Friday, January 8, 2016

ရှမ်းတောင်တန်းကြီးတွေ မငိုပါစေနဲ့အကိုရယ

ရှမ်းတောင်တန်းကြီးတွေ မငိုပါစေနဲ့အကိုရယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

     ကျနော့်သူငယ်ချင်းများတွင် ရှမ်းမလေး တွေအတော်များပါသည်။  ပါးအို့နီနီကလေးတွေ မိုအတော်လဲချစ်စရာကောင်းပါသည်၊ တမြေထဲနေ တရေထဲသောက် နှလုံးသားချင်းရင်နှီးခဲ့သူကလေးက နန်းကေသီ.. ၊ နေတာက သိန္နီ မြို့မရောက်မှီ ရှမ်းရွာကလေးမှာ လမ်းကြောင်းလုံခြုံရေးတာဝနိကြရင်း နှလုံးသားခြင်းရင်နှီးခဲ့မိသည်။  ရှေ့တန်းမထွက်မှီ သူ့ကိုသွားနှူတ်ဆက်တော့သူ မှာတမ်းကလေးက `` ရှမ်းတောင်တနိးကြီးတွေ မငို ပါစေနဲ့တော့အကိုရယ်.´´ တဲ့ ။
သူ့စကားကို နားမလည်  သူကရှင်းပြပါသည်။ ညီမတို့ရမ်း ပြည်က တောင်တန်းကြီးတွေပေါ်မှာ တိုက်ပွဲတွေဖြစ်ကြပြီး ဗုံးသံ သေနတ်သံတွေ ကြားရင် ရှမ်းတောင်တန်းကြီးတွေ ငို တတ်ကြတယ် အကိုရဲ့ ၊ တောင်တန်းကြီးတွေ ငိုတဲ့အခါ မိုးတွေရွာချ လိုက်ရင် အဲဒီမိုးရေတွေက ရှမ်းတောင်တန်းကြီးတွေ ငိုချလိုက်တဲ့မျက်ရည်တွေလို့ ရှမ်းလူမျိုးတွေက ယုံကြည်ကြတယ် အကိုရဲ့...
  နန်းကေသီက စစ်ကိုအတော်မုနိးတီးနေဟန်ရှိသည်၊ တနေ့နေ့တော့ ရှမ်းတောင်တန်းကြီးတွေမငိုရအောင် ပြုံးရယ်လာအောင် အကိုတို့ကြိုးပန်းကြတာပေါ့ နန်းရယ် ဟုစိတ်မကောင်းစွာပြောရင်း ခွဲခွာခဲ့သည်၊ ရေဒီယိုက စတီရီယိုတေးလေးတပုဒ်က လွမ်းဆွတ်စွာ ကြားမိတော့ ခြေလှမ်းများက နှေးကွေးနေပါပကောလား....
   `` ရှမ်းစကား ပြောပြနေလဲ အသေအချာမောင်လဲနားမလည်.♬ ♬ အသဲအသက်ချစ်သစ္စာလား.အသေချာမောင်လဲနားမလည်♪ ♪ ချယ်ရီပွင့်တိုင်းစောင့်နေပါလား မောင်ရင့်မှာအလွမ်း♬ လွမ်းကမပြေဘူးကွယ်♬ ♬ ရှမ်းမလေးရယ်....´´

မန်မတ်ရှိုး တိုက်ပွဲ
★ ★ ★ ★ ★

ရန်သူ့သတင်းတွေကအဆက်မပြတ်ရနေသည်။ ကချင်သောင်းကျမ်းသူအင်အား ၁၀၀ခနိ့ ယိုးဒယားနယ်စပ်မှ လက်နက်များဝယ်ယူပြီးလားမြင်းများနှင့်တင်၍ စစ်ကြောင်းများကိုကွင်းရှောင်ကာ ကွတ်ခိုင် တာမိုးညဲ ဒေသသို့ ထွက်ခွာလာကြောင်း အခြားသောင်းကျမ်းသူအဖွဲ့ များကလက်ဆင့်ကမ်းပို့ဆောင်နေကြောင်း တန့်ယန်း လာရှိုးအရှေ့ဘက် မန်မတ် ဂွင်ကိုဖြတ်လာနိုင်ကြောင်းသတင်းပင်။ ထို့ကြောင့် ကျွန်တော်တို့တပ်ရင်း ခလရ(၅) နှင့် သကဆဖ ပူးပေါင်းတပ်စု ၅ စု မန်မတ်ဂွင်သို့ဝင်ရောက်ပြီး ရန်သုအား ပိတ်ဆို့ရှင်းလင်းရန်ညွှန်ကြားချက်ရရှိသဖြင့် ဇူလိုင်လ.၄ရက်နေ့ တွင် ချစ်သောနန်းချယ်ရီကို နှူတ် ဆက်ကာ လာရှိုးမှ ကားတတန် ခြေလျှင်တမျိုး ၂ညအိပ် ချီတက်ခဲ့ကြပါတော့သည်။ လမ်းခရီးထောက်လှန်းချက်များအရ KIA အဖွဲ့ မဖြတ်သေးကြောင်း အင်အား၃၀၀ ခန့်ရှိသော ဘိန်းဘုရင်ခွန်ဆာ၏ လွယ်မော်အဖွဲ့က ကူညီနေကြောင်း ။ ဒါဆိုလျှင် ရန်သူအင်အား ၄၀၀ ခနိ့ရှိမည်၊ မိမိတို့ထက်များစွာ အင်အားကြီးသော စစ်ကြောင်းကြီးကို တပ်စု၅စုဖြင့်  ဖြတ်တောက်တိုက်ခိုက်ရပေတော့မည်၊ ပေါ့ဆ၍မရတော့။

ရန်သူနှင့် စတင်ထိတွေပြီ
★ ★ ★ ★ ★ ★
ဇူလိုင်.၆ရက် ၊  မန်မတ်ရှိုးရွာ၏ မြောက်ဘက် ကိုက် ၁၀၀၀ အကွာ လှည်းလမ်း ပေါ်သို့ရောက်လာခဲ့ပါပြီ ။ ကျနော့တပ်စုက ပွိုင့်တာဝန်ယူရင်းသတိဝရိယဖြင့် လမ်း၏ ၀ဲယာ တောင်ကုန်းများအာ မသင်္ကာလျှင် တက်ရှင်းရင်း လှည်းလမ်းသည် ဘယ်ညာတောင်ကြောနှစ်ခုကြားသို့ ၀င်ရောက်သွားကြောင်းလှန်း၍မြင်လိုက်ချိနိ အန္တရာယ်၏ အငွေ့အသက်ကို စစ်သားတယောက်၏ ဆဌမ အာရုံ တွင်ပေါ်လာသဖြင့် ချီတက်နေမှု့ကို ချက်ခြင်း ရပ်တန့်ရန်အမိန့်ပေးလိုက်ပါသည်။ ကြည့်စမ်းကောင်းကင်မှာ လင်းတငှက်တွေ ၀ဲလို့ပါလား ၊ ဤနေရာကား လင်းတ အလွန်ပေါပြီး ငှက်များရာချီ ရှိတတ်သည် ၊ တိုက်ပွဲတွင်ကျဆုံးသူအလောင်းများ က သူတို့၏ နတ်သုဒ္ဓါ ဘူဖေး စားသောက်ပွဲကြီးအဖြစ် ကြားရဘူးပါသည်။
   သူရိန်မှ  ရန်ရှင်း...ပွိုင့်ဘာလို့ရပ်သလဲ.
စစ်ကြောင်းမှူးအသံက ဝေါ်ကီတော်ကီမှ မေးမြနိးလာသဖြင့်..
ရန်ရှင်းမှ သူရိန်... ထူးခြားချက်မတွေ့ရှေ့ကတောင်ကုနိးတွေ သိပ်မသင်္ကာဘူး..ဘယ်ညာတောင်ကုန်းနှစ်ခုကြားဝင်ရမယ်၊
ဟုသတင်းပို့လိုက်ရာ၊ စစ်ကြောင်းမှူးမှ အာ့ဆို ဘယ်ညာတောင်ကုန်း၂ခုပေါ် တပ်စိတ်တစိတ်စီတင်လိုက်ပြီး ရှေ့ဆက်မသွားဘဲ ခေတ္တ စောင့်ပါ..
ရန်ရှင်းမှ သူရိန်...ဟုတ်...ရထားပါ.၅.၆ပါ...
ကျနော်သည် တပ်စု၂ စုအား အမြန်ဆုံး တောင်ပေါ်တက်ခိုင့်းပြီး နေရာယူခိုင်းလိုက်သလို စစ်ကြောင်းမှူးမှ နောက်ဆုံးမှ လိုက်လာသော ဗိုလိဝင်းမြင့် ၏ တပ်ခွဲ.၂ အား ရှေ့ရှိမသင်္ကာဖွယ်တောင်ကုန်းအား ညာဘက်မှ ပန်းပြီး တောင်စွယ်ပေါ် တက်ရှင်းခိုင်းလိုက်ပါသည်။
    သိပ်မကြာလိုက် မီနစ်၂၀ သာကြာမည်ထင်သည် ဗိုလ်ဝင်းမြင့်တို့အဖွဲ့က တောင်ပေါ် ရှိ ရန်သူအဖွဲ့နှင့် တွေ့ရှိကာစတင်ထိတွေမှူဖြစ်ပြီး ပစ်ခတ်သံ တဒိုင်းဒိုင်း ကြားလိုက်ရသည်။ ရန်သူများမြောက်ဖက်သို့ ဒရောသောပါးဆင်းပြေးပါတော့သည်။ လူအင်အားအတော်များပြီး ပစ်ကျင်းများတူးကာ အသင့်စောင့် ပြီးကျနော်တို့စစ်ကြောင်းအား အပိုင်ဆော်ရန် စီစဉ်ထားခြင်းပါလား။ စစ်ကြောင်းမှူးရောက်လာတော့ ညီလေး မင်းရှေ့ဆက်မတက်တာအတော်မှန်သွားတယ်၊ ဆက်သွားလို့ကတော့တယောက်မှကျန်မှာမဟုတ်ဘူးဟု ပခုန်းကိုပုတ်ရင်း အားရ၀မ်းသာပြောရှာပါသည်။
စစ်ကြောင်းမှူးမှ ဗိုလ်ဝင်းမြင့်အား စက်ဖြင့် ကိုဝင်းမြင့် ခင်ဗျားရောက်နေတဲ့တောင်ကုန်းက အတော်ကျယ်လား တပ်ဖြန့်လို့ရနိုင်မလား.
ရပါတယ် စစ်ကြောင်းမှူး...
ဒါဆို အဲဒီမှာ ခံစစ်ယူထား...ကျုပ်တို့လာပူးပေါင်းမယ်။
ဗိုလ်ဝင်းမြင့် ရှိရာတောင်ကုန်းပေါ် ရောက်တော့ ပတ်လည်ခံစစ်ပြင်ကာ စခမ်းချကြပြီး ရဲဘော်အားလုံးအား စားချက် ဟုအမိနိ့ပေးလိုက်သည်။ ညနေစာကို မနက်ကချက်လာသောထမင်းကိုစား ၊မနက်စာကို တခါ တည်းချက်ထားရန် အားလုံးသိပါသည်။
  သိပ်မကြာလှပါ....
ဂျိမ်း.....
ကျနော်တို့စခမ်းချရာ တောင်ကြော၏ ညာဘက် ကိုက်၁၅၀ အကွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသံကြားလိုက်ရသည် ။ အတော်လက်မဖြောင့်တဲ့ကောင်တွေ ဟုပြောလိုက်ရာ တပ်သားညိုထွန်းက ထီမထင်သည့် သူ့ဗိုလ်ကြီးကို ပြုံးပြီး ကြည့်နေသည်၊ ထမင်းစားမပျက်....
နောက်ထပ် ၃ချက်ထပ်ပစ်သည် ဟိုတလုံးဒီတလုံး အရာမရောက်လှ....
  စားပြီးတော့ ခေါက်ဂေါ်ပြားများဖြင့် တညတာစခန်းချရန် ၀ပ်ကျင်းများတူး ကင်းတို. ကင်းရှည်အသေအချာချထားလိုက်သည်။
နောက်တနေ့ မ့န်မတ်ရှိုး ရွာသို့ ချီတက်ရာတွင်  မြေပြန့်သို့မဆင်းဘဲ တောင်ပေါ်မှသာချီတက်ရန်။ ရန်သူအင်အားများသဖြင့် တိုက်စစ်အစား ခံစစ်နည်းဗျူဟာကို အခြေအနေအရ ပြောင်းလဲကျင့်သုံးရန်၊အထက်ဌာနသို့တင်ပြရာ သဘောတူညီချက်ရရှိပါသည်။
  ဇူလိုင်.၇ ရက် လင်းအာရုဏ်တက်သည်နှင့်  ပွိုင့်ကို ဗိုလ်ဝင်းမြင့် ခွဲမှ တာဝန်ယူ ရန်နှင့် နောက်ပိုင်းလုံခြုံရေးကို ကျနော့ တပ်စုကတာဝနိယူရန် စစ်ကြောင်းမှူးမှအမိန့်ပေးပါသည်၊။ ကျနော်မှ  တပ်စုအား.. နောက်ကလိုက်ရတယ်ဆိုပြီး မပေါ့ဆနဲ့ ဒီကောင်တွေ သောက်ကျင့်က ရှေ့ကတပ်တွေလွှတ်ပေးပြီး နောက်ပိုင်းကို အပြတ် တိုက်တတ်တယ် ဟု သတိပေးလိုက်ပါသည်။
  ကျနော့အထင် မမှား ပါ
ပင်မစစ်ကြောင်းကြီးကျော်သွားပြီး မန့်မတ်ရှိုး နှင့်နီးနေပါပြီ..
  ကျနော်တို့ နောက်ချန်တပ်စု အား အပိုင်ဝိုင်းတွယ်ပါတော့သည်။
   ဖောင်း...ဖောင်း   .ဖောင်း..
သေနတ်သံကြားသည်နှင့် မြေကြီးပေါ်မှောက်ချလိုက်ကြသည်၊ ကျည်ဆံများက ဖွဲနှင့်ဆုတ်ပက်သည့်အလား မြေကြီးထိတော့ သဲများက မျက်နှာ လာထိသည်၊ မည်သူမှပြန်မပစ်နိုင် ရောက်ရာမှာပင် ၀မ်းလျှားမှောက်နေပြီး ကျနော့ အား မျက်နှာငယ်လေးများဖြင့် ဘာလုပ်မလဲလှမ်းကြည့်နေကြသည်။ ရန်သူပစ်ကွင်းထဲ ရောက်နေပါပြီ...
  ဤနေရာ၌ ခေါင်းဆောင်၏ အရည်အသွေးကစကားပြောပါပြီ ခေါင်းဆောင်က နာခေါင်းနှင့် မြေကြီး ထယ်ထိုးနေလျှင် မိမိရဲဘော်များ၏ ယုံကြည်ကိုးစားမှု့ကို ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်ခြေ ။ ရဲဘော်များက ခေါင်ဆောင်ကို အားကိုးကြသည်။
ကျနော်သည် လှဲနေရာမှ ဗြုံးကနဲထ ရပ်လိုက်ပြီး ရန်သူရှိရာသို့ ကာဘိုင်သေနပ်ဖြင့် တဖန်းဖန်းပစ်ရင်း.
ဟေ့....ဘာလုပ်နေတာလဲ ပြန်ပစ်လေကွာဟု တပ်စုကို အမိန့်ပေးလိုက်သည်။
ဒုတပ်ကြပ်.ခင်မြင့်လဲ ကျနော့်နည်းတူ ထရပ်လိုက်ပြီး ရဲဘော်တယောက်ထံမှ ဂျီ.ဖိုးကို သူ့ကာဘိုင်နှင့်လဲကာဆပ်ကနဲဆွဲယူပြီး ခါးမှာပိုက်ပြီး အတွဲလိုက်ပစ်ခတ်ကာ မင်းတို့သတ္တိရှိ ရင် တက်ခဲ့လေကွာဟု အော်လိုက်သံက ဟိန်းထွက်သွားသည်။ ခေါင်းဆောင်တွေ စချပြီဆိုတော့ ရဲဘော်တွေ ကမနေတော့ ချက်ချင်းပင် ထီမထင်သည့်စိတ်ဖြင့် မတ်တပ်ထပစ်ကြတော့သည်၊ ရဲဘော်ဆိုတာ ခေါင်းဆောင်ကောင်းလျှင် အသက်ပေးရန်ဝန်မလေးသူတွေပါ။
ကျနော်ချက်ချင်းပင်ပတ်ဝန်းကျင်ကို့ကြည့်လိုက်ပြီတပ်စုတပ်ကြပ်ကြီးအား ကျနော်ကာပစ်ပစ်ထားမယ် တပ်စု၂ နဲ့ ဟိုသစ်တပင်တောင်ကုန်းကို ပြေးတက် နေရာယူပြီးရင်ကာပစ်ပစ်ပေး ကျနော်တို့အဖွဲ့တက်လာမယ်. ဟုခတ်သူတ်သုတ်အမိန်ု့ပေးကာ ရန်သူအား ကာဘိုင်ဖြင့်တဖနိးဖန်းပစ်နေမိသည်၊ ကံကောင်းသည်ကားခြုံခိုတိုက်ခံရသော်လည်းခုထိတယောက်မှ မထိမှန်သေး ကျည်ဆံများကတော့ပွတ်ကာသီကာ တရွီးရှ်ွီးဖြတ်သန်းနေသံကြားနေရသည်၊ ကျည်ဆံကား ကိုယ်ပိုင့်နံပတ်နှင့် လာသည်ပေဘဲ။

ဆက်ရန်

Starshinester

No comments:

Post a Comment