

Phone Ring Tunes လိုချင်ရင် (300Kyats)
*979*2*3*1*1#

Phone Ring Tunes ဖြုတ်ချင်ရင်
*979*2*3*2*1#

စူပါပွားကိုသုံးချင်ရင်
*365*1#

စူပါပွားကိုပြန်ဖြုတ်ချင်ရင်
*365*2#

စူပါဇီးကွက် Night Monthly Pack
(2500Kyats)
*802#  (or)  *979*2*1*3#

စူပါဇီးကွက် Night Weekly Pack
(800Kyats)
*803#  (or)  *979*2*1*4#

Telenor 100 Minutes Pack
*801#  (or)  *979*2*1*2#

Telenor My Roaming Day Pack
*979*2*1*1#

Telnor ဖုန်းဘေကြိုသုံးငွေ ချီးယူရန်
( ဖုန်းဘေ 700 Kyats ကြိုသုံးနိုင်သည်)
(ဖုန်းငွေဖြည့်လျှင် 725 Kyats ပြန်ဖြတ်သည်)
*500#

Telenor Mobile Money Account
*900#

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Credit to
Nyein Wai Phyo -
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မိန်းမကောင်း မိန်းမမြတ်၏ အဆင်းလက္ခဏာများ

မိန်းမကောင်း မိန်းမမြတ်၏ အဆင်းလက္ခဏာများ
=============================

၁။ နူးညံ့သော အသားအရေရှိသည်။
၂။ မည်းနက်သော ကော့ညွတ်ရှည်လျားသည့် ဆံပင်ရှိသည်။
၃။ ရွဲ၍ ကြည်လင်သော မျက်လုံးရှိသည်။
၎။ မျက်တောင်ကော့သည်။
၅။ မျက်ခုံးနက်သည်။
၆။ ရင်စိုသည်။
ရ။ နှာတံပြေပြစ်သည်။
၈။ နီမြန်းသော နှုတ်ခမ်း ပါးစပ်ရှိသည်။
၉။ ပါး၍၀န်းသော မျက်လုံးရှိသည်။
၁၀။ လည်တိုင်သေးသည်။
၁၁။ လည်ရစ်သုံးတန်ရှိသည်။
၁၂။ နူးညံ့သေးသွယ် ပြည့်တင်းနီမြန်းသော လက်ဖ၀ါးခြေဖ၀ါး ရှိသည်။
၁၃။ ချစ်ဖွယ်သော ပီယ၀ါစာကား ပြောဆိုတတ်သည်။
၁၄။ ဖြည်းညင်းနူးညံ့စွာ သွားလာတတ်သည်။
၁၅။ အရှက်အကြောက်ကြီးသည်။
၁၆။ စကားတိုးတိုးသက်သာ ပြောဆိုတတ်သည်။

မိန်းမတို့၏အလှဂုဏ်(၆)မျိုး
၁။ အသားမဖြူလွန်းခြင်း
၂။ အသားမညိုလွန်းခြင်း
၃။ အရပ်မနိမ့်လွန်းခြင်း
၎။ အရပ်မမြင့်လွန်းခြင်း
၅။ မ၀လွန်းခြင်း
၆။ မပိန်လွန်းခြင်း

မိန်းမတို့၏အင်အား
၁။ ရုပ်ရည်အဆင်း တင့်တယ်ခြင်း
၂။ ပစ္စည်းဥစ္စာ ပြည့်စုံခြင်း
၃။ ဆွေမျိုးပေါများခြင်း
၎။ သားရတနာမွေးဖွားပေးခြင်း
၅။ ကိုယ်ကျင့်သီလ ဖြူစင်ခြင်း
chocolate...ညီမ အမများ...ပြည့်စုံပါစေဗျား

မိန်းမယုတ်၏ အင်္ဂါလက္ခဏာများ
၁။ အသားနီကြမ်းသည်။
၂။ နားရွက်ထူသည်။
၃။ လည်တိုင်တိုသည်။
၎။ ရင်ခြောက်သည်။
၅။ ကိုယ်လက်အမွေးအမှင် ထူသည်။
၆။ ဆံပင်ကြမ်းသည်။
ရ။ မျက်ထောင့်နီသည်။
၈။ မျက်လုံးဝန်းသည်။
၉။ ခါးတို ခါးတုတ်သည်။
၁၀။ တင်ဆုံကြီးသည်။ကောက်သည်။တွဲသည်။
၁၁။ အသံကျယ်ကျယ်လောင်လောင် ရယ်မောပြောဆိုတတ်သည်။
၁၂။ ခြေလက်တုတ်ခိုင် ကြမ်းရှသည်။
၁၃။ ယောကျာင်္းများနှင့် အကျွမ်းတ၀င် ပြုမူတတ်သည်။
၁၄။ အလှအပ မဆင်အပြင် အထူးပြုလုပ်တတ်သည်။
၁၅။ လမ်းသွားလျှင်ခြေကို အတွင်းခွင်၍ သွားတတ်သည်။
၁၆။ အပျော်အပါး အလွန်လိုက်စားသည်။
chocolate..ညီအကိုတို့..သတိထားရှောင်ကြင်ရန်

ကျမ်းကိုး
၁ ။ သုသေသန သရုပ်ပြအဘိဓာန် ။
၂ ။ ဟိတောပဒေသ ။
၃ ။ မဟာဝဂ္ဂသံယုတ် ။
၎ ။ ဘိသိက်မင်္ဂလာကျမ်း။

ဖစ်စဉ်အကျဉ်းများဖြင့် ပြန်လည် ရှင်းပြထားပါတယ် ....။

ဖြစ်စဉ်အကျဉ်းများဖြင့် ပြန်လည် ရှင်းပြထားပါတယ် ....။

" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် "ရ ရဲမေများ ....

၁။ ကြည်း ၅၉၉၈၁ ဗကဟိန်းထက်နိုင် (ဇနီး) ဒေါ်သက်နှင်းဝေ ခလရ(၁၂၉)
၂။ အမှတ်-၇၂၅၀၉၄ တကကမြလှိုင် (ဇနီး) ထုဆိုင် ခလရ(၁၂၉)
၃။ အမှတ်-၉၁၀၂၆၇ တကမင်းထိုက် (ဇနီး) ဒေါ်စန်းဝင်းရီ ခလရ(၁၂၉)
၎။ အမှတ်-၉၈၅၃၀၂ တကအောင်နိုင်လင်း (ဇနီး) ဒေါ်ယေနန်းကပ် ခလရ(၁၂၉)
၅။ တ-၄၁၆၁၀၁ တသဇေယျာမောင် (ဇနီး) ဒေါ်ခေါင်နန်း ခလရ(၁၂၉)
၆။ အမှတ်-၆၃၁၀၀၂ ခွဲတကကကျော်သိန်းခိုင် (ဇနီး) ဒေါ်ခင်ဝင်းအေး ခလရ(၂၈၆)
၇။ အမှတ်-၇၁၄၆၉၀ ခွဲတကက၀င်းဇော် (ဇနီး) ဒေါ်ခင်မိုးထွန်း ခလရ(၂၈၆)
၈။ အမှတ်-၇၁၄၇၂၆ ခွဲတကကကျော်ဌေး (ဇနီး) ဒေါ်နန်းထွေးခင် ခလရ(၂၈၆)
၉။ တ-၃၁၉၈၆၈ တကက/စရညီညီဦး (ဇနီး) ဒေါ်မေဖူးခိုင် ခမရ(၆၀၁)
၁၀။ အမှတ်-၉၇၉၂၉၂ တကမောင်တိုင်း (ဇနီး) ဒေါ်နန်းလှိုင် ခမရ(၆၀၁)
၁၁။ တ-၁၉၇၃၂၁ တကကျော်သောင်း (ဇနီး) ဒေါ်တင်ယုံ ခမရ(၆၀၁)
၁၂။ တ-၄၁၉၈၁၅ တသထွန်းထွန်းဝင်း (ဇနီး) ဒေါ်မျိုးသူဇာအောင် ခမရ(၆၀၁)
၁၃။ တ-၄၂၅၆၃၁ တသသက်နောင်ဦး (ဇနီး) ဒေါ်ကြူကြူယဉ် ခမရ(၆၀၁)

"ခလရ(၁၂၉)".........
ညံခွမ်းမှာ ရှိတဲ့ ခလရ ၁၂၉ သောင်းကျန်းသူ ဖုန်ကြားရှင်ရဲ့ အဖွဲ့တွေ တပ်ဌာနချုပ်ကို အင်အား အလုံးအရင်းနဲ့
အလစ်ဝင်တိုက်တဲ့အချိန်မှာ၊ တပ်မှာရှိတဲ့ အရာရှိစစ်သည်အားလုံး ရှေ့တန်းတာဝန်ကို ထမ်းဆောင်နေချိန်ပေါ့ ....။
ဒီအချိန်မှာ သောင်းကျန်းသူတို့ကို ပြန်လည်ခုခံခဲ့ပြီး မိမိတပ်အနားထိတောင် ကပ်မလာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ရဲမေတွေ ....
ဒီပွဲမှာ နောက်ချန်တပ်ရဲ့ အရာရှိစစ်သည်အချို့တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ရသလို၊ ရဲမေတချို့လည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
စစ်ကူလိုက်လာနိုင်တဲ့ အထိ မိမိတပ်ကို အသက်ပေးပြီး ကာကွယ်လိုတဲ့ ရဲမေတွေကြောင့် သောင်းကျန်းသူတို့ အင်အား အဆမတန်များခဲ့သော်လည်း၊
ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်....။
တပ်ရဲ့ လုံခြုံရေးအခြေအနေ ကောင်းမွန်တဲ့အထိ ရှိတဲ့ အင်အားဖြင့် နေ့မနား၊ ညမနား၊ အလှည့်ကျ ကင်းစနစ်ဖြင့် မိမိတပ်ကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့တဲ့ အတွက်
ခလရ ၁၂၉ ရှိ အိမ်ထောင်သည်ရဲမေ အချို့သူရဲကောင်းလက်မှတ်ရရှိခဲ့တာပါ ....။

"ခလရ(၂၈၆)".........
SSPP/SSA သောင်းကျန်းသူအဖွဲ့ ခလရ(၂၈၆)တပ်ရင်းအား
၁၆ ရက်နေ့ တွင် (၁)ကြိမ် ထိုးစစ်ဆင်ခဲ့ပြီး၊ နောက်ချန်အင်အားနှင့် အိမ်ထောင်သည်ရဲမေတို့ရဲ့ ခုခံမှုကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာခဲ့ကာ၊
၁၈ ရက်နေ့တွင် (၁)ကြိမ် အင်အားတိုး ၁၅၀ဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ပါတယ် ....။
ရန်သူ၏ အင်အားအဆမတန်ဖြင့် တိုက်ခိုက်မှုကြောင့် .....
မိမိတပ်ဌာနချုပ်ကို စွန့်ခွါပြီး ဗျူဟာမှာ ပေါင်းဖို့ အမိန့်ကျသော်လည်း၊ မိမိတို့ရဲ့ ရင်သွေးများသာ ဗျူဟာကို စေလွှတ်ပြီး၊
တပ်ဌာနချုပ်ကို နောက်ကျန်စစ်သည်တွေနဲ့အတူ အရာရှိတို့ရဲ့ ကွပ်ကဲမှုတွေကို တသွေမသိမ်းလိုက်နာပြီး သောင်းကျန်းသူ SSPP အဖွဲ့ကို စွန့်လွှတ်စွန့်စား တိုက်ခိုက်ခဲ့ကြတဲ့ .....
သောင်းကျန်းသူတို့၏ ထိုးစစ်ကြောင့် အပြစ်မဲ့ ကလေးတွေနဲ့ ရဲမေအချို့ ဒဏ်ရာရ ရှိခဲ့ပါတယ် ....။
ထိုတိုက်ပွဲတွင် ဗိုလ်စံ အမည်ရ ဗိုလ်ကြီး ပြည့်ဖြိုးစံတစ်ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရပါသည်။
(ဗိုလ်စံ၏ စွန့်လွှတ်မှုအား "သူ့နာမည် ဗိုလ်စံ" ခေါင်းစဉ်ဖြင့် တင်ပြပြီး ဖြစ်ပါသည်။

"ခမရ ၆၀၁".........
မံစီမြို့အဝင်က ခမရ ၆၀၁ ရှေ့တန်းထွက်နေချိန် နောက်ချန်တပ် အင်အား အနဲငယ်ပဲရှိတဲ့ အချိန်မှာ KIA တပ်မဟာ၃က အင်အား၄၀ခန့်နဲ့ မနက်၅နာရီမှာ အလစ်ဝင်တိုက်တယ်....။
တပ်မှာရှိတဲ့နောက်ချန်အင်အားအနည်းငယ်နဲ့ အမျိုးသမီးတွေက ပြန်ခုခံကြတယ်....။
၉၉ ကစစ်ကူတွေရောက်လာချိန်မှာ KIAတွေ ဆုတ်ပြေးသွားတယ် ....။
အလောင်း ၃လောင်းနဲ့ လက်နက်အချို့ကျန်ခဲ့တယ် ၁လောင်းက ၂ ပွင့်နဲ့ အရာရှိပါ။
ရွပ်ရွပ် ချွန်ချွန် ခုခံတဲ့ တပ်ရင်းက အိမ်ထောင်သည်အမျိုးသမီးတွေကို မြောက်ပိုင်းတိုင်းမှူးက ထူးချွန်ဆုတွေ ချီးမြှင့်ခဲ့ပါသေးတယ်။
ရဲမေတစ်ဦးကလည်း "ကျမတို့ မနက် ၅ နာရီလောက်မှာ တပ်ထဲကို လက်နက်ကြီး ကျသံတွေကြားရတယ်၊ သိပ်မကြာဘူး ခရာသံတွေနဲ့အတူ၊ ဗိုလ်ကြီး အသံကြားရတယ်၊ လက်နက်ကုတ်က လက်နက်တွေယူပြီး၊
ဇတ်တိုက်လေ့ကျင့်တဲ့အတိုင်းနေရာယူဆိုတာပဲ သိလိုက်တယ်၊ ကျမသိတာတော့ ကျမတို့မိသားစုတွေကို လာဒုက္ခပေးပြီဆိုတာပါပဲ၊
ကျမ စစ်သားတစ်ဦးရဲ့ ဇနီးပါ၊ သူတို့ထက် မရဲရင့်ပေမဲ့၊ ကျမတပ်အတွက်တော့ ကျမ အသခေံပြီး တိုက်ရဲပါတယ်။"
ဒီပွဲမှာ KIA ဟာ ဗန်းမော်က တပ်တွေ စစ်ကူမလာနိုင်အောင် တံတားချိုးပြီး အပိုင်တက်သိသိမ်းခဲ့တာပါ။
ဒါပေမဲ့ အိမ်ထောင်သည်ရဲမေတွေရဲ့ စိတ်ဓါတ်ကို KIA မတိုက်နိုင်ခဲ့ပါဘူး ....။

သူရဲကောင်းလက်မှတ်ရ ရဲမေများအား လေးစားလျှက် ...။