Thursday, December 24, 2015

အတ္တ​ကြောင့်​ ​ကြွေလွင့်​ခဲ့​သောပန်း​လေး

အတ္တကြောင့် ကြွေလွှင့်ခဲ့သော ပန်းလေးတစ်ပွင့်
===================================

" ဆရာမ သမီးမခိုးပါဘူး  "

" သမီးမခိုးရင် ဒီစာအုပ်က ဘယ်လိုလုပ် သမီးလွယ်အိတ်ထဲ ရောက်နေတာလဲ "

" ဒါတော့သမီးလည်း မသိပါဘူး။ ဒါပေမယ့် ဒီစာအုပ်ကို တကယ် မခိုးခဲ့ပါဘူးရှင့် ။ ဘုရားပေးပေး ကျမ်းပေးပေးပါ ဆရာမရယ် သမီးမခိုးခဲ့ပါဘူး..ဟီး ... ဟီး ,.. ဟီး "

"ခုမှ ငိုပြမနေနဲ့တော့။ အခုက လက်ပူးလက်ကြပ်သက်သေနဲ့တကွ မိတာ။ရှင်းပြချက်ပေးချင်ရင် မနက်ဖြန် သမီးရဲ့အုပ်ထိန်းသူခေါ်ပြီး ကျောင်းအုပ်ကြီးနဲ့တွေ့ပြီးပြောပေါ့။ ခုတော့ ဆရာမ စာသင်တော့မယ် ။ စာအုပ်ပိုင်ရှင်လည်း ပျောက်တဲ့စာအုပ်ပြန်တွေ့ပြီဆိုတော့ ကျေနပ်လိုက်တော့ ။ အားလုံးမှတ်ထားကြပါ သူတစ်ပါးပစ္စည်းခိုးရင် ငရဲရောက်တာနောက်မှ လက်ရှိအချိန်မှာ ခုလိုဖမ်းမိသွားရင် အရှက်ကွဲပြီး နှစ်ခါပြန်သေနေရတာအတူတူပဲ။ အကျင့်ပျက်တယ်ဆိုတာ ဆရာမအတန်းထဲမှာ မရှိစေရဘူး။ ကဲ -  စာသင်ရအောင် စာမျက်နှာ ၅၉ ကိုလှန် အားလုံးမြန်မြန်လုပ်ကြ "

" ဟုတ်ကဲ့ ဆရာမ "

ဒီနေ့ ကျွန်မအတန်းတွင် စိတ်ပျက်ဖွယ်ရာ ကိစ္စများက စောင့်ကြိုနေသည်။တစ်နေ့တာရဲ့ စာသင်ချိန်းတစ်ဝက်ကုန်ဆုံးပြီး အားလပ်ချိန်ဆင်းပြီးနောက် စာသင်ခန်းထဲပြန်ဝင်ချိန်တွင် ကျွန်မအတန်းထဲက ကျောင်းသူလေးတစ်ယောက် ငိုယိုပြီး စာအုပ်ပျောက် လာတိုင်သည်။ ကျွန်မ ကိုင်တွယ်နေသည့်အတန်းသည် ခြောက်တန်း ! တန်းခွဲအားလုံးထဲတွင် အတော်ဆုံးအတန်းဖြစ်နေရမည်။စာရိတ္တကောင်းသော ယဉ်ကျေးလိမ္မာသော စာတော်သော စည်းကမ်းရှိသော ဟူသည့် စံနမူနာများဖြင့် ပြည့်နေရမည်။ကျွန်မလိုချင်သော ပုံစံခွက်အတိုင်း အတန်းထဲက ကလေးအားလုံးကို ပုံသွင်းထားသည်။ ဒါကြောင့် ကျွန်မ အနုနည်း အကြမ်းနည်း နည်းပေါင်းများစွာ သုံးခဲ့ရသည်။ထိုကြောင့် ကျောင်းသူ/သား များကြားတွင် နာမည်ကျော်ကြားလေသည်။ဆရာမ ဒေါ်ဂျမ်းပုံသည် ကျွန်မ၏ နာမည်အရင်းမဟုတ်သော်လည်း တိုးတိုးနှင့်ကြားနေရသော ကျွန်မ၏နာမည်ပြောင်ပင်။စိတ်ဓာတ် စည်းကမ်း ပညာအရာတွင် ထိပ်ဆုံးဖြစ်လိုသော ကျွန်မအတန်း၏ တိုင်တန်းမှုသည် ခိုးမှု။ ကျွန်မအတန်းတွင် ဆိုဆုံးမ၍မရသော ကျောင်းသူ/သားများ လုံးဝမလိုပါ။ သေချာကိုင်တွယ်ဖြေရှင်းရမည်။

စာအုပ်ပျောက်လာတိုင်သော ကျောင်းသူလေးသည် မျက်ရည်ကျလျက် ပျောက်သွားသော စာအုပ်သည် နိုင်ငံခြားရောက်နေသော အကိုဖြစ်သူက လက်ဆောင်ပေးထားသည့် စာအုပ်ဖြစ်ကြောင်း ငိုရင်းနဲ့ပြောပြသည်။ သူမ တန်ဖိုးထားရသောစာအုပ်ဖြစ်သည့်အတွက် ပြန်လိုချင်ကြောင်း ထပ်ပြောသည်။ ဒါကြောင့် အကျင့်ပျက်သော စာအုပ်သူခိုးကိုလည်း ကျွန်မ ဒီအတိုင်း လွှတ်မထားနိုင်ပါ။ အကျင့်ပြင်တန်ပြင် မပြင်ပါက အုပ်ထိန်းသူခေါ်ခိုင်းပြီး ကျောင်းအုပ်ရုံးခန်းသို့ ပို့ရမည်။

တစ်ခန်းလုံး လွယ်အိတ်တွေကို စာရေးခုံပေါ်တွင် တင်ခိုင်းလိုက်လေသည်။စာအုပ်ပျောက်သော ကျောင်းသူအား တစ်ယောက်ချင်း၏လွယ်အိတ်တွေကို လိုက်လံစစ်ဆေးခိုင်းလေသည်။ ကျောင်းသူလေးသည် လွယ်အိတ်တစ်လုံးပြီး တစ်လုံး စစ်ဆေးပြီးနောက် အရှေ့တန်း ၅ ခုံမြောက်တွင် စာအုပ်ပျောက်ရှာဖွေခြင်း ရပ်ဆိုင်းလိုက်သည်။ပန်းနုရောင် စာအုပ်လေးကို ကိုင်တွယ်ပြီး ထွက်လာသည်။ ကြားရသည့် ကိုယ့်နားကိုပင် မယုံနိုင်ပါ။ ဒီ စာအုပ်အား " နှင်းနွယ်အောင် " လွယ်အိတ်မှ တွေ့ခဲ့သည်လို့ ပြောပါသည်။

ထိုကျောင်းသူသည် ကျွန်မအတန်းထဲတွင် အတော်ဆုံး အအေးဆုံး အလိမ္မာဆုံး ကျောင်းသူဖြစ်သည်။ သူမတွင် မိဘများမရှိတော့ဟု မိဘမဲ့ မိန်းခလေးသီးသန့်ကျောင်းက ဆရာမကြီးက ကျောင်းလာအပ်ကတည်းက ပြောပြခဲ့သည်။ ထိုမိဘမဲ့ကျောင်းက ဆရာမကြီးကိုယ်တိုင်ကလည်း စည်းကမ်းထိန်းသိမ်းရေးဝါဒကို လက်ကိုင်စွဲထားသူတစ်ဦးပင်။ ဘာအတွက်ကြောင့် ဒီကလေးမ အကျင့်ပျက်ရသည့်ကို မတွေးတတ်ပါ။ ကျွန်မမေးတိုင်း " ဒီစာအုပ် သမီးမခိုးပါဘူး " အကြိမ်ကြိမ်ထွက်ဆိုနေသဖြင့် စိတ်လည်းတိုလာသည်။ ခိုးသည့်အပြင် ဝန်မခံတတ်သောလူမျိုးသည် အကျင့်မကောင်းသော သူများဖြစ်သည်။ ကျွန်မနောက်ဆုံး Warning အနေဖြင့် သူမ အုပ်ထိန်းသူကို ကျောင်းအုပ်ကြီးဆီ ခေါ်လာခိုင်းပါသည်။

××××××××××××××××××××××××××××××××××

" ဆရာကြီး  ။ ကျောင်းသူတစ်ယောက် ကျောင်းပေါ်က ခုန်ချလို့။ အလံတိုင်နားလေးမှာ သွေးတွေလည်း အိုင်လို့ဗျ "

ကျောင်းစောင့်ကြီးရဲ့အသံသည် အစည်းဝေးလုပ်နေသော ခန်းမကြီးကို လွှမ်းသွားသည်။ မနက်ပိုင်းကျောင်းလွတ်ချိန်ပြီး၍ ကျောင်းအုပ်ကြီးက အစည်းဝေးခေါ်တာကြောင့် ဆရာ/မ အားလုံးလည်းစုံနေသော အစည်းဝေးခန်းထဲတွင် အာမေဋိတ်များ သံပြိုင် ကိုယ်စီနှင့် ဝရုန်းသုန်းကား အပြင်ပြေးထွက်တော့သည်။ ကျွန်မလည်း ရင်ထိတ်ထိတ်ပျာပျာဖြင့် ဆရာအုပ်ကြီးကြား တိုးဝှေ့ကြည့်လိုက်သည်။

သွေးအိုင်ထဲတွင် ကျောင်းဝတ်စုံတို့ အရောင်ပြောင်းကုန်ပြီးဖြစ်သော ကျွန်မအတန်းထဲကကျောင်းသူလေးသည် သွေးစွန်းနေသော စက္ကူလေးကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သေဆုံးနေသည်ကို တွေ့လိုက်ရတော့ ကျွန်မသွေးများ ပြောင်းပြန်စီးသလို ခံစားရပြီး မိုက်ခနဲဖြစ်သွားသည်။ ကျွန်မယူကြုံးမရဖြစ်ခါ အော်ငိုချမိသည်။ ကျွန်မစိုက်ပျိုးခဲ့သော ပန်းလေးတစ်ပွင့်ရုတ်တရက် ကြွေလွှင့်သွားပါလား။ ကျွန်မဆိုသော အတ္တ ဒီဆရာမသည် စည်းကမ်းသေသပ်သည်ဟူသော ကျွန်မသတ်မှတ်ထားသည့်ခေါင်းစဉ်များအောက်တွင် ရိုးသားဖြူစင်သော ကျောင်းသူလေးတစ်ယောက်၏ ဘဝတစ်ခု ပျက်သုဉ်းသွားစေခဲ့သည်။ ကျောင်းသူလေး၏ နောက်ဆုံးစာဟုထင်ရသော ညာဘက်လက်ထဲက စာရွက်ညစ်ညစ်လေးကို အသာအယာယူပြီး ဖြေထုတ် ဖတ်ကြည့်လိုက်သည်။ မျက်ရည်ပေါင်းများစွာက တစိမ့်စိမ့်ယိုစီးလာသည်။ အချိန်မတန်ဘဲ မရင့်ကျက်သေးဘဲ သေဆုံးသွားသော ကျောင်းသူလေးလက်ထဲက စာသည် ကျွန်မအတွက် ယူကြုံးမရသော နှုတ်ဆက်စာဖြစ်လာခဲ့သည်။

" ဆရာမရှင့် "

" တပည့်မိုက် တစ်ယောက်ကို ခွင့်မလွှတ်ပါနဲ့ ။ ဆရာမနှင့် ကျောင်းရှိ ဆရာ/ မ များအားလုံးအပေါ် သမီးကံငါးပါးနှင့် ပြစ်မှားမိခဲ့တာရှိသော် သမီးကို အားလုံး ခွင့်လွှတ်ပေးကြပါ။သမီး   နောက်ဆုံးအကြိမ်ထိ ရိုးသားခဲ့တာကြောင့် ဒီစာအုပ်လေးကို လုံးဝမခိုးပါဘူးလို့ ဝန်ခံပါရစေ။ သမီး ငယ်ငယ်ကတည်းက မိဘမရှိခဲ့တာကြောင့် ဆရာမက သမီးကို အကျင့်ပျက်သူလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သမီးဟာ မိဘမဲ့ဂေဟာ စရောက်ကတည်းက ဆရာမကြီးရဲ့ လမ်းညွှန်မှုအောက်မှာနာခံခဲ့ပြီး စာရိတ္တလည်း လုံးဝမဖောက်ပြားခဲ့ပါဘူး။ ကျောင်းတက်နေတဲ့ ကာလတစ်လျှောက်လုံးလည်း သူများရဲ့ ခဲတံတိုလေး တစ်ချောင်းတောင်မှ မခိုးခဲ့ဖူးပါဘူး။ ဒီနေ့ ဆရာမ စွပ်စွဲခံရတာ အရမ်းနာကျင် ခံစားရပါတယ်။ ဆရာမ အတန်းထဲက ထွက်သွားတော့ တစ်ခန်းလုံးက သမီးကို ( Stolen student ) လို့ လှောင်ကြတယ်။ သမီးအရမ်းရှက်တာပဲ ဆရာမရယ်။ သမီးလေ ဒီလို စွပ်စွဲရတာလည်း အတိတ်ဘဝက ဝဋ်ကြွေးကြောင့်ထင်ပါတယ်။ သူတို့ကိုလည်း ပြောပေးပါ သမီးလုံးဝ မခိုးခဲ့ဘူးဆိုတာကို သမီးအသက်နဲ့ရင်းပြီး သက်သေပြခဲ့ပါတယ်လို့။ သမီးရဲ့မိဘမဲ့ဂေဟာက ဆရာမကြီးကိုလည်းပြောပေးပါ သမီးကြောင့် ဆရာမကြီး ခုလို အရှက်ကွဲမခံစေချင်လို့ စိတ်မပူစေချင်လို့ သမီးရဲ့ကိစ္စကို သမီးရှင်းအောင် လုပ်သွားခဲ့ပါတယ်။ ဆရာမရဲ့ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းတွေအောက်မှာ အမည်းစက်ထင်ခဲ့တဲ့ သမီးရဲ့ အပြစ်ကိုလည်း ဖျက်ပေးပါနော်။ သမီးရဲ့ ဖြူစင်ရိုးသားမှုကို နောက်ဆုံးအနေနဲ့ သက်သေပြလိုက်ပါတယ်။ သမီးဒီလိုမလုပ်သင့်ပေမယ့် ကြံမိ ကြံရာ လုပ်ခဲ့လို့ ဒီစာကို ဖတ်နေတဲ့ ဆရာမကိုလည်း ခွင့်လွှတ်ပါလို့ သမီးမတောင်းဆိုတော့ပါဘူး။ သမီးလေ အရမ်းကြောက်တယ် ဆရာမရယ်။ ဒီစာကိုရေးနေတဲ့အချိန်မှာရော ခုချတော့မယ့် အချိန်မှာရော သမီးကို တားမယ့်သူ သမီးနားမှာ တစ်ယောက်မှ မရှိကြဘူး။ သမီး မသေချင်သေးဘူး ဆရာမရယ် ... "

                          တပည့်မိုက်
                                         နှင်းနွယ်အောင်

စာဖတ်ပြီး ကျမရဲ့ နှလုံးအိမ်တို့ အရည်ပျော်ကုန်ခဲ့ရသည်။ နှလုံးသား မရှိသော ကျမ စည်းကမ်းကို ရှေ့တန်းတင်ခဲ့သော ကျမ ဂုဏ်ပုဒ် သိက္ခာတွေရစေဖို့အတွက် ပြဿနာဖြေရှင်းမှု ညံ့ဖျင်းခဲ့သော ကျမ စာလေးတစ်စောင်ကြောင့် နှလုံးသားကွဲကြေရပါပြီ ။ ဖြူစင်ရိုးသားသော ကလေးကိုမှ သူခိုးဖြစ်စေခဲ့သည်။ ဒဏ်ရာများနဲ့အတောင်ကျိုးနေသော ငှက်ကလေးကိုမှ ရိုက်သတ်မိခဲ့သည်။ကျွန်မအား ဆရာမလို့ခေါ်ထိုက်စရာ တစ်ကွက်မှ မရှိတော့ပါ။သွေးစွန်းနေသော စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ထားနေစဉ် ကျွန်မဘေးနားကို တိုးတိုးလေးကပ် လာပြောသယောင် " သမီးကို ခွင့်မလွှတ်ပါနဲ့  သမီးမသေချင်သေးဘူး ဆရာမရယ်  " ဟူသော အသံတွေက ဆူညံပွတ်လောက်ရိုက်နေပြီး ကျောင်းသူလေးကို မျက်လုံးထဲ မြင်ယောင်ကာ ကတ္တရားလမ်းပေါ်တွင် ကျွန်မလဲကျသွားလေသည်။

××××××××××××××××××××××××××× ××××××

" ဆရာမ သမီးမသေချင်သေးဘူး ဆရာမရယ် ။ သမီးစာအုပ်ကို လုံးဝမခိုးပါဘူး ။ သမီးကြောက်တယ်။ သမီးဘယ်နေရာရောက်နေမှန်းမသိဘူး မှောင်မဲနေတာဘဲ။ "

" သမီးရေ   ဆရာမကို ခွင့်မလွှတ်ပါနဲ့ကွယ်။ ဆရာမ စည်းကမ်းချက်တွေကို ရှေ့တန်းတင်ခဲ့မိတဲ့အမှားကြောင့် သမီးကို ဘဝခြားသွားစေခဲ့ပြီ။ ဆရာမ မှားပါပြီကွယ် ။ နောက်ဘဝဆိုတာ ရှိခဲ့ရင် ဆရာမဆီပြန်လာခဲ့ပါ သမီးကျေနပ်လောက်တဲ့အထိ ဒူးထောက်ပြီး တောင်းပန်ပါ့မယ်။"

" ဆရာမ -သမီးကို ကတိတစ်ခု ပေးပါ ။ ဆရာမ စာဆက်သင်ပါအုံးမယ်လို့ ။ ပန်းကလေးတွေကို သမီးလို အလေအလွှင့်မရှိပဲ ပြုစုပျိုးထောင်ပါ့မယ်လို့ ကတိပေးပါ။ ဆရာမ ကတိပေးရင် သမီးလွတ်လွတ်လပ်လပ်နဲ့ ခရီးဆက်တော့မယ်။ ဆရာမ  သမီးကို ကတိပေးမယ်မလား "

" ပေးပါတယ် သမီးရယ် "

"သမီးသွားတော့မယ် နှုတ်ဆက်ခဲ့ပါတယ် ဆရာမရယ် "

" သမီး... သမီး ... သမီးလေး "

ကျွန်မအော်ရင်း လန့်နိုးလာခဲ့သည်။ အိမ်မက်ထဲတွင် သေသွားသောကျောင်းသူလေးသည် ကျောင်းဝတ်စုံလေးနှင့်နောက်ဆုံးအချိန်ထိ ကျွန်မကို ခွန်အား သတ္တိတွေ လာပေးသွားသည်။ မောဟိုက်စွာ တဒိတ်ဒိတ်ခုန်နေသော နှလုံးတို့သည် အမေပေးသော ရေတစ်ခွက်ကို သောက်ပြီး ခဏငြိမ်နေတော့သည်။ အခုတော့ ဘဝသစ်ကို ပြန်စမည် ခြေလှမ်းသစ်တိုင်းတွင် လက်ထဲက သွေးစွန်းနေတဲ့စာရွက်လေးက အားအင် ပြုပေးနေတော့သည်။

××××××××××××××××××××××××××××××××××

" ဒို့ကျောင်း "
    ======

ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း "

ကလေးများ သံပြိုင်ရွတ်ဆိုသော ကဗျာလေးသည် နံနက်ခင်းတွင် ပီပြင်စွာတေးဆိုနေသော ငှက်ကလေးများနှယ်။ ကျွန်မ ပြုံးပျော်နေသည် ။ ရွာတစ်ရွာ၏ မူလတန်းစာသင်တန်းကျောင်းတွင် ပြောင်းရွေ့ တာဝန်ချခံရသော်လည်း ကျွန်မထူးပြီး စောဒကတတ်မနေတော့ပါ။ အခုဆို ကျွန်မဘောင်မခေတ်ပဲ ပန်းကလေးတွေ ပျိုးတတ်လာပီ။ ကလေးတွေရဲ့ အပြုံးကို စားသုံးရင်း တစ်နှစ်ပြီး တစ်နှစ်ကျော်လွန်လာခဲ့သည်မှာ သုံးနှစ်တိုင်ပြည့်တော့မည်။စိတ်တွေလည်း အတော်ပင်တည်ငြိမ်ခဲ့သည်။သုံးနှစ်ကြာခဲ့ပြီဆိုသော်လည်း အတိတ်က ကြွေလွှင့်ခဲ့သော ပန်းလေးအကြောင်းတွေးမိတိုင်း တစ်ဖန်ပူနွေးလာစမြဲ ။ ကျောင်းမပြောင်းရွေ့ရခင် နောက်ဆုံးသင်ခဲ့ရသည့်နေ့တွင် စာအုပ်ပျောက်လာတိုင်သော ကျောင်းသူလေးက သူ့အပြစ်ကို လာဝန်ခံခဲ့သည်။ သူမရဲ့ မနာလိုစိတ်ကြောင့် သေခဲ့ရသည့်ဟု ရှိုက်ငိုရင်း ပြောရှာပါသည်။ အတန်းထဲတွင် လတိုင်း အဆင့် ၁ ရသော နှင်းနွယ်အောင် ကိုကြည့်မရလို့ မုန့်စားဆင်းချိန်တွင် နှင်းနွယ်အောင်လွယ်အိတ်ထဲတွင် သူမကိုယ်တိုင် သွာထည့်ထားပြီး လုပ်ကြံခဲ့တာဟု ဝန်ခံခဲ့သည်။ ထောင်ထာင်ကြေနေသောစိတ်နှင့်သာ အပြစ်လုပ်သော ကလေးမကို ကျောင်းစည်းမျဉ်းအရ ကျောင်းထုတ်လိုက်ပါသည်။ ကျွန်မလည်း ထိုကျောင်းနှင့်ဝေးရာကို ဇာတ်မြှုပ်နေထိုင်ခဲ့ပါသည်။ အခုဆို ကျွန်မပျိုးထားသော ပန်းပွင့်ငုံလေးများ လန်းဆန်းလျှက် ရှင်သန်နေပါတယ်။ ကျွန်မရဲ့အတွေးတွေ ဖြန့်ကျက်နေစဉ်တွင်...

" ဆရာမ "

" သားကို ဘုန်းဘုန်းပေးထားတဲ့ စာအုပ်
သာဂိ ခိုးထားတယ်။ "

ကျွန်မ အာရုံတွေ စုစည်းလိုက်သည်။ ကျွန်မ ဒီတစ်ခါ ကိုင်တွယ်မှု မမှားချင်တော့ပါ။ လွန်ခဲ့သော နှစ်နှစ်ကျော်လောက်က သေဆုံးသွားသောကျောင်းသူလေးအား ဖျတ်ခနဲ သတိရလိုက်သည်။ ဒိုင်ယာရီ စာအုပ်ကြားက သွေးစွန်းနေသော စာရွက်လေးကို ဖွင့်ကြည့်ရင်း..။

=====================================

Credit!!!Yaw Han      
=====================================

                                နှင်းနှင်းနွယ်(RaKhineThu)1502c130a87

မူကြိုဆရာမ ဆိုသည်​မှာ

မူကြို ဆရာမ ဆိုသည်မှာ
===================

(အိပ်ခန်းထဲ၌ စလောင်းတီဗွီမှ အင်တာဗျူး တစ်ခု လာနေသည်။ ၎င်းအင်တာဗျူးကို စိတ်ဝင်တစား နားထောင်မိခဲ့သည်။ သဘောကျသည်။

ယင်းအင်တာဗျူးတွင် မူကြိုကျောင်းမှာ ဆရာမငယ်တစ်ယောက်ကို မေးမြန်းခြင်းဖြစ်သည်။)

ပြထားသော နောက်ခံလှုပ်ရှားမှုတွင် ကလေးငယ်များက မြက်ခင်းပေါ်တွင် ဆော့ကစားနေကြသည်။

"ဆရာမ တာဝန်ထမ်းတာ ကြာပြီလား"

"၃နှစ်လောက် ရှိပါပြီ"

"ဘာတာဝန် ယူရသလဲ"

"ကလေးတွေရဲ့ သဘာဝကို သူတို့စရိုက် အမှန်အတိုင်း မိဘတွေသိဖို့  ကလေးတွေ ကိုယ်တိုင်သိဖို့ တာဝန်ကို ယူရပါတယ်"

"မူကြိုဆရာမ အလုပ်ကို ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ"

"နောင်တစ်ချိန်မှာ တန်ဖိုးအရှိဆုံး လူသားတွေ ဖြစ်လာမဲ့ ကလေးငယ်တွေကို အသေအချာ လေ့လာခွင့်  ထိတွေ့ခွင့် ရတဲ့ အလုပ်ဆိုတာ မူကြိုဆရာ အလုပ်ပဲ ရှိတာလေ။ ဒါကြောင့် မူကြိုဆရာမ အလုပ်ကို ကျွန်မ ရွေးချယ်တာ"

"ဒီထက်ပိုပြီး ရှင်းပြလို့ ရလား"

"ကလေးဆိုတာ ချစ်စရာ ကောင်းတယ်။ အားကိုးစရာကောင်းတယ်။ကြောက်စရာလည်း ကောင်းတယ်ရှင့်"

"ဘာကြောင့်လဲ"

"ရိုးသားလို့ ချစ်စရာ ကောင်းတာလေ အနာဂတ်အတွက် ပညာတတ်တွေ ပညာရှင်တွေ ဖြစ်လာမှာမို့ အားကိုးစရာလည်း ကောင်းတယ်"

"ဒါဖြင့်ရင် ဘာဖြစ်လို့ ကြောက်စရာ ကောင်းတာလဲ"

"ဒီကလေးတွေ ယဉ်ကျေးလိမ္မာခြင်း မရှိပဲ ကြီးလာခဲ့ရင် အားလုံးအတွက် ရန်သူဖြစ်နိုင်လို့ပဲ။ အရှေ့တိုင်း စာပေမှာ အမွေခံ သားဆိုး သမီးဆိုးကို ရန်သူထဲမှာ ထည့်ထားတာ ဖတ်ဖူးတယ်။ဒီတော့ ကလေးဆိုတာ ကျွန်မတို့ ပညာရေး ပေါ်လစီ မှားရင် ရန်သူဖြစ်လာနိုင်တယ်။ဒါကြောင့် ကြောက်တာ"

"ဟုတ်တယ်နှော် -- ဆက်ပြောပါအုံး"

"ကျွန်မ အယူအဆကို ပြောပြမယ်နှော်။ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဆိုတာ ဧကရာဇ်ဘုရင်ကြီးတွေ မွေးဖွား ပေးဖို့လည်း မဟုတ်ဘူး မဟာသူဌေးမင်းကြီးတွေ ပေါ်ပေါက်လာဖို့လည်း မဟုတ်ဘူး"

မဟာပညာကျော်ကြီးတွေ ဖြစ်လာဖို့လည်း မဟုတ်ဘူး။ ပညာရေးရဲ့ အဓိက ရည်မှန်းချက်ဟာ တိုင်းပြည်အနေနဲ့ ပြောရမယ်ဆိုရင် နိုင်ငံသူ နိုင်ငံသားကောင်းတွေ မွေးထုတ်ပေးဖို့ပဲ။အိမ်တစ်အိမ် အနေနဲ့ ပြောရမယ်ဆိုရင် သားကောင်း သမီးကောင်း မိသားစုကောင်း ဖြစ်အောင် သင်ကြားပေးခြင်းဟာ အခြေခံ ပညာရေးရဲ့ ရည်မှန်းချက်ပဲ"

"ခင်များ ဖြေတာ တော်တော်ကောင်းတာပဲ ဆက်ပြီး မေးခွင့်ပြုပါ"

"ရပါတယ်"

"လစာ ဘယ်လောက် ရပါသလဲ"

"ဒီမေးခွန်းက မမေးသင့်ဘူး ထင်ပါတယ်"

"ဒီလိုပါ- ဝန်ထမ်းတစ်ယောက်ဟာ လစာ လုံလောက်စွာ မရရင် အကျင့်ပျက် နိုင်တယ်'အကျင့်ပျက် ဝန်ထမ်းဆိုတာ သူ့အလိုလို ဖြစ်လာတာ မဟုတ်ဘူး' ခေတ်အခြေအနေနဲ့ လစာ ညီမျှမှု မရှိခြင်းဟာ အကျင့်ပျက် ဝန်ထမ်းကို မွေးဖွားပေးတတ်တယ် ဒါကြောင့် မေးတာ"

"လစာက လုံလောက်ပါတယ် ခံစားခွင့်တွေလည်း အပြည့်အဝ ပေးထားပါတယ် ဒီတော့ ကျွန်မတို့ဘက်က ကိုယ်လုပ်တဲ့ အလုပ် အပေါ်မှာ စေတနာလည်း ပါသင့်တယ်။ ဝါသနာလည်း ပါသင့်တယ်။ ကိုယ့်အလုပ်ကို ကိုယ် တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ ဒါမှ ဝန်ထမ်းကောင်း ဖြစ်မှာရှင့်"

"ဆက်ပြီး မေးပါရစေ"

"ကောင်းပါပြီ-မေးပါရှင်"

"ကလေးတွေက ဥာဏ်ရည် ဘယ်လို နေသလဲ"

"ပြန်ပြီးမေးပါ-မေးခွန်းကို နားမလည်လို့"

"ကလေးတွေက တော်သလား  ညံ့သလားလို့ ဆိုလိုတာပါ"

"ဒါဆိုရင် ရှင့်ကို မေးခွန်းတစ်ခု ပြန်မေးမယ်။နှင်းဆီပန်းနဲ့ စပယ်ပန်း
ဘယ်ပန်းက ပိုလှသလဲ"

"ဘာဆိုင်လို့လဲ"

"ဖြေကြည့်ပါ"

"နှင်းဆီပန်းက လှတာပေါ့"

"ကျွန်မ မေးတာက နှင်းဆီပန်းနဲ့ စပယ်ပန်း ဘယ်ပန်းက ပိုလှသလဲလို့ မေးတာလေ"

"ဖြေပြီးပြီလေ-နှင်းဆီပန်းက လှတယ်လို့"

"ကျွန်မ မေးတာ ဘယ်ပန်းကို ပိုကြိုက်သလဲလို့ မေးတာ မဟုတ်ဘူး။ ရှင်က ရှင်ကြိုက်တဲ့ နှင်းဆီပန်းကိုပဲ လှတယ်လို့ ပြောနေတယ်"

"ဟုတ်သားပဲ-ကျုပ်က နှင်းဆီပန်းကို ကြိုက်တယ်ဗျ။ ဒါကြောင့် နှင်းဆီပန်းကို လှတယ်လို့ ပြောလိုက်မိတာ"

"တကယ်တော့ နှင်းဆီပန်းလည်း လှသလို စပယ်ပန်းလည်း လှပါတယ်ရှင့်
ကလေးတွေကို တော်သလား ညံ့သလားဆိုတဲ့ မေးခွန်းဟာ လူကြီးတွေ ဘယ်တော့မှ မမေးသင့်တဲ့ မေးခွန်းပဲ။သူ့အလှနဲ့သူ အားလုံး လှကြပါတယ်။ကျွန်မတို့ လူကြီးတွေကသာ လူငယ်တွေကို ပိုပြီး တန်ဖိုးထားတတ်ကြဖို့ ပိုပြီး လိုအပ်တယ်။ ဘာပဲပြောပြော ကလေးတွေ အားလုံး မညံ့ကြပါဘူး။ သူတို့မှာ ကျွန်မတို့နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းလေးတွေ ရှိနေကြပါတယ်။လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဆိုတာ တိုင်းပြည် တစ်ပြည်ရဲ့သယံဇာတ တစ်ခုပါပဲရှင့် အဲဒီ
စိတ်ကူးစိတ်သန်းတွေကို ဖျက်ဆီး မပစ်ဖို့ပဲ လိုတယ်။လူငယ်တွေရဲ့ အိပ်မက်တွေကို တည်ဆောက်ပေးရခြင်းဟာ နိုင်ငံတစ်ခုရဲ့ တာဝန်ပဲရှင့်"

"ခင်များက ဆရာမ လုပ်သက် အနည်းငယ်သာ ရှိပေမဲ့ မေးခွန်းတွေရဲ့ အဖြေတွေကို စနစ်တကျ ဖြေတတ်တယ်နှော်"

"စာဖတ်လို့ပါ"

"ဘာစာတွေ ဖတ်သလဲ"

"အစုံဖတ်တယ် အားရင် ကျွန်မက စာဖတ်တယ်"

"ဒါနဲ့ မေးရအုံးမယ်-အိုဘားမားကို နှစ်သက်သလား"

"နှစ်သက်ခဲ့ပါတယ်"

"နောက်ထပ် တစ်ကြိမ်အတွက် ထပ်ပြီး နှစ်သက်နိုင်ပါဦးမလား"

"ဒါကတော့ မပြောနိုင်ဘူးရှင့် သူ့ အပြောနဲ့ သူ့အလုပ်ကို စောင့်ကြည့်ရမှာပဲ အပြောနဲ့ အလုပ် ညီရင်တော့ တစ်မျိုးပေါ့ အပြောတခြား အလုပ်တခြားဆိုရင်လည်း တစ်မျိုးပေါ့လေ"

"သမ္မတကြီးနဲ့ ခင်များနဲ့ တိုငိးပြည်အတွက် ဘယ်သူက ပိုအရေးကြီးသလဲ"

"တိုင်းပြည်အတွက် ဆိုရင်တော့ သူရော ကျွန်မရော ရှင်ရော  ဒီနိုင်ငံမှာရှိတဲ့ လူတွေ အားလုံး အတူတူပဲအရေးကြီးတယ်။
ရှင့်မေးခွန်းက တစ်ခုခု လိုနေသလိုပဲ။ ဒီနိုင်ငံမှာနေ ဒီမြေ, ဒီရေ, ဒီလေနဲ့ အသက်ရှင်ကြသူ အချင်းချင်း အားလုံးအတွက် အားလုံး အရေးကြီးတယ်အားလုံး အရေးပါတယ်အားလုံးကောင်းမှ အားလုံးကောင်းမှာပေါ့။တစ်ဦးတစ်ယောက် တစ်သင်းတစ်ဖွဲ့ ကောင်းယုံနဲ့ အားလုံး မကောင်းနိုင်ဘူး"

"All Right…ကောင်းလိုက်တဲ့ အဖြေဗျာ-နောက်ဆုံး မေးခွန်းတစ်ခု မေးပါရစေ သမ္မတကြီးနဲ့ ခင်များ တိုင်းပြည်အတွက် ဘယ်သူက ပိုပြီး တာဝန်ရှိသလဲ"

"ဒါကလည်း ရှင်းရှင်းလေးပါ။ကျွန်မက ပိုပြီး တာဝန်ရှိတာပေါ့"

"ဘာကြောင့်လဲဗျ-ခင်များ အဖြေက တစ်မျိုးကြီးပါလား"

"ဟုတ်တယ်ရှင့်-သမ္မတတို့ ဝန်ကြီးချုပ်တို့ အမတ်တို့ဆိုတာ ပါတီ နောက်ခံတစ်ခုနဲ့ ရွေးချယ်ခြင်း ခံရပြီး တာဝန် အပ်နှင်း ခံရတဲ့ သူတွေလေ (၄)နှစ် သက်တမ်း အတွင်းမှာကို တာဝန်က ရပ်စဲခြင်း ခံရနိုင်တာပဲ ကျွန်မတို့က နိုင်ငံ့ ဝန်ထမ်းတွေရှင့် ပင်စင် မယူမချင်း အလုပ် လုပ်ကြရမှာ တိုင်းပြည်အတွက် ကျွန်မတို့ ဝန်ထမ်းတွေက ပိုပြီး တာဝန် ရှိတာပေါ့ရှင်"

"ကျေးဇူး တင်ပါတယ်။ခင်များ အဖြေကို သဘောကျပါတယ်"

"ကျွန်မကလည်း ဖြေဆိုခွင့်ရလို့ ကျေးဇူးတင်ပါတယ်"

=====================================

ကမ္ဘာကျော်လေးများ

=====================================

                                   နှင်းနှင်းနွယ်(RaKhineThu)

Photo!!Credit..1502c130a87

လူတစ်​​ယောက်​၏ တန်​ဖိုး

လူတစ်ယောက်၏ တန်ဖိုး
-------------------------------
(အလွန်းကောင်းတဲ့ အသိပညာပေး ပို့စ်ကောင်းတစ်ခုပါ)

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......

" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"

" ကျွန်တော် မတတ်ပါဘူး"

"ရူပဗေဒ တတ်သလား"

"ဒါလဲ မတတ်ပါဘူး"

" ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား"

"စိတ်မကောင်းပါဘူး... ဒါလဲ ကျွန်တော်မတတ်ပါဘူး"
ဆရာမှာ ခေါင်းခါပြီး
"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့၆ပုံ၂ပုံကိုခင်ဗျားဆုံးရှုံးမယ်၊
ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ် ၊
ကွန်ပျူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ် ၊
ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ...."

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင်
တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား
" ခင်ဗျားရေကူးတတ်သလား"ဟုမေးလိုက်သည်။

ဆရာက ခဏမျှ ဆွံအပြီး
"ကျွန်တော်မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး"ဟုပြန်ဖြေလေသည်။

လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
" ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်"
ဟု ပြန်ဖြေခဲ့သည်။

..........................................

လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပျူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။

ဒါဟာ ပညာရှင်တွေရဲ့အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက
သူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။
ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။ တပါးသူကို အထင်မသေးပါနဲ့။
"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး... ဒါပေမဲ့ သူဟာ ရိုးသားတယ်... မကောင်းတာကို မကြံစည် တတ်ဘူး။

ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။
ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ
ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့.....

အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို
တိုင်းတာဖို့ မစဉ်းစားပါနဲ့တဲ့......

ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း
တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာတကယ်တမ်းတော့
တော်တော်မလွယ်လှပါဘူး။

(သီတဂူဆရာတော်ကြီး၏ တရားတော်မှ)

Credit to ဘ၀စာမျက်နှာ
copy from; River View Resort1502c130a87

တိုင်းရင်းသား ၁၃၅ မျိုး

ပရိတ်​​ခွေဖွင့်​မှပို​သောင်းကျန်းတဲ့ သရဲ

###  ပရိတ်ခွေဖွင့်မှပိုသောင်းကျန်းတဲ့ သရဲ  ###

( မှတ်ချက်။  ။ စိတ်ခိုင်မှဖတ်ပါ )

ဒီခေတ်ကြီးထဲမှာလုပ်ကိုင်စားသောက်ရတာမလွယ်ပါဘူးဗျာ-တစ်နေကုန်ပင်ပင်ပန်းပန်းလုပ်ကိုင်စားသောက်ရတဲ့ ကျနော်တို့လို အနှေးယာဉ်လုပ်သားတွေအတွက်ပိုဆိုးတယ်-လူတိုင်းလိုလိုအသုံးစားရိတ်ခြွေတာနေကြတော့ကျနော်တို့တွေတွက်ခြေမကိုက်တာမဆန်းပါဘူးဗျာ-ဒီနေ့လဲ မနက်ကနေညနေစောင်းထိ နင်းတာ အိတ်ထဲ ၂၀၀၀ကျော်လေးပဲရသေးတယ် -owner ကြေး နဲ့ အိမ်စားရိတ်မရသေးဘူး - ညတိုင်းအပန်းဖြေနေကြ ဘုံဆိုင်နဲ့ ဝေးတော့မယ်ထင်တယ် အခုနေအခေါက်ကြီးတစ်ခေါက်ရရင်အဆင်ပြေမယ်လို့တွေးပြီးနင်းလာလိုက်တာ ဆေးရုံရှေ့ကို ရောက်လာပါတယ် -- "ဗျို့အစ်ကိုဆိုက္ကားအားလား" "ကျနော်လဲဝမ်းသာအားရနဲ့ "အားတယ်ညီ ဘယ်သွားမလို့လဲ တက်လေ'' ကောင်လေးကအသက်၂၀ ဝန်းကျင်ပဲရှိဦးမယ် ကျနော့်ဆိုက်ကားပေါ်တက်ထိုင်ပြီး "ခနလေးအစ်ကိုဆေးရုံထဲမှာလူနာတစ်ယောက်သွားခေါ်ရမယ် ပြီးရင်ကြံခင်းရပ်ကွက်မြတောင်ညို ၂ လမ်းကိုသွားမ
်အစ်ကို" ကျနော်လဲ ဆေးရုံဝင်ပေါက်ကိုနင်းလာလိုက်ပါတယ် စိတ်ထဲမှာလဲ ၂၅၀၀-၃၀၀၀ လောက်တောင်းမယ်စဉ်းစားထားလိုက်ပါတယ်----ဆေးရုံအဝရောက်တော့ ငိုထားပုံပေါက်တဲ့အမျိုးသမီးနှစ်ယောက်က ကောင်လေးအနားကိုလာပြီးး"မောင်လေးကားဘာလို့မငှားလာတာလဲ ဆိုက္ကားနဲ့ဖြစ်ပါ့မလား" "ကားငှားလို့မရဘူးမမကြီး ရဲ့ ဘယ်သူမှမလိုက်ဘူး''- ကျနော်သဘောပေါက်လိုက်ပါပြီ လူနာအသက်မရှိတော့ဘူးဆိုတာ-စိတ်ထဲမှာလဲပျော်သွားတယ် အခေါက်ကြီးရပီလေ ဒါမယ့် စိတ်ပျက်တဲ့အမူအယာနဲ့ ''ညီလေးမင်းပြောတော့လူနာတင်ရမှာဆို လူသေဆိုရင်တင်လို့မဖြစ်ဘူးကွ '' လို့ပြောလိုက်ရော" အမျိုးသမီးက "ကူညီပေးပါအစ်ကိုရယ်အခကြေးငွေမနစ်နာစေရပါဘူး'' ကျနော်လဲရုပ်တည်နဲ့ "တစ်သောင်းပေးမှလိုက်နိုင်မယ်"ပြောလိုက်တော့ ''ရပါတယ်အစ်ကို ရော့ဒီမှာ တစ်သောင်း''ဆိုပြီးချက်ချင်းထုတ်ပေးရှာတယ် -တောင်းလိုက်တာနည်းသွားလာမသိဘူးလို့တောင်တွေးမိတယ် :P-အဲ့လိုနဲ့ အပေးအယူတည့်ပြီး အလောင်းကောင်ကြီးကို တင်ပြီး နင်းလာခဲ့လိုက်ပါတော့တယ်-----လူသေကအဖွားကြီး ကောင်လေးကသူ့သား-အလောင်းကြီးကိုမပြုတ်ကျအောင် ကောင်လေးက အနောက်ခုံကနေ လိုက်ထိန်းပါတယ်-ကျနော်လဲတခုတွေးမိပြီးကောင်လေးကိုမေးလိုက်ပါတယ် "ညီလေး အလောင်းကိုရေခဲတိုက်မပို့ပဲ အိမ်ဘာလို့ပြန်သယ်တာလဲ မသယ်ကောင်းဘူးလို့ အယူရှိတယ်နော် အပမှီတတ်တယ်'' ''ကျနော်လဲမသိပါဘူးအစ်ကိုရယ် မမကြီးကအမေသေတယ်ဆိုတာမယုံနိုင်သေးဘူးဖြစ်နေတာ မြောနေတာလဲဖြစ်နိုင်တယ်တဲ့ ဒါကြောင့်အိမ်မှာထားမယ်ဆိုလို့ပြန်သယ်လာတာ'' ''အော်အေးပါကွာအစ်ကိုကမသိလို့မေးတာပါ'' ''ဟုတ်ရပါတယ်အစ်ကို''-အဲ့လိုနဲ့ သူတို့ လမ်းကိုရောက်တော့နေဝင်ရီတရောအချိန်ဖြစ်နေပြီ လမ်းထဲဝင်ဝင်ခြင်းပဲ အူလိုက်တဲ့ခွေး ဟောင်လိုက်တဲ့ခွေး တစ်လမ်းလုံးကိုဆူညံသွားတာပဲ-ကျက်သီးတွေတောင်ထတယ်-အလောင်းကြီးကို သူတို့ခြံထဲကူသယ်ပေးပြီးအိမ်ရှေ့မှာ ပြင်ဆင်ပေးနေတဲ့အချိန်မှာ ကောင်လေး အစ်မ၂ ယောာက်က နာရေးကူညီမှုအသင်းက ပစ္စည်းတွေနဲ့အတူပြန်ရောက်လာပါတယ် ကျနော်လဲ ကူလုပ်စရာင်္ရှိတာတွေကူလုပ်ပေးပြီး အိမ်ပြန်မယ်လုပ်တော့ ကောင်လေးက ငွေငါးထောင်ထပ်ပေးပါတယ် ''အစ်ကိုညကျရင်လာစောင့်ပေးပါလားကျနော်တစ်ယောက်ထဲဖြစ်နေလို့'' ''အေးညီလေးရေချိုးထမင်းစားပြီးပြန်ထွက်ခဲ့မယ် အစောင့်သဘောမျိုး ဖဲဝိုင်းလေးလုပ်ပါလားလူမရှိရင် အစ်ကို့ ဘော်ဒါတွေ ခေါ်လာခဲ့မယ်လေ'' ''ဟုတ်ကဲ့အစ်ကိုအဆင်ပြေသလိုလုပ်ပါ'' ''ok ညီလေး''-----------
ကျနော်လဲအပြန်မှာownerကြေးဝင်ပေးရင်းဆိုက္ကားညဘက်ဆက်ယူမယ်လို့ပြောပြီးအိမ်ပြန်ခဲတယ်အိမ်မှာရေချိုးထမင်းစား အဲ့ဒီနောက်သူငယ်ချင်းတွေလိုက်ခေါ် ဖဲထုပ်၂ထုပ်ဝယ်ပြီး မသာအိမ်ကို ချီတက်ခဲ့ပါတော့တယ် ------
မသာအိမ်ရောက်တော့ ကောင်လေးက ကျနော်တို့ ဝိုင်းဖို့နေရာပေး ရုံမက - စားဖို့သောက်ဖို့ပါစီစဉ်ပေးပါတယ် ကျနော်တို့ သူငယ်ချင်းတွေ အပျင်းပြေပိုကာဆွဲရင်း မသာစောင့်နေလိုက်တာ အချိန်ကုန်မှန်းမသိကုန်သွားတယ် ကောင်လေးက နာရီကိုကြည့်ရင်း''၁၂ နာရီတောင်ထိုးတော့မယ်ကျနော်ခနအိပ်လိုက်ဦးမ
်အစ်ကို'' လို့ပြောတော့ ''အေးအေး ငါတို့ရှိတယ် ဘာမှစိတ်မပူနဲ့ '' လို့ပြန်ပြောပြီး ဆက်ကစားနေလိုက်တယ်- ကောင်လေးထသွားတော့မှကျနော့်ဖဲကလဲကောင်းချက်ပဲကျတယ် တုတ်ဆက်တိုက်ရတာ အပျော်ကြေး ငါးဆယ် တစ်ရာဆော့ပေမယ့် နှစ်သောင်းကျော်နိုင်နေပြီ ဟိုကောင်တွေလဲ ကုန်တဲ့လူကုန်တော့မယ် -ကျနော်က အလောင်းကိုကျောပေးထားတာ ကျနော့်ရှေ့က ကောင်က ဖဲဆက်တိုက်သေ(ဖဲမကောင်း)လို့ကုန်ခါနီးနေပြီ - အဲ့အချိန်မှာ အဲ့ကောင်က ရုတ်တရက်အလန့်တကြားးပုံစံနဲ့'' ဟျောင့် အလောင်းကြီးမရှိတော့ဘူး'' လို့ထပြောပါရော ဘေးကကောင်တွေကလဲ ''ဟုတ်တယ်ကွ'' လို့ဝိုင်းပြောတော့ ကျနော်က''ဟားဟား လာလုပ်မနေနဲ့ရိုးနေပီ ငါ့ပိုက်ဆံတွေလုမလို့မဟုတ်လားးမင်းတို့ကို ငယ်လေးထဲကပေါင်းလာတာဒါမျိုးရိုးနေပီ ဟားးဟားး'' ''အာာမဟုတ်ဘူးတကယ်ပြောာာ'' သူ့စကားမဆုံးသေးဘူး ''အားးးအောင်မလေးးး'' ဆိုတဲအသံတွေကြားလိုက်ရပြီးကောင်လေးရယ် သူ့အစ်မ အလတ်ရယ် အိမ်ထဲကနေအိမ်ပြင်ကိုပြေးထွက်လာတယ် ''သရဲ -သရဲ - အမေ - သရဲ'' ''အစ်ကိုလုပ်ပါဦး အိမ်ထဲမှာ မမကြီးတစ်ယောက်ထဲကျန်ခဲ့တယ်'' ကျနော်တို့လဲ စိတ်ပူပြီး အိမ်ထဲကို မဝင်ရဲဝင်ရဲနဲ့ ဝင်လာခဲ့လိုက်ပါတော့တယ်----------
အိမ်ထဲရောက်တော့ မသာကောင်ကြီးက ခေါင်းရင်းမှာငုတ်တုတ်ထိုင်ပြီး အကြီးမကြီးနဲ့စကားပြောနေပါတယ် မျက်ထောင့်ကြီးတွေနီနေပြီးပုံမှန်လူနဲ့မတူတော့ဘူး-"ငါဗိုက်စာတယ် ငါ့ကို ထမင်းကျွေးစမ်း'' -အကြီးမကြီးက ''ဟုတ်ကဲ့ အမေ သမီး ခူးကျွေးပါ့မယ်'' လို့ပြောပြီးအိမ်အနောက်ဘက်ကိုထွက်သွားပါတယ် -အဖွားကြီးက ကျနော်တို့ကို စိုက်ကျိပြီး ''နင်တို့ဘာလုပ်နေကြတာလဲ '' လို့မေးပါလေရော-ကျနော်တို့လဲဘာပြန်ဖြေရမှန်းမသိဘူးဖြစ်နေချိန်မှာ- ကောင်လေးက ''အမေ သတိပြန်ရလာတာလားဟင်'' လို့မေးလိုက်တော့ အဖွားကြီးက ''ငါ နင့်အမေမဟုတ်ဘူးး ငါ့ကို အမေလို့မခေါ်နဲ့'' လို့စူးစူးဝါးဝါးပြန်အော်ပါရော- ကျနော်လဲ အပမှီနေပြီဆိုတာနားလည်လိုက်ပါတယ်-''ညီလေး ဘုရားသောက်တော်ရေနဲ့ ပက်လိုက်ပါလား'' ''ကျနော်မသွားရဲဘူးအကို ဘုရားစင်က အမေ့နောက်မှာလေ'' - အဲ့အချိန်မှာ အကြီးမကြီးပြန်ထွက်လာပြီး အဖွားကြီးကို ထမင်းပန်ကန် ချပေးပါတယ် ''အမေစားး စားးဗိုက်ဆာနေမှာပေါ့ ဝအောင်စားအမေ '' အဖွားကြီးလဲ ပန်းကန်ကိုစောင့်ဆွဲလိုက်ပြီး ဟင်းတွေပဲရွေးစားနေပါတယ် ဟင်းကုန်တော့ ဆက်မစားပဲ ထပ်ပေးလို့ပြောတယ် အကြီးမကြီးလဲ ထပ်ထည့်ပေးပါတယ် သူက ဟင်းပဲစားတယ် ထမင်းကိုတို့တောင်မတို့ဘူး ကုန်တော့ထပ်တောင်းပြန်တယ်-အကြိမ်ပေါင်းများလာတော့ အလတ်မက မနေနိုင်လို့ ''အမေစားနေတာ များနေပြီ ဟင်းမရှိတော့ဘူး'' လို့ ပြောလိုက်ရော အဖွားကြီးက ဘယ်မှာများလို့လဲ ဆိုပြီး လျာထုတ်ပြတာ လျာကြီးက ရင်ဘတ်ထိ ထွက်ကျလာပါတယ် လျာကိုပြန်သွင်းလိုက်တော့အလိပ်လိုက်ပြန်ဝင်သွားပါရော- အဲ့တာကိုမြင်တော့အကြီးမကြီးလဲရင်ဘတ်ကိုလက်နှစ်ဖက်နဲ့ဖိပြီးလန့်သွားတဲ့အမူအယာနဲ့ကျနော်တို့အနားကို ကပ်လာပါတယ် ''မောင်လေးလုပ်ပါဦး အမေပုံမှန်မဟုတ်တော့ဘူး'' ''ဟုတ်တယ်အစ်မ အပမှီနေပြီထင်တယ် ဘုန်းကြီးသွားပင့်ရင်ကောင်းမယ် '' ပြောလိုက်တော့ အလတ်မက''ကျမသွားပင့်မယ်''ဆိုပြီးကောင်လေးနဲ့အတူထွက်သွားပါရော- "ဘုရားစာလေး ပရိတ်လေး ရွတ်ပါလားအစ်မ'' ''အစ်မ အလွတ်မရဘူးမောင်လေး စာအုပ်ကလဲ ဘုရားစင်ပေါ်မှာ ပရိတ်စီဒီခွေတော့ရှိတယ် DVD စက်က အမေ့ဘေးမှာ မောင်လေးသွားဖွင့်ပေးပါလား အခွေက စက်ပေါ်မှာပဲ'' -ကျနော်လဲပြောမိတာမှားပြီလို့ တွေးမိလိုက်ပါတယ် ဒါပေမယ့် သူငယ်ချင်းတွေကလဲကြောက်နေတာဆိုတော့ ကျနော်ပဲ အရဲစွန့်ပြီးသွားဖွင့်တော့မယ်လို့ဆုံးဖြတ်လိုက်ပါတယ် - ---
DVD စက်နဲ့ စပီကာကို ပလပ်ထိုးပြီး စက်ပေါ်ကတရားခွေကို ကာဗာထဲကထုတ်ပြီး ဖွင့်လိုက်တဲ့အချိန်မှာ အဖွားကြီးးးထိုင်နေရာကနေဝုန်းခနဲ့ထရပ်လိုက်ပါတယ် - မျက်လုံးပြူးထွက်လာရုံမကမျက်ထောင့်ကြီးကပါနီနေတယ် ဒေါသထွက်လာတဲ့ပုံစံနဲ့ လက်တစ်ဖက်ကိုလက်သီးဆုပ်ပြီး မြောက်လိုက်ပါတယ် -ကျနော် သွေးပျက်မတတ်ဖြစ်သွားပြီး အဖွားကြီးကို ကြောက်လန့်တကြားထပ်ကြည့်လိုက်တော့-သူကနောက်ထပ်လက်တစ်ဖက်ကို လက်သီးထပ်ဆုပ်ပြီး ရင်ဘတ်ရှေ့မှာကန့်လန့်ဖြတ် အနေထားထားလိုက်ပါတယ် လျာ ကြီးကလဲ တန်းလန်းကြီး ထွက်လာပြီး ခြေကားယားလက်ကားယားနဲ့ တအိမ်လုံး ဗြောင်းဆန်အောင် ခုန်နေပါတော့တယ်-ကျနော်လဲ ''အားးးးကြောက်ပါပြီ''လို့အော်ရင်းးသူငယ်ချင်းတွေဘက်ကို အမြန်ကျွမ်းထိုး ပြီးလှိမ့်ထွက်လိုက်ရတယ် ---------
သူငယ်ချင်းတွေဘက်ရောက်တော့ အားလုံးက ကျနော့်ကို ဝိုင်းထုကြပါတယ် -- "နေ - နေကြပါဦး ငါကသရဲလက်ကလွတ်အောင်ပြေးလာတာမင်းတို့ကငါ့ကို ဘာလို့ ထုနေကြတာလဲ မင်းတို့ပါသရဲဝင်စီးနေပြီလား''
အဲ့အချိန်မှာ အဖွားကြီးလဲ ပိုပြီးခုန်ပေါက်နေပါတယ် စပီကာထဲကလည်းကြောက်မက်ဖွယ်ရာရင်ခေါင်းသံကြီးတစ်သံ ထွက်လာပါတယ်-တိုက်တိုက်ဆိုင်ဆိုင် အဖွားကြီးလဲ အသံနက်ကြီးနဲ့ စပီကာကထွက်လာတဲ့အသံတိုင်း တပြိုင်နက်ထဲလိုက်အော်ပါတယ်
အဲ့ ဒီကြောက်မက်ဖွယ်ရာအသံကြီးကတော့



*****အိုပါဂန်းနမ်း စတိုင်*****
ဟိုက်-----လွဲပါလေရော ကာဗာတစ်ခြားခွေတခြားဖြစ်နေတာ
ဒါပေမယ့် အလွဲကောင်းဖြစ်သွားပါတယ် သရဲက PSY ဖန် ဖြစ်နေတာကိုးးးးး ။ =D

( ရယ်မောခြင်း၊ ကြောက်ရွံ့ခြင်းရသတို့ဖြင့် ဘဝအမောတွေ ပြေနိုင်ကြပါစေ )

Credit by ဆိုက္ကားသမားသူငယ်ချင်း
ADMIN =)  JUVENILE