Monday, January 4, 2016

### အမိန့် ### ~~~~~~~~~~

### အမိန့် ###
~~~~~~~~~~

ချစ်သူ....
ယခင်ထက်အေးလာပါသဖြင့်
ပိုမိုနွေးထွေးစွာ
နေပါ.....

ချစ်သူ
ယခင်ထက်ပိုချစ်ပါသဖြင့်
ခနခနရစ်ပါမည်
ချော့ပါ

ချစ်သူ
New Year ရောက်တော့မည်ဖြစ်ပါသဖြင့်
လက်ဆောင်ပေးပါ
အနမ်းနုနု.....ပါးမိုမို့သို့.....

ချစ်သူ
တစ်နှစ်ကုန်ပြီဖြစ်ပါသဖြင့်
တစ်နှစ်စာ မှတ်တိုင်ထူခဲ့ပြီမို့
အရင်ထက် ခိုင်မြဲသစ္စာနဲ့ ချစ်ပေးပါမည်။

ချစ်သူ
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့
တစ်နှစ်တာ ကုန်းဆုံးတော့မည်ဖြစ်ပါသဖြင့်
လာမည့် နှစ်တွင်လည်း ကြင်ကြင်နာနာ
ယုယုယယ ချစ်ပေးရန်အတွက်
နင့်အချစ်တွေ ငါ့ဆီမှာသာ ထာဝရ မြုပ်နှံပေးပါ

အထက်ပါအချက်များကို လက်မခံပါက ရာသက်ပန် ချစ်သူအဖြစ်မှ စွန့်လွှတ်ပါမည်။
                                             ***ပြုံး***

No comments:

Post a Comment