Monday, January 4, 2016

သူ့ကိုတကယ်ချစ်မိနေပြီလို့

သူ့ကိုတကယ်ချစ်မိနေပြီလို့
သိလိုက်ရတဲ့အချိန်မှာ
ကျွန်မသူ့ဆီကထွက်သွားဖို့ကြိုးစားခဲ့တယ်
သူကကျွန်မထက်အများကြီးသာတဲ့
မိန်းကလေးနဲ့ထိုက်တန်တဲ့သူပါ
ကျွန်မအချစ်တွေကသူ့ဘဝရဲ့
လှပတဲ့အနာဂါတ်အတွက်
အနှောင့်ယှက်မဖြစ်စေချင်ဘူး
သူ့ဘဝမှာကျွန်မဆိုတာမလိုအပ်အောင်
အမှတ်ရစရာမရှိအောင်
ကျွန်မကိုမေ့နေနိုင်အောင်
ကျွန်မဖန်တီးပေးခဲ့မှာပါ
အခုသူကျွန်မကိုမေ့နေပါပြီ
အရင်ကလောက်သဲသဲလှုတ်မဖြစ်တော့ဘူး
ကျွန်မချစ်ရတဲ့သူ....ကံကောင်းပျော်ရွှင်ပါစေ

ကြယ်ကလေး★

No comments:

Post a Comment