Friday, January 29, 2016

စိတ်ကူးနဲ့ရူးတဲ့ အိမ်မက်

စိတ်ကူးနဲ့ရူးတဲ့ အိမ်မက်
~~~~~~~~~~~

"ခွပ်......"

လက်ဆပြင်းပြင်းထိုးလိုက်သော အရှိန်ကြောင့် ကော်ဇာစိမ်းစိမ်းပေါ်က ဂျိုကာသီးလေး အရှိန်ပြင်းပြင်း
ဘောင်ပြေးရိုက်ကာ ကျင်းထဲ ကျသွားလေသည်။ထို့နောက် ဘောင်ပေါ်တွင်တင်ထားသော Jack
Dineal(On the rock) နှစ်ပက်ခွက်ကို တကျိုက်တည်း ကောက်မော့လိုက်ပြီး အောင်ပွဲခံအသံဖြင့်

"အစ်ကိုကြီး အလှည့်"

သူသတိပေးလိုက်မှ အရာရှိရိပ်သာ ဘားကောင်တာ၏တိုးညှင်းစွာ ဖွင့်ထားသော Eagleသီချင်းနောက်
မျောပါနေသော ကျွန်တော် သတိပြန်ဝင်လာသည်။

"အေးး ညီလေး"

ကျူတံကို အသာဆရင်း ခုံပတ်ကြည့်လိုက်တော့ ညီတော်မောင်ထိုးထားတာ ထိုးစရာဘောလုံးက အတော်
ရှားပါးနေချေပြီ။ဒါပေမဲ့ မထိုး၍လည်း မဖြစ်။မဖြစ်ဖြစ်အောင်ထိုးဖို့ မီးညှိခါစ မာဘိုရိုဆေးလိပ်ကို ထိုးချေလိုက်
သည်။ဘားကောင်တာနောက်က သီချင်းသံတိုးတိုးရယ် စားပွဲထိုးရဲဘော်လေးရဲ့ EMINEM သီချင်းလေး
ညဉ်းသံကလွဲလို့ အရာရှိရိပ်သာမှာ တိတ်ဆိတ်ငြိမ်သက်လျက်~~~~~~~

"တူ...တူ...တူ...တူ......!!!!"

အရာရှိရိပ်သာ wireless alarm စနစ်၏ အရေးပေါ် အချက်ပေးသံက တိတ်ဆိတ်အေးချမ်းမှုကို ဖြိုခွဲ
လိုက်လေသည်။အရာရှိများ ကိုယ်စီ အခန်းထဲမှ ပြေးထွက်လာကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်
ကာ "Shit!!" "Damage!!" အစရှိသည်တို့ ရေရွတ်ကာ အခန်းထဲ ပြန်ဝင်ပြေးကုန်လေသည်။

Informal Day မို့ အခန်းထဲမှာက ပွစာကျဲနေသည်။ရိပ်သာ laundry ကလည်း အဝတ်အစားတွေ လာမယူ
သေး။မတတ်နိုင် မနေ့ကမှ lockheed martin ကုမ္ပဏီမှ လာပို့ထားသော ကန္တာရပျောက်ကြားအသစ်ကို
အလျင်အမြန် ကောက်လျှိုလိုက်ရသည်။အရေးထဲ ကျည်ကာက ကုတင်အောက်ရောက်နေသေးသည်။ဒူးကာ၊
တံတောင်ကာများစွပ်၊helmet ဆောင်း၊ပစ္စတိုကို ပေါင်မှာချိတ်၊M.33 Semiauto ရိုင်ဖယ်ကို ကျည်ရှင်း၊
ကျည်အိမ်တပ်၊Night vision တပ်၊အလုပ်တွေက ဇယ်စပ်သလို... ပြည့်စုံပြီဆိုတော့ ပြေးထွက်လာခဲ့သည်။
ခြံစည်းရိုးနားရောက်တော့မှ Helmet ပေါ်က Digital ကင်မရာနှင့် Okley မျက်မှန်ကျန်ခဲ့၍ ပြန်ပြေးယူရ
သေးသည်။ခုံပေါ်က ချစ်သူပုံလေးပါ အိတ်ကပ်ထဲဆွဲထည့်ပြီး တန်းစီကွင်းသို့ ထွက်လာခဲ့တော့သည်။

တန်းစီကွင်းရောက်တော့ တပ်ရင်းမှုးပင် မပါ။အိုင်အိုက အဆင်သင့်စောင့်နေလေသည်။စစ်သည်များကလည်း
အသင့်။Hummer Carrier များကလည်း line up နှင့် အဆင်သင့် စက်နှိုးထားလေသည်။

"အစ်ကိုကြီးတို့ ခဏပါခင်ဗျ။အဘညွှန်ကြားချက်လေး ရှင်းပြချင်လို့ပါ။အဘက ဂြိုလ်တုမြေပုံကြည့်ပြီး ဗျူဟာနဲ့
ချိတ်နေလို့ပါခင်ဗျ"အိုင်အိုက ရှည်လျားစွာ ရှင်းပြပြီး လူစုလိုက်လေသည်။

အိုင်အိုနား ခွဲမှုး/စုမှုးတွေဆုံတော့ Digital မြေပုံပါသော box ကို power on ပြီး ဖြစ်စဉ်ကို မြေပုံနှင့်တကွ
ရှင်းပြလေသည်။စစ်ဆင်ရေးလုပ်ရမည့် အစီအစဉ်၊မိမိတပ်နေရာ၊ရန်သူ့ အခြေအနေ အားလုံးကို Touch Screen
ဖြင့် အကြမ်းဖျဉ်း ရှင်းပြသည်။ထုံးစံအတိုင်း ကျွန်တော့်တပ်ခွဲက ချီတက်ရန် ညွှန်ကြားချက်က ပါပီးသား။

"ခွဲ(၁) က စစ်ကူလိုက်ရမယ်။Ground ကို နာရီဝက်အတွင်း အရောက်သွားပါ။အသေးစိတ်ကို စက်ထဲမှာ
ညွှန်ကြားမယ်.... အားလုံးရှင်းလား" အဘအသံ စက်ထဲက ပေါ်လာသည်။

"ရထား ၉၆ ပါ အဘခင်ဗျာ"

စက်မှညွှန်ကြားချက်ဆုံးသည်နှင့် တပ်ခွဲကို လိုအပ်တာမှာပြီး Carrier များပေါ် တက်စေသည်။မိမိလည်း မိမိ
စီးရမည့် ဟန်းဗီးကားပေါ်တက်လိုက်ပြီး ကား GPS တွင်ပေါ်နေသည့် အခင်းဖြစ်ပွားရာ ၆ လုံးသို့ ဦးဆောင်
ထွက်ခဲ့လေတော့သည်။

"ဇော်ပိုင်...ရှိလား...ဇော်ပိုင်..."စက်ခေါ်ပြီး တပ်ရင်းမှုး တက်လာသည်။ပြီးနောက် အသေးစိတ်ညွှန်ကြားချက်ကို
ညွှန်ကြားလေတော့သည်။

"အားလုံး ရထားပါ အဘ ချာလီ5 ပါ"

ဖြစ်စဉ်ကား လူနာကောက်ရန်လာသော မိမိတို့ လေကြောင်းချီတပ်မမှ MI.17 ရဟတ်ယာဉ်ကြီးအား ရန်သူမှ
အာပီဂျီနှင့် အနီးကပ် ပစ်ချခဲ့ရာ ရဟတ်ယာဉ်ကြီးမှာ ပျံအတက်တွင် ပန်ကာကို ထိပြီး ပျက်ကျကာ သတ်ကွင်း
အတွင်း ပိတ်မိနေသော မိမိဒဏ်ရာရစစ်သည်များနှင့် ရဟတ်ယာဉ် crew ကို ကယ်ထုတ်ရန် ဖြစ်လေသည်။

ဗျူဟာစက်မှလည်း ထိတွေ့မှုဖြစ်ပွားသည့်နေရာနှင့် ကိုက်အကွာအဝေး၊ခန့်မှန်းရန်သူ့အင်အား၊တည်နေရာ၊
ပစ်အား၊ပစ်ခတ်နေသည့် လက်နက်အမျိုးအစားများကို ဂြိုလ်တုဖြင့်ကြည့်ကာ ညွှန်ကြားချက်များ တောက်လျှောက်
ပေးနေလေပြီ။

"ဟူးး"

ကျွန်တော်စိတ်လျှော့ချလိုက်သည်။လုပ်နေကြအတိုင်း သရဏဂုံ သုံးပါးကို အာရုံပြုပြီးကားဒက်ဘုရှ်ပေါ်ရှိ Army Issue
တံဆိပ်ပါ ပီကေတစ်တောင့်ကို ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

ထိတွေ့မှုဖြစ်သည့်နေရာနှင့် နီးကပ်လာသည်နှင့်အမျှ လက်နက်ကြီး/လက်နက်ငယ် အသံများ ဆူညံစွာ ကြားလာရပေပြီ။
ရှေ့နောက် တန်းစီလာသော မိမိတို့ ယာဉ်တန်းကို ၂စီးစီ ရှေ့နောက်နှစ်တန်း ရင်ဘောင်တန်း ဖြန့်ခိုင်းလိုက်သည်။သတ်ကွင်း
အတွင်းသို့ မိမိတို့ ယာဉ်တန်းဝင်လာသည်နှင့် ရန်သူတို့၏ ကျည်မျိုးစုံမှာ မိမိတို့ ဘေးဘယ်ညာသို့ မိုးသီးမိုးပေါက်များသဖွယ်
ကျရောက်လာလေတော့သည်။ဟန်းဗီးနှင့် carrier ပေါ်မှ စက်လတ်များ၏ တန်ပြန်ပစ်ခတ်မှုကလည်း ကြောက်ခမန်းလိလိ။
ဒီကောင်တွေ ကျည်ခွံပြန်အပ်စရာ မလိုတော့ အောပီးဝုန်းနေလေတော့သည်။

သတ်ကွင်းအလယ်တွင်မတော့ MI.17 ရဟတ်ယာဉ်မှာ တစောင်းအနေအထား လဲကျနေပြီး ရဟတ်ယာဉ်ဘေးတွင် ဒဏ်ရာရ
လူနာများနှင့်လေယာဉ်အဖွဲ့သားများက အကာအကွယ်ယူပြီး တတ်နိုင်သလောက် ပြန်လည် ပစ်ခတ်နေသည်။ညနေစောင်းလာပြီ
ဖြစ်သဖြင့် မြင်ကွင်းတွေက သိပ်မသဲကွဲတော့။Pilot ကို စစ်မြေပြင် အချက်ပြစနစ်ဖြင့် စက်ဖွင့်ခိုင်းပြီး အဆက်အသွယ်ယူကာ
အခြေအနေမေးလိုက်တော့ သူ့ အဖြစ်ကလည်း သနားစရာ။ခဏနားခိုက်သူ့ အတူနေချစ်သူနဲ့ ဟိုနိုလူလူကျွန်းမှာ အပန်းဖြေ
ခရီးထွက်နေတုန်း စစ်ဆင်ရေးအရေးကြီးလူနာကောက်ရန် C.130 လေယာဉ်နဲ့ တစ်ယောက်တည်းသွားခေါ်လာခဲ့ပြီး အခြေစိုက်
စခန်းမှ တောက်လျှောက်တက်လာကြောင်း ပြောပြလေသည်။နာမည်က လီယိုနာဒို ဟုသာသဲ့သဲ့ကြားရလေသည်။အသံကသိပ်မသဲ
ကွဲတော့။

တပ်ခွဲတစ်ခွဲလုံး ကားပေါ်မှဆင်းရန်စက်မှညွှန်ကြားလိုက်ပြီး ဖြန့်ခွဲနေရာယူစေသည်။မိမိတပ်ခွဲရောက်လာသည်နှင့်သတ်ကွင်းအတွင်း
ပိတ်မိနေသော စစ်သည်များလည်း အားတက်ကာ တရစပ် ပြန်လည်ပစ်ခတ် လေတော့သည်။

စစ်ကူရောက်လာသည်ကို သိသွားသောရန်သူတို့သည် လက်နက်ကြီးများကို အသုံးများလာသည်။တဝုန်းဝုန်း ပေါက်ကွဲနေသော
ကျည်များကြားမှ ပိတ်မိနေသော အဖွဲ့များကို သွားရောက်ပူးပေါင်းနိုင်ခဲ့လေသည်။ဒဏ်ရာရလူနာများကိုလည်း ကာပစ်ပေးကာ
အနီးရှိ Mobile စစ်ဆေးရုံသို့ အမြန်ပို့ဆောင် ပေးလိုက်သည်။မိမိဦးစီး တပ်စု(၂)စုဖြင့် ပစ်အားကိုအသုံးချကာ ရှေ့တိုးခဲ့ပြီး
Helmet များပေါ်ရှိ Night Vision များကို ဖွင့်လိုက်သောအခါ ရန်သူတို့အား အစိမ်းရောင်လူများအဖြစ် ထင်ရှားစွာ
တွေ့ရလေတော့သည်။ပေါ့ပါးပြီး ထိရောက်မှုကောင်းလှသော ကျွန်တော်တို့ လက်နက်ငယ်များကြောင့်လည်း ရန်သူတို့မှာ
တစ်ယောက်ပြီးတစ်ယောက် အတုံးအရုံးနှင့်...သို့သော်..ရန်သူ၏ စက်လတ်နေရာနှင့် စိန်ပြောင်းနေရာများကိုမူ ရှာမတွေ့
သေးပေ။

ထိုအချိန်.......

"ဒုံးး...ဒုံး...ဒုံး....ဒုံး.... ဖောက်...ဖောက်... ပလောက်..ပလောက်...."

စက်လတ်အတွဲလိုက်ကုတ်သံနှင့်အတူ ကျည်ဆံများက ဖြတ်သတ်မှန်ပြီး ဘေးနားမှာ ဖွာလန်ကြဲကုန်တော့သည်။ကိုယ်
လိုချင်သည့် အနေအထားပင်...အိတ်ထဲမှ Laser Range Finder ကိုထုတ်ပြီး ကျည်လာရာလမ်းကြောင်းကို
လှမ်းတိုင်းလိုက်တော့...တွေ့ပါပြီ...တည်နေရာ၊မြေပုံညွှန်းနှင့်တကွ။ဘေးက အသင့်ပါလာသော Sniper သမားကို
အသာလက်ကုတ်ပြီး လိုအပ်သောအချက်အလက်ပေးလိုက်သည်နှင့် OM.E Nameesis 7.62 စနိုက်ပါပြောင်းဝမှ
ကျည်ထွက်သွားလေသည်။စက်လတ်သံလည်း အပျောက်။စနိုက်ပါသမားက lucky strike ကို ပါးစပ်တွင်ခဲရင်း
ဂုဏ်ယူစွာဖြင့် မဲ့ပြုံးပြုံး ပြလေသည်။

ကျန်သေးတာက စိန်ပြောင်း အဖွဲ့၊တည်နေရာ ရှာမရသေး။ဗျူဟာကို စက်နဲ့လှမ်းပြောလိုက်တော့ ဂြိုလ်တုမှရှာ၍ အချက်
အလက်များကို ၇ စက္ကန့်အတွင်းပြန်ပို့ပေးလေသည်။နေရာ အတိအကျသိသည်နှင့် Mobile ဟောင်ဝစ်ဇာ အဖွဲ့ကို
အချက်အလက်ပေးလိုက်တာ ၁၀ စက္ကန့်ပင် မကြာလိုက်။စိန်ပြောင်းနေရာတဝိုက် ငရဲပွက်သလို မီးလုံးကြီးများ ကျရောက်
ပေါက်ကွဲပြီး အစပျောက် သွားလေတော့သည်။

ပွဲကပြီးပြီ....

မိမိဘက်က တချို့ဒဏ်ရာရသူများရှိသဖြင့် ဗျူဟာသို့ ရဟတ်ယာဉ်လှမ်းခေါ်ရာ ၁၀ မိနစ်အတွင်း အရောက်ပို့ပေးမည်
ဖြစ်ကြောင်း အကြောင်းပြန်သဖြင့် မိမိတပ်ခွဲအား လိုက်လံအားပေး၍ ရန်သူ့ အလောင်း လက်နက်များကို ကောက်ကာ
ရဟတ်ယာဉ် စောင့်ဆိုင်းနေလိုက်ပါသည်။

"ဒုတ်...ဒုတ်...ဒုတ်...ဒုတ်.,"
၁၀ မိနစ်ပင် မကြာလိုက်။ရဟတ်ယာဉ်များ ခေါင်းပေါ်ရောက်လာချေပြီ။လူနာတွေတင်၊ရန်သူ့ထံမှ လက်နက်များတင်ပြီး
ရှေ့ရဟတ်ယာဉ် စတင်ထွက်ခွာသွားပြီဖြစ်သည်။မိမိလည်း နောက်ဆုံးရဟတ်ယာဉ်ပေါ်တက်ပြီး စိတ်လျော့လိုက်ကာ
အိတ်ထဲမှ အရက်ဗူးပြားလေးထုတ်ပြီး တစ်ငုံသောက်ကာ မိမိတိုက်ပွဲဖြစ်ခဲ့သော နေရာကို အပေါ်စီးမှ ဇိမ်ခံကြည့်လိုက်ရာ
ခြုံထဲက လက်ပြနေသော မိမိရဲဘော်တစ်ယောက်ကို တွေ့လိုက်သဖြင့် စိုးရိမ်စိတ်က ငယ်ထိပ်ပြန်ရောက်သွားတော့
လေသည်။

"ပြန်ဆင်း...ပြန်ဆင်း....ငါ့စစ်သည် တစ်ယောက်ကျန်ခဲ့တယ်..ပြန်ဆင်း"

အော်လည်းအော် ဆင်းဖို့လည်းပြင်...ရဟတ်ယာဉ်ကတော့ တဖြည်းဖြည်း ဆင်းပေးနေသည်။စိတ်က မရှည်တော့။
၁၀ ပေခန့် အလိုတွင် ရဟတ်ယာဉ်ပေါ်မှ ခုန်ချလိုက်လေတော့သည်။… … … … … … … … … … … … … … …
… … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … …
… … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … …
… … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … … …
… … … … … … … … … … … … … ……
……………………………………………………

"ဖုံးး".……… "အွတ်"
မီးညှောင့်ရိုးနှင့် နောက်ကျော အောင့်တက်သွားသည်။ကျသည့် အရှိန်ကြောင့် မျက်နှာမှာလည်း သဲတွေနှင့်....
ပက်လက် အနေအထားလေး...မျက်နှာပေါ်က သဲတွေဖယ်ပြီး ကြည့်လိုက်တော့ မိုးယိုထား၍ ပေါက်နေသော
မျက်နှာကျက် ညိုညစ်ညစ်၊60W မီးသီးလေးက ပြူးကြောင်ကြောင်၊နည်းနည်း လှည့်ကြည့်လိုက်တော့ အစိမ်းရောင်
ပျောက်ပြီး အမဲရောင်သန်းနေသော ခြင်ထောင်၊မြေခင်းစအခင်းနှင့် စစ်စောင်လေး အုပ်ထားသော သစ်သား
ကုတင် ယိုင်နဲ့နဲ့ တစ်လုံး.......

"ဖီ...ငါအိမ်မက်မက်ပြီး ကုတင်ပေါ်က ပြုတ်ကျတာဟ"

ဒေါသထွက်ထွက်နှင် ကြုံးထတော့ ခါးက မျက်နေသေးသည်။"အားး ကျွတ် ကျွတ်"

ရေသောက်မလို့ ၆၀ ဝပ်မီးသီးလေးထဖွင့်တော့ ခုတင်ခြေရင်းမှာ စစ်ဆင်ရေးထွက်ဖို့ တိုလီမုတ်စ စုပြုံထဲ့ထားတဲ့
ကြိမ်ခြင်းတောင်းတစ်လုံးနှင့် နိုင်လွန်သား တောဆောင်းတစ်လုံး၊ချုပ်ရာဗလပွနှင့် အီကွေ့မန့်တစ်စုံ၊အခန်းထောင့်
မှာတော့ ကင်းဘတ်လည်တို ထိပ်ပေါက်လေးက ကျွန်တော့်ကို ပြောင်ပြနေသလို.......

"အာာာာာာာာာာာာာာာာာား………………………………………………………………………… ခွမ်းးးး"

စိတ်တိုပြီး လက်ထဲက ဆေးလိပ်ပြာခွက်နဲ့ ပြတင်းပေါက်မှန် မိတ်ဆက်သွားသည်။ဖက်ကြမ်းအတိုများက ပြန့်ကျဲလျက်...

"ဒေါက်...ဒေါက်...ဘာဖြစ်တာလဲ ....ဘာဖြစ်တာလဲခင်ဗျ"
တံခါးခေါက်သံနှင့် အတူ ပူပန်စွာ မေးနေသံပါ ထွက်လာသည်။တံခါးဖွင့်ပေးလိုက်တော့ RSM ကြီး

"ဘာရှိလည်း ဆရာကြီး စောစီးဗျာ"

"ဟို...ဟွာလေ....တပ်ရင်းအနေနဲ့ ထမင်းနဲ့ဟင်းတွေ သက်သာတဲ့နှုန်းနဲ့ရောင်းဖို့ လေ..ညွှန်ကြားချက် ရှိတယ်လေ"

"အေးပါ ကျွန်တော်သိပါတယ်....အဲ့ဒါဘာဖြစ်လို့လဲ"

"အဲ့ဒါ ရောင်းဖို့ ဟင်းချက်စရာ မိုးပြဲဒယ် မရှိလို့ ဘုန်းကြီးကျောင်း လိုက်ငှားပေးပါအုံး"

"ဗျာ……………။

ဖိုးဥာဏ်

ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့ အခါ

အားလုံးကိုဖတ်စေချင်သောအရမ်းကောင်းတဲ့စာစုလေး....

(၁) တကယ်လို့ ကိုယ့်ကိုအဖော်ပြုပေးသူမရှိတဲ့
အခါ တစ်ယောက်တည်း
သီချင်းနားထောင်ပါ၊ စာဖတ်ပါ၊ စာရေးပါ။ ဒါဟာ ကောင်းတဲ့အကျင့်ဖြစ်တယ်။

(၂) တကယ်လို့ တစ်ယောက်တည်း အထီးကျန်ဝမ်းနည်းတဲ့အခါ ထောင့်တစ်နေရာမှာ
ဒါမှမဟုတ် စောင်ခေါင်းမြီးခြုံပြီး ငိုလိုက်ပါ။ တခြားလူရဲ့နှစ်သိမ့်မှုတွေ
မလိုပါဘူး။ ငိုပြီးတာနဲ့ စိတ်တွေလန်းဆန်းလာလိမ့်မယ်။

(၃) စိတ်ထိခိုက်တဲ့အခါ ယုံကြည်ရတဲ့သူငယ်ချင်းကို ရင်ဖွင့်ပါ။
တစ်ယောက်တည်း စိတ်ညစ်စရာတွေကို ရင်ထဲသိုဝှက်ထားရင် ကိုယ့်ကိုယ်ပိုပြီး
စိတ်ထိခိုက်စေတယ်။

(၄) မပျော်ရွှင်တဲ့အချိန်မှာ ကောင်းကင်ပြာကို မော်ကြည့်ပါ။ ကြယ်တွေကို
ရေတွက်ပါ။ အပြောကျယ်တဲ့ကောင်းကင်မှာ ကိုယ်နဲ့သက်ဆိုင်တဲ့
အချစ်တစ်ခုတော့ရှိလိမ့်မယ်။ "ငါ မဆိုးဘူး" ဆိုပြီး ကိုယ့်ကိုယ်
ယုံကြည်မှုတစ်ခုတော့ပေးပါ။

(၅) မိသားစုအပါအဝင် ကိုယ်နှစ်သက်တဲ့သူရဲ့ မွေးနေ့ကိုမှတ်ထားပါ။
ကိုယ့်မွေးနေ့ကိုလည်း မှတ်ထားပါ။ မွေးနေ့မှာ လက်ဆောင်ပေးသူမရှိရင်
ဝမ်းမနည်းပါနဲ့။ လှပတဲ့လက်ဆောင်တွေဝယ်ပြီး အဖေ၊ အမေကို ပေးနိုင်ပါတယ်။

(၆) အားလပ်ချိန်မှာ ငြိမ့်ညောင်းတဲ့ သီချင်းလေးတွေ နားထောင်ပါ၊
စာကောင်းလေးတွေရှာဖတ်ပါ။ ခဏတာ အိပ်စက်ပါ။

(၇) အခုချိန်ကစပြီး ထက်မြက်သူဖြစ်ပါစေ။ ငါ့ကိုလွမ်းလား? ချစ်လားလို့
တစ်ဘက်သားကို သွားမမေ့ပါနဲ့။ တကယ်လို့ သူလွမ်းရင်၊ သူချစ်ရင်
သူဘာသာသူပြောလိမ့်မယ်။ ကိုယ်သွားမေးနေရင် သူဘဝင်မြင့်သွားလိမ့်မယ်။

(၈) ကိစ္စတချို့၊ လူတချို့ကြောင့် ကိုယ့်ကိုယ် သိပ်မရက်စက်မိစေနဲ့။ ဥပမာ-
ထမင်းမစားတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ... ဒါတွေက
လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။ တစ်ခါတလေမှာ နုံ့အတာပဲ

(၉) ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်
ဖြစ် သူတစ်ပါးနောက်ကွယ်မှာ
သူ့မကောင်းကြောင်း မပြောပါနဲ့။ ပြောခဲ့ရင်လည်း ကောင်းကြောင်းပဲပြောပါ။
မိတ်ဆွေတစ်ဦးပိုတာက ရန်သူတစ်ယောက်တိုးတာထက် ပိုကောင်းပါတယ်။

(၁ဝ) ပြောစရာရှိလို့ပြောမယ်ဆိုလည်း
အရင်းဆုံးသူငယ်ချင်းရှေ့ဖြစ်ရမယ်။ ပြောချင်တာပြောပြီးရင်
ကိုယ့်ကိုစိတ်ညစ်စေတဲ့အရာတွေ မေ့ပစ်နိုင်ရမယ်။

(၁၁) အတတ်နိုင်ဆုံး လူတွေနဲ့မငြင်းခုန်မိအောင် ကြိုးစားပါ။
ဒေါသထွက်နေသူတစ်ယောက်က ကိုယ့်ခံစားချက်ကိုမထိန်းနိုင်တဲ့
အရူးတစ်ယောက်နဲ့တူပြီး အရမ်းကြောက်ဖို့ကောင်းပါတယ်။ သည်းခံပြီး
ပြဿနာရင်းမြစ်ကိုရှာပါ။ စိတ်တွေတည်ငြိမ်ချိန်မှ ဖြေရှင်းပါ။
အရှင်ဇာဂရ မစိုးရိမ်

် သီဟသူရအောင်သိန်း ရဲ့ ဖြစ်စဉ်လေး ပြန်လည

မနေ့ က ကျွန်တော်တို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး
မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံပွဲ
အပြီးတွင် တပ်ကြပ် သီဟသူရအောင်သိန်း(ကျဆုံး)၏ ဇနီးအား
နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပါတယ် ။

နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့်ဆုံး ဘွဲ့ထူး ဂုဏ်ထူးဖြစ်လာသော
တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့တစ်ခုဖြစ်သည့် သီဟသူရ
ဘွဲတပ်ကြပ် သီဟသူရအောင်သိန်း ရဲ့ ဖြစ်စဉ်လေး ပြန်လည်
တင်ပြပါရစေ ။

လက်ပစ်ဗုံးကို ရင်နဲ့ဖိ၊ တိုင်းပြည်အတွက် အသက်ကိုရင်းခဲ့သူ
တိုက်ပွဲကြားက သူရဲကောင်း(သို့မဟုတ်) တပ်ကြပ်သီဟသူရ
အောင်သိမ်း
✿▬❧▬✿▬❧▬✿▬❧▬✿▬❧▬✿

'ဆရာကြီး သက်ဦး ခင်ဗျားဆီက အခြေအနေကောင်းလား"
"ကောင်းပါတယ် ရင်းမှူး ကျနော်ဘက်ကို စိတ်ချပါ ရင်းမှူး ရှေ့ဆက်တက်ဖို့
အဆင့်သင့်ပါပဲ"

"ဆရာ မောင်ဖြူ ခင်ဗျားကော ရရဲ့လား"

"ရပါတယ် အဘ ဒီကောင်တွေလောက်တော့ ကျနော်တောင့်ခံ
ထားနိုင်ပါတယ်"

လဂျားယန် ဒေသ ပွိုင့် ၇၇၁ စခန်းသိမ်း တိုက်ပွဲမှာ ခမရ(၃၁၇)
ကတပ်ရင်းမှူး သူ့လက်အောက်က ရဲဘော်တွေကို ကွပ်ကဲနေတာပါ။

ကျည်ဆံတွေ လက်ပစ်ဗုံးတွေ မိုးရွာသလို တ၀ုန်းဝုန်းကျနေတဲ့ အချိန်မှာ သူ့အသံက ဆူညံပေါက်ကွဲသံတွေကို ဖြတ်၍ ရဲဘော်တွေကြားရအောင်
အော်ပြောနေသည်။

ဒီတိုက်ပွဲက အရေးကြီးသည် လဂျားယန်ဒေသမှာ ရှိတဲ့ နယ်မြေအေး
ချမ်းရေး လုံခြုံရေးယူထားသည့် သူတို့ တပ်မတော်သားများစခန်းကို
KIA တို့က ရိက္ခာပို့လို့ မရအောင် ၀ိုင်းပတ်ပိတ်ဆို့ထားသည်။ အုပ်ချုပ်မှု
ကိစ္စဆောင်ရွက်ဖို့ တပ်များ ရုတ်သိမ်းပေးဖို့ KIA ဘက်ကို တောင်း
ဆိုသော်လည်းမဖယ်ပေးဘဲ လဂျာယန်းမှာ ရှိတဲ့ တပ်မတော်သားတွေ
ကိုရိက္ခာပြတ်သေအောင် ပတ်ပတ်လည်ကို ပို၍ ပိတ်ဆို့လာသည်။

ဒီပွိုင့် ၇၇၁ တောင်ကုန်းကလဂျားယန်ဒေသမှာ အမြင့်ဆုံး
ကုန်းဖြစ်၍ ပတ်ဝန်းကျင်ကို စိုးမိုးထားသည်။ ဒီတောင်ကုန်းပေါ်မှာ
နေ၍ KIA တို့က အနားကပ်လာသမျှ မြန်မာ့တပ်မတော်မှ တပ်တိုင်းကို
ရိက္ခာပို့လို့မရအောင် ဒုက္ခပေးနေသည်။ နယ်မြေ လုံခြုံရေးယူထားသည့်
တပ်များ ရိက္ခာပြတ်အောင်ပိတ်ဆို့ထားသည်။

ဒီတိုက်ပွဲကို အောင်နိုင်မှ ပိတ်မိနေသူတွေ အသက်ရှင်မည်။ KIA
တို့၏ ယုတ်မာသော အကြံကို ဖယ်ရှားနိုင်မှ မိမိတပ်မတော်သားများ
ကို ကယ်တင်နိုင်မည်။

တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

"ဟိုကောင် ရန်နိုင်လင်း မင်းသိပ်မတက်နဲ့ ငါ့အမိန့်ရမှလုပ်"

"အောင်သိမ်း မင်းအတင့်မရဲနဲ့ ဒီကောင်တွေ ဗုံးတွေအပေါ်က
ပစ်ပစ်ချနေတယ် ၀ပ်နေစမ်း"

KIA တို့၏ မိုးကဲ့သို့ သွန်ချနေသော ကျည်ဆံတွေကို ခမရ(၃၁၇)
တပ်ရင်းမှူးတစ်ယောက် ဂရုမစိုက်အား။ သူ့တပည့်တွေကို ကြီးကြပ်
ကွပ်ကဲနေသည်။

ထိုစဉ် KIA မှ ပစ်လိုက်သော လက်ပစ်ဗုံး တစ်လုံး ကြီးကြပ်ကွပ်ကဲ
နေသော တပ်ရင်းမှူး အနားသို့ ကျလာသည်။ အနားမှာက အရာရှိတွေ
ရော အခြားစစ်သည်တွေလည်းရှိသည်။ လက်ပစ်ဗုံးနှင့် အနီးဆုံးက
ဒုတပ်ကြပ်အောင်သိမ်း။ လျှပ်တပြက်မို့ သူ့မှာ စဉ်းစားချိန်မရ။

ရုတ်တရက်
လက်ပစ်ဗုံးရှိရာ သို့ သူခုန်အုပ်လိုက်သည်။ တပ်ရင်းမှူးက
လှမ်းအော်သည်။

"အားလုံးဝပ်"

" ဂျိမ်း..." ကနဲလက်ပစ်ဗုံး ပေါက်ကွဲသံက ဆူညံသွားသည်။

မြေစာများ ဖွာလန်ကျဲသွားသည်။မီးခိုးများ က ပတ်ဝန်းကျင်ကို
ဖုံးအုပ်သွားသည်။ အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ အရာအားလုံးက
၎ စက္ကန့်ဝန်းကျင်အတွင်း ဖြစ်ပျက်သွားသည်။ မီးခိုးများကြားမှ
တပ်ရင်းမှူး သူ့တပည့်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

ကျန်တဲ့သူများလက်ပစ်ဗုံးထိမှာ စိုး၍ ခန္ဓာကိုယ်ဖြင့် ဖိအုပ်ကာကွယ်ခဲ့
သည့် ဒုတပ်ကြပ် အောင်သိမ်း၏ ခန္ဓာကိုယ်က မမြင်ဝံ့စရာ သွေးအလူးလူး
ဖြင့် တစ်စစီ။

တိုင်းပြည်အတွက် အသက်ကို စွန့်သွားသည်။ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အကောင်းမဖြစ်တော့သော်လည်းဒုတပ်ကြပ် အောင်သိမ်း၏ မျက်ဝန်းတစ်စုံက အကောင်းအတိုင်းရှိနေသေးသည်။ မပိတ်သေးသော ထိုမျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို သူပြောချင်နေသည်။ သို့သော် ဒုတပ်ကြပ် အောင်သိမ်းမပြောနိုင်ရှာတော့။

တပ်ရင်းမှူးနှင့် အခြားသူတွေရဲ့ မျက်ဝန်းမှာ မခံချင်စိတ်၊ ယူကြုံးမရတဲ့
စိတ်နှင့်အတူ ၀မ်းနည်းကြေကွဲမှုများ အတိုင်းသား ပေါ်နေသည်။ သူ့
တပည့်ဘာပြောချင်ခဲ့သည်ကို တပ်ရင်းမှူး ကောင်းကောင်းသိလိုက်သည်။

ကျန်သူများလည်း သိပေလိမ့်မည်။ တပ်ရင်းမှူး သူ့တပည့်ကိုလှမ်းကြည့်ရင်းအံကိုတင်းတင်းကြိတ်ကာ ကတိတစ်ခုပေးလိုက်သည်။

"ငါ တို့ နိုင်ကို နိုင်ရမယ် အောင်သိမ်း..."

မြန်ဆန်လွန်းသည့် အဖြစ်အပျက်များကြားတွင် တွေဝေမနေအား။
ချက်ချင်းပင် ရန်သူကို ချေမှုန်းဖို့ တပ်ရင်းမှူး အမိန့်ပေးသံက ကျည်ဆံ
များကြားက ဟိန်းထွက်လာသည်။

"ပစ်..... ရဲသော်မသေ သေသော်ငရဲမလား... ပြည်သူ့တပ်မတော်
သား ကွ"

ထိုတိုက်ပွဲကို သူတို့အောင်မြင်ခဲ့ပါသည်။ KIA ၏ လက်နက်တွေလည်း
သိမ်းဆည်းရမိခဲ့သည်။ ထောင်ချီသော ဗုံးသီးများ သောင်းချီသော
ကျည်ဆံများကို KIA တို့ စွန့်ခွာ ထွက်ပြေးခဲ့သည်။ ထိုလက်နက်တွေကို
KIA ဘယ်က ရသည်မသိ။ ထိုလက်နက်တွေကြားမှာ တပ်မတော်သားများ တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည်။ တရားသောစစ်အတွက်
ရဲရင့်သူတို့ အောင်နိုင်ခဲ့သည်။

အသက်စွန့်သွားသော တပ်မတော်သားများတာဝန်ကျေပွန်ခဲ့သည်က
သမိုင်းဝင်မည့် အမှန်တရားတစ်ခုဖြစ်သည်။ ရဲသော်မသေ သေသော်
ငရဲမလား ဆိုသလို သေသည့်တိုင် ငရဲသို့ရောက်မည့်သူများမဟုတ်
နိုင်ငံတော်ကလည်း သူရဲကောင်းများအတွက် ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။

ရုပ်ရှင်ထဲကလို လက်ပစ်ဗုံးပေါ်ကို တက်ဖိ၍ မိမိအသက်ကိုစွန့်လွှတ်ပြီး
အများအသက်ကို ကယ်တင်ခဲ့သည့် ဒရမ်မာဆန်ဆန် ပြကွက်တစ်ခုမဟုတ် ။ လဂျားယန် ဒေသ ပွိုင် ၇၇၁ စခန်းသိမ်း တိုက်ပွဲ မှာ တပ်ရင်းမှူး နှင့် အရာရှိ
စစ်သည် အများ စု ရှိနေတဲ့ နေရာ ကိုကျရောက်လာတဲ့ KIA ရဲ့ လက်ပစ်ဗုံးပေါ်သို့ အချိန် ၄ စက္ကန့်လောက်အတွင်းမှာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် မိမိအသက်ကို ငဲ့မကွက်ဘဲ မိမိခန္ဓာကိုယ်ကို ဖိ၍ အခြားသူများ ဗုံးဆန်မထိအောင် ကာကွယ်ပေးခဲ့သည့် ဒုတပ်ကြပ် အောင်သိမ်း၏ အဖြစ်အပျက်မှာ
အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်။

ရဲဝံ့ကိုယ်ကျိုးစွန့်သော ထိုစိတ်ဓာတ်အတွက် နှစ်ပေါင်း ၂၀ ကျော်အတွင်း
အမြင့်ဆုံး ဘွဲ့ထူး ဂုဏ်ထူးဖြစ်လာသော တပ်မတော်ဆိုင်ရာ စွမ်းရည်
သတ္တိဘွဲ့တစ်ခုဖြစ်သည့် သီဟသူရ ဘွဲ့ ပေးအပ်ချီးမြှင့် ခြင်းဖြင့်
ဂုဏ်ပြုခဲ့သည်။ ထို့ပြင် ဒုတပ်ကြပ်မှ တပ်ကြပ်သို့ အဆင့်တိုးပေးခဲ့သည်။

တိုင်းပြည်၏ အနာဂတ်သည် လွတ်လပ်ရေး ရပြီးတည်းက
ယမ်းခိုးယမ်းငွေ့များကြားထဲတွင် တောက်ပသင့်သလောက်
မတောက်ပလာခဲ့။ နယ်မြေရယူလိုမှု၊ အာဏာရယူလိုမှု၊ မဖြေ
ရှင်းနိုင်သေးသော ပြသနာပေါင်းစုံကြားထဲတွင် တိုင်းပြည်အတွက်
အသက်၊ သွေး၊ ချွေးများ ပေးဆပ်သွားသူ သူရဲကောင်းတွေမနည်း။

ထိုသူများအားလုံး တူညီသောခံစားချက် တစ်ခုတော့ရှိပေလိမ့်မည်။
မြင့်မြတ်သော သေဆုံးခြင်းကြောင့် နောင်တချိန်မှာ ငါတို့ တိုင်းပြည်ကြီး
အေးချမ်းသာယာတိုးတက်လာလိမ့်မယ် ဟူသတည်း။

မနောမြေမှ သားမောင်စစ်သည်

ME™