Wednesday, September 14, 2016

(၁၈)သိန်းတန် ဆိုင်ကယ်ကြီးစီး

သူငယ်ချင်း…
(၁၈)သိန်းတန် ဆိုင်ကယ်ကြီးစီး(၅)သောင်း
ကျော်တန် မျက်မှန်ကိုတပ်
၃ သောင်းကျော်တန်အဝတ်အစားတွေနဲ့
မင်းရောက်လာတာငါအားကျမိပေမဲ့
ထောင်ကျော်တန်ဦးထုပ်လေးမပါလာ
တော့ သေမင်းကိုပါနောက်ကတင်လာခဲ့
သလိုမြင်နေတာမို့ ငါထိန့်လန့်မိတယ်ကွာ နောက်တစ်ခါငါ့စီလာရင် သေမင်းကိုတော့
ခေါ်မလာပါနဲ့

သူငယ်ချင်း…
KTV အတွက်အချိန်တစ်ညပေး
ဘီယာဝိုင်းအတွက်အချိန်နှစ်နာရီနဲ့
COC အတွက်ရသမျှအချိန်တွေ မင်းပေးနိုင်ခဲ့ပေမဲ့ အဝိုင်းပတ် မီးပွိုင့် လမ်းဆုံ လမ်းလေးခွနဲ့ လူသူရှုပ်တဲ့နေရာတွေမှာ မိနစ်ပိုင်းလေး ယာဉ်မောင်းရင်းပေးရမဲ့အချိန်တွေကိုတော့ ဖင်တကြွကြွဖြစ်နေတဲ့မင်းပုံစံဟာ သေမင်းစီးကိုအရောက်နောက်ကျမှာစိုးနေသလိုပါပဲ နောက်တစ်ခါငါနဲ့သွားရင် သေမင်းအတွက်အချိန်မပေးပါနဲ့

သူငယ်ချင်း
ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတွေရဲ့ ပေါင်းကူးတံတားမှာ တို့ရဲ့ ပေါ့လျှော့ခြင်းလှေကားထစ်တွေမခင်းမိပါစေနဲ့ ဒီနေ့ ဒီအချိန် ဒီအောင်မြင်မှုတွေရအောင် အပတ်တကုတ်ကြိုးစားလာခဲ့ပီးကာမှ ပေါ့လျှော့ခြင်းတစ်ခုကြောင့် ဘဝမပျက်ပါစေနဲ့ ယာဉ်မတော်တဆမှုတွေကြောင့် တဖြုတ်ဖြုတ်သေဆုံးနေကြတဲ့သူတွေထဲ ကိုယ်မပါမိခင်ကထဲက တို့တွေ အသိနဲ့သတိတွေရှိကြပါစို့။
ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

အမှိုက်ပုံထဲကဆယ်ယူနိုင်ခဲ့တဲ့ ကြယ်တပွင

ကြံခင်း..စက်တင်္ဘာ(၁၂)
မဟာဘောဂလမ်း(ရဲစခန်းဝန်း)ရှေ့
ပလက်ဖောင်းပေါ်ကမြင်ကွင်းလေး၊
အမှိုက်ခြင်းအမှိုက်ပုံပေါင်းစုံက
ရှာဖွေကောက်ယူလာဟန်ရှိသော
ဘူးခွံပုလင်းခွံများကိုပီနန်အိတ်ဖြင့်
ထမ်းလျက်၁၂နှစ်ခန့်အရွယ်ခလေး
ငယ်တဦး..သူ့ရှေ့ မှာတော့ဖြူစိမ်း
ဝတ်စုံဖြင့်ပညာရေးဌာနမှဆရာမ
ကြီးတဦးကရပ်လျက်..
    ဆိုင်ကယ်ကိုရပ်ဘေးနားအပြေး
ကပ်..စပ်စပ်စုစုကျွန်တော်...
*ခလေးကကျောင်းမနေဘူးလား?
*သုံးတန်းထိနေဘူးပါတယ်
*ဘယ်မှာနေလဲ..ဘာလို့ကျောင်း
  ဆက်မတက်တာလဲ?
*ရွှေတောင်စုဧရာနိုင်မှာနေတယ်
  ညီမလေးကကျောင်းတက်တယ်
  ကျွန်တော်အဖွားကိုပိုက်ဆံပေးဖို့
  ပုလင်းခွံဘူးခွံတွေလိုက်ကောက်
  ရတယ်..
*မင်းအဖေက?
*အဖေမရှိတော့ဘူး..သေပြီ..
*မင်းအမေကော?
* သေပြီ..
*မင်းညီံမလေးကဘယ်ကျောင်း
မှာတက်လဲ?
ရွှေတောင်စုကျောင်းမှာနှစ်တန်း
  တက်နေတယ်..
ဆရာမကြီးကခလေးငယ်၏မိသားစုဘဝကိုသဘောပေါက်စွာဖြင့်...
*မင်းကျောင်းဆက်တက်မလား?
*ဟင့်အင်း
ခလေးကခါးခါးသည်းသည်းငြင်း
သည်..ဆရာမကြီးကလည်းအ
လျှော့မပေး..စာအုပ်တွေလည်း
ပေးမယ်..အဝတ်တွေလည်းပေး
မယ်..ကျောင်းမှာမုန့်တွေလဲကျွေး
တယ်..ခလေးငယ်ကစိတ်ဝင်စား
ဟန်ဖြင့်ဆရာမကြီးမျက်နှာကိုမော့
ကြည့်ကာတစုံတရာကိုစဉ်းစားနေပုံ
ရသည်..ဆရာမကြီးကခလေးငယ်
စဉ်းစားနေသည့်အချက်ကိုသဘော
ပေါက်သွားပြီး..ဒီလိုကွာခလေးရာ
မနက်ပိုင်းနဲ့နေ့လည်ပိုင်းမှာမင်းလုပ်
နေကျအလုပ်တွေလုပ်ပြီးညနေ(၄)
လောက်ကြမှမင်းကိုစာသင်ပေးမှာ
တနေ့ကိုတနာရီသာသာလောက်ဘဲသင်မှာ..ပြီးရင်မင်းကိုစတုတ္ထ
တန်းအောင်လက်မှတ်ထုတ်ပေး
မှာ..မင်းအဖွားကိုလဲအိမ်အထိဆရာ
မကြီးတို့လိုက်ပြောပေးမယ်..အဲဒါ
ဆိုမင်းကျောင်းဆက်တက်မယ်မ
လား?
*ဟုတ်ကဲ့...
အမှိုက်ပုံထဲကဆယ်ယူနိုင်ခဲ့တဲ့
ကြယ်တပွင့်အတွက်ဆရာမကြီး
မျက်နှာမှာတော့ပီတိအပြုံးတွေ
ဝေနေသလို..ပွဲစဉ်တလျှောက်
စိတ်ဝင်စားစွာရပ်ကြည့်နေခဲ့တဲ့
ကျွန်တော်လည်းဆရာမကြီးပီတိနဲ့
ထပ်တူထပ်မျှပါဘဲဗျာ..
*ဘဝပေးနုံချာလို့လမ်းပေါ်ရောက်
နေကြတဲ့ကျောင်းနေရွယ်ခလေး
ငယ်များကို``ကျောင်းပြင်ပမူလ
တန်းပညာရေး NFPEကျောင်း´´
များသို့အရောက်ပို့ကြပါစို့။
*စမှဆုံးအချိန်ယူဖတ်ပေးသော
Frn'များအားလုံးကျေးဇူးပါ...