Wednesday, January 27, 2016

*အဖေ*

*အဖေ*
*******

*မချစ်သလိုလိုနဲ့ သားသမီးအိပ်နေရင်
ထွေးပွေ့ရင်း ရှိုက်နမ်းတတ်တာ *အဖေ*

*မကြင်သလိုလိုနဲ့ နေမကောင်းဖြစ်တဲ့အခါ၊
မိုးလင်းပေါက် ပြုစုတတ်တာ*အဖေ*

*တွန့်တိုတတ်သလိုနဲ့ သားသမီးစားဖို့
ကောင်းနိုးရာရာ ကျွေးမွေးခဲ့တာ *အဖေ*

*မခင်တွယ်သလိုနဲ့ သားသမီးခွဲထွက်သွားတော့
တမ်းတရင်း လွမ်းတတ်တာ *အဖေ*

*ခံစားချက်မဲ့သလိုနဲ့ သားသမီးဒုက္ခဖြစ်တော့
ခိုးခိုးပြီး မျက်ရည်ကျတာ *အဖေ*.......။

*အမေအတွက် အမေ့နို့ဖိုးရှိသလို

*အဖေမှာလဲ အဖေ့ချွေးဖိုးဆိုတာရှိတယ်။

*U အော်မီ

No comments:

Post a Comment