Monday, January 4, 2016

အချစ်ဆိုသည်မှာ

"အချစ်ဆိုသည်မှာ"...
..<3

ချမ်းသာခြင်း ဆင်းရဲခြင်းတွေမရှိ
အသက်အရွယ် ခြားနားခြင်းတွေမရှိ
အနေနီးခြင်း အနေဝေးခြင်းဆိုတာမရှိ

အချစ်ဆိုတာ"
တစ်ဦးနှင့်တစ်ဦး တကယ်ချစ်လာပြီဆိုလျှင်။ ကိုယ့်ချစ်သူမှာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ။ တွဲထားသည့်လက်တွေကို ပိုမိုခိုင်မြဲလာစေဖို့ကိုသာ နှစ်ဦးစလုံးရဲ့ အတွေးထဲမှာ ရှိနေတတ်ကြပါတယ်။

တကယ်ချစ်ကြတဲ့သူတွေမှာ
တူညီတဲ့ သဘောထားနဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိနေပါတယ်။ အဲဒါဟာ" ကိုယ့်ချစ်သူမှာ ချမ်းသာနေလို့ချစ်ခဲ့တာမဟုတ်ပဲ ဆင်းရဲနေရင်လည်း ဘယ်တော့မှ လမ်းခွဲထားရစ်ခဲ့မှာ မဟုတ်ဘူး ဆိုတာပါပဲ။

ကိုယ်ချစ်ရတဲ့သူဟာ"
ကိုယ့်ထက် အသက်ပိုကြီးနေသူလည်း ဖြစ်ချင်ဖြစ်မယ် ကိုယ့်ထက် အသက်အရွယ် ငယ်သူလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချစ်မှာ အသက်အရွယ်ပိုင်းခြားထားခြင်းမရှိပါ။

ချစ်သူတွေတိုင်းဟုမဆိုနိုင်ပေမယ့်
၁၀၀မှာ ၈၅ရာခိုင်နှုန်းဟာ
ကိုယ့်ချစ်သူနဲ့ခွဲပြီး အဝေးမှာနေကြရတယ် နေဖူးခဲ့ကြရတယ်။ ဒါပေမယ့် တကယ်ချစ်ကြတဲ့သူတွေအတွက် အနေနီးစပ်မှုကြောင့်ချစ်ခဲ့ကြတာမဟုတ်သလို အနေဝေးရလို့လည်း အချစ်လျော့မသွားနိုင်ပါဘူး။

ဒီလိုပါပဲ

တကယ်ချစ်ကြတဲ့ ချစ်သူတွေဆိုတာ
ဘယ်လိုအကြောင်းကြောင်းကြောင့်မှ ကိုယ့်ဘက်က စွန့်လွှတ်မထားခဲ့နိုင်သလို" သူ့ဘက်ကလည်း ဘယ်လိုနည်းနဲ့မှ ကိုယ့်ကို လမ်းခွဲထားရစ်ခဲ့နိုင်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့်"

ကိုယ့်ကို ထားသွားရက်နိုင်တဲ့ ချစ်သူဟာ။
ကိုယ့်အပေါ် တကယ်မချစ်ခဲ့လို့ဆိုတာ သေချာပါတယ်။

Credit   ဒိုက်ဒိုက်-မြင်းခြံ

မြတ်နီလာ ။ ( မိုမိုလေး )

ဟာသနဲ့ ဗဟုသုတတွေကိုမှန်မှန်ကြည့်ဖို့ Momolay Android app ကို နီးစပ်ရာ ဖုန်းဆိုင်တိုင်း (သို့) www.momolay.com (သို့ ) Google paly မှာအခုပဲဒေါင်းလိုက်ပါ

No comments:

Post a Comment