Tuesday, January 5, 2016

လိပ်ခေါင်းအမြစ်ပြတ်ဆေး

လိပ်ခေါင်းအမြစ်ပြတ်ဆေး (ရှယ်ပေးခြင်းဖြင့် ကူညီပေးပါ)
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
လိပ်ခေါင်းဆိုတာ ခန္ဓာကိုယ်ယန္တယား ပျက်ဆီးမှုရောဂါတစ်မျိုး ဖြစ်ပါတယ်။ အဲဒီအတွက် ဆေးသောက်ယုံနဲ့ ပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခု မဟုတ်ပါဘူး။ ခွဲစိတ်မှုလုပ်မှ သာပျောက်ကင်းနိုင်ပါတယ်။ လိပ်ခေါင်းနဲ့ပါတ်သတ်တဲ့ ဆေးနည်းတွေ များစွာရှိပေမယ့် တစ်ကယ်တမ်း အမြစ်ပြတ်ပျောက်ကင်းသွားတာက နည်းပါတယ်။
လိပ်ခေါင်းရောဂါဟာ ခဏတဖြုတ်ပြန်သက်သာသွား တတ်တာမျိုးရှိပေမယ့် အဲဒါကိုပျောက်ပြီ အထင်နဲ့ မကုပဲဒီတိုင်းထားရင် ရောဂါပိုရင့်ပြီး အပ်နဲ့ထွင်းရတဲ့နေရာမှာ ပုဆိန်နဲ့ထွင်းရတာမျိုး ဖြစ်တတ်ပါတယ်။ ခွဲစိတ်ကုသရင်လည်း တစ်နှစ်လောက်ပဲ သက်သာပြီး ပြန်ဖြစ်လာတတ်ပါတယ်။
အခုလိပ်ခေါင်းဝေဒနာရှင်တွေ ၀မ်းသာစရာအနေနဲ့ အမေရိကန်နိုင်ငံ ဘော့စတန်မြို့မှာရှိတဲ့ ဟားဗက်ဆေးကျောင်းက ထိုင်းကျောင်းသားတစ်ယောက် ဦးဆောင်တဲ့အဖွဲ့ဟာ စမ်းသပ်မှုတစ်ခု အောင်မြင်ခဲ့ပါတယ်။ အဲဒါကတော့ ထိုင်းနိုင်ငံမှာ အများအပြားပေါက်ရောက်တဲ့
ခွေးလှေးယားသီး (ထိုင်းအခေါ် မာမွီး) ကိုစမ်းသပ်ရာကနေ မမျှော်လင့်ပဲ တွေ့ရှိချက်တစ်ခု တွေ့ရှိပြီး စမ်းသပ်အောင်မြင်ခဲ့ပါတယ်။
လူအများစုဟာ ခွေးလှေးယားသီးအစေ့ကိုပဲ ဆေးဘက်ဝင်တယ်လို့ လက်ခံထားတာကြောင့် ခွေးလှေးယားသီးအစေ့ကိုပဲ စမ်းရင်းကနေ မမျှော်လင့်တဲ့ တွေ့ရှိချက်တစ်ခု တွေ့ရှိခဲ့ရတာပါ။
အဲဒါကတော့ ခွေးလှေးယားသီးရဲ့ အမွှေးဟာ လိပ်ခေါင်းပျောက်စေနေတာကို တွေ့ရှိခဲ့ရတာပါ။
ဟားဗက်ဆေးကျောင်းရဲ့ ပါမောက္ခဒေါက်တာအေလန်က "ဒီကျောင်းသားတွေ စမ်းသပ်နေတာကို ကျနော်အလုပ်ဖြစ်မယ့်အရာလို့ကို မထင်ခဲ့တာပါ။ အခုကျနော်တို့ကျောင်းသားတွေ စမ်းသပ်ချက်ဟာ အစပဲရှိသေးပေမယ့် ဆေးပညာလောကမှာ သမိုင်းတွင်စေမယ့် တွေ့ရှိမှုတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်" လို့ကျောင်းရဲ့ နှစ်ပါတ်လည်အစည်းအဝေးမှာပြောသွားပါတယ်။ ဒါ့အပြင်ဒေါက်တာအေလန်က "ကျွန်တော်တို့စမ်းသပ်စဉ်မှာ ပြသနာတစ်ခုရှိခဲ့ပါတယ်၊ အဲဒါက ဒီခွေးလှေးယားသီးရဲ့ အမွှေးဟာ ယားတဲ့အတွက် ဒီတိုင်းသုံးဖို့ အဆင်မပြေနိုင်ပါဘူး၊ အဲဒီအယားဓါတ်မှာပါတဲ့ အရာကပဲ ရောဂါအစွမ်းသက်သာစေတာဆိုတော့ ကျနော်တို့ဒါကို ဆေးဝါးအဖြစ်ပြုလုပ်ဖို့ အခက်အခဲရှိနေတာပါ။ ဒါပေမယ့် ဆေးဝါးအဖြစ်မထုတ်လုပ်ပဲ လိပ်ခေါင်းရောဂါ ခံစားနေသူတွေနဲ့ စမ်းသပ်ကြည့်တဲ့အခါ ဒီအတိုင်းသုံးရင် ရနိုင်တာကို သွားတွေ့ရပါတယ်။ အင်မတန်ယားယံတဲ့ ဆိုးကျိုးကိုခံစားရမယ်လို့ ထင်ထားရပေမယ့် လိပ်ခေါင်းဖြစ်နေတဲ့ စအိုအ၀ဟာ အနာတစ်ခုလိုဖြစ်နေတဲ့အတွက် ခွေးလှေးယားသီးအမွှေး ယားယံမှုကို မခံစားရတာကို တွေ့ရှိရပါတယ်" လို့ပြောကြားသွားပါတယ်။
အခုဆိုရင် ထိုင်းမှာအရင်ကအလေ့ကျပေါက်ခဲ့တဲ့ ခွေးလှေးယားသီးတွေကို ဈေးကောင်းပေးလိုက်လံဝယ်ယူနေပြီး ခြံထောင်စိုက်ပျိုးနေကြပြီဖြစ်ပါတယ်။ ခွေးလှေးယားသီးအစေ့ဟာလည်း တစ်ခြားရောဂါတွေ ပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ ပျောက်ကင်းခဲ့သူတွေကိုယ်တိုင် ညွှန်းထားတဲ့ဆေးမို့ မြန်မာနိုင်ငံမှာပါ လိုက်လံဝယ်ယူစုဆောင်းနေကြပါပြီ။ မြန်မာနိုင်ငံကလူတစ်ချို့လည်း ဒီဆေးနည်းနဲ့ ပျောက်ကင်းခဲ့ပြီးပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ချို့ဒေသက လူတွေကတော့ အရင်ထဲက ဆေးမြီးတိုတစ်ခုအနေနဲ့ သုံးစွဲခဲ့ဘူးတယ်လို့ လိုက်လံဝယ်ယူနေသူတွေက ပြောပါတယ်။
ဆေးနည်း
:::::::::::::::::
ခွေးလှေးယားသီးတောင့်အား လိပ်ခေါင်းထွက်နေသော စအိုဝသို့ ၁မိနစ်ခန့် ထည့်ထားရပါတယ်။ လိပ်ခေါင်းထွက်နေတဲ့လူဆိုရင် ယားယံမှာမပူရပေမယ့် လိပ်ခေါင်းမရှိရင်တော့ အနည်းငယ်ယားယံတာ ခံရပါလိမ့်မယ်။ ဆေးနည်းဟာ သိပ်တော့အဆင်မပြေနိုင်ပေမယ့် တစ်နေ့ကိုနှစ်ကြိမ်မှ သုံးကြိမ်ခန့် တစ်ကြိမ်လျှင် တစ်မိနစ်ခန့် ယခုကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် တစ်ပါတ်အတွင်း အမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။

No comments:

Post a Comment