Wednesday, January 27, 2016

"ဘီလူးကျွန်းဖြစ်ပေါ်လာပုံ"

"ဘီလူးကျွန်းဖြစ်ပေါ်လာပုံ" (or) "တ္ကအ်ခ္မိုင်(တကော့ခမိုင်) ဘီလူးကျွန်းသမိုင်း တစ်ပိုင်းတစ်စ"
---------------------------------------------------------------------------------------
 

ဘီလူးကျွန်းသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏ အနောက်ဘက် မြောက်လတ္တီတွဒ်(16)ဒီဂရီ-13မိနစ်ကြားနှင့် (16)ဒီဂရီ-30 မိနစ်ကြားတွင် တည်ရှိပြီး၊ လောင်ဂျီတွဒ် (75)ဒီဂရီ-27မိနစ် အရှေ့ကြားတွင် တည်ရှိသော ကျွန်းကြီးတစ်ကျွန်း ဖြစ်ပေသည်။

"ဘီလူးကျွန်း" ဟူသော အမည်ကို ခေါ်တွင်ခြင်းနှင့်ပတ်သက်၍ အဆို(4)ရပ်ရှိပေသည်။

(က) ပထမအဆို
ဤကျွန်းကို (ယက္ခဒီပ)ဟု ခေါ်တွင်ရခြင်းမှာ မြတ်စွာဘုရားသခင်သည် အနောက်မဇ္ဈိမဒေသမှ ဤကျွန်းတို့ ဒေသစာရီ ကြွချီတော်မူသော အချိန်တွင် ဘီလူးများစွာတို့သည် ဤကျွန်း၏ အမြင့်ဆုံးဖြစ်သော၊ (ဆတ်တောင်/မုနိုင်းတောင်/ဒရယ်တောင်များတွင် နေထိုင် သည်ကို အစွဲပြု၍ (ဘီလူးကျွန်း) ဟု ခေါ်တွင်သည်။

ယင်းဘီလူးများကား  "အဿမုက္ခီ" ခေါ် ဘီလူးမင်းသည် ဆတ်တောင်ပေါ်တွင်နေထိုင်ပြီး  အဲဒီအချိန်တွင် ဤနိုင်ငံမြန်မာပြည်အောက်ပိုင်း အုပ်စိုးစဉ်ကာလ သမလမင်း၏သားတော် အဿကုမ္မာရမင်းသားနှင့် စစ်ခင်းတိုက်ခိုက်ကြရာ ဘီလူးမင်းများရှုံးနိမ့်သဖြင့် ဘီလူးများ ဘီလူးကျွန်းဒေသမှ ထွက်ပြေးခဲ့ရသည်ဟု အဆိုရှိပါသည်။
   

(ခ) ဒုတိယအဆို
ရန်ကုန်ရာဇဝင်သမိုင်း၌ ပါရှိသော မွန်လူမျိုးတို့၏ ရှေ့ဟောင်းသားချော့တေးမှ ရေသားဖော်ပြထားသည်မှာ "ယိလေ ယိုလေ၊ အိုးချစ်သားလူကလေး၊ လောဒါစာတီမြစ်ဝ ကံရမန္ဒ (ကော်ရိုမန္ဒိလ်)ခေါ် ပင်လယ်ကမ်းရိုးတန်းဌာနသည် ငါတို့(မည်ဒ) မွန်ဒ လူမျိုးများ၏ နေရပ်ဌာနဟောင်းဖြစ်သည်။
 
ငါတို့မှာ ရှေ့ဝိပါက ကံအားလျှော်စွာ အရှင်သခင် ဘုရင်မင်းနှင့် ကွေကွင်းပြီး(ထိုအရပ်မှ)ထွက်လာခဲ့ကြရာ တချိန်ကမွန်နိုင်ငံ-သုဝဏ္ဏဘုမ္မိပြည်အောက်ပိုင်း-ဇယာပြည်နယ် (ယခုအခေါ်အဝေါ် ကမာဝက်မြို့၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်)တကော့ခမွိုင်ခေါ် (ယခုအခေါ်အဝေါ်)ပလူကျွန်းဌာနသို့ ရောက်လာကြသည်ဟူ၍ ဖြစ်သတည်း။

ဤအလွန်ရှေးကျသော အထောက်အထားကို ထောက်ရှုခြင်းအားဖြင့် မွန်အနွယ်အဝင်လူမျိုးများ မြူးပျော်ဖွယ်ရာ ပလူကျွန်းဟူ၍ မှည့်ခေါ်လာရာမှ ဘီလူးကျွန်းသို့ ရွေ့လျောပြောင်းလဲလာခဲ့ကြလေသည်။
 
(ဂ) တတိယအဆို
ကမာဝက်မြို့(မုဒုံမြို့နယ်) မွန်စာအုပ်(မင်ဗ္လဲာကောန်တ္မအ်)မှ ကိုးကားချက်အရ ယခင်ကျိုက္ခမီခရိုင် ဇယာခရိုင်(ယခု ကမာဝက်မြို့) ဝါခရူ ခရိုင် (ယခု သံဖြူဇရပ်မြို့နီနားတဝိုက်) ဘီလူးကျွန်းနှင့် ဟံသာဝတီခရိုင် (ယခု တွံတေးမြို့နယ်တဝိုက်) လူသိများသော မောင်ဒီအကြောင်း  ရာဇဝင်အကြောင်းဖြစ်သည်။ (ရှေ့ဟောင်းမွန်စာပေးများမှ ဘာသာပြန်ထုတ်ဝေးထားပြီးလည်ဖြစ်ပါသည်။
 
ယင်းရာဇဝင်အကြောင်းကား
ဘီလူးကျွန်းကို မွန်ဘာသာဖြင့် တကော့ခမွိုင်ဟူ၍ ခေါ်သည်။ အဓိပ္ပါယ်မှာ  ခမောင်းပင်(တ္နံခမွိုင်) ပေါက်သောကျွန်း ဖြစ်ပါသည်။  ဤခမောင်းပင်နှင့် (ဤသာဓကကို Mon states ဓါတ်တော်ကျောင်းဆရာတော်ထုတ်ဝေသော စာအုပ်တွင် ဖော်ပြထားခြင်းရှိနေပါသေးသည်) ခမောင်းပင်ကြီးပေါ်တွင် ရှေ့အခါက လင်းယုန်ဖို၊မ နှစ်ကောင်း အသိုက်ပြုလုပ်နေထိုင်ခဲ့ကြရာတွင် ဥတစ်လုံးမှ လူပေါက်ဖွားလာပြီး ယင်းခလေးမှာ မောင်ဒီ(မင်ဗ္လဲာကောန်က္မအ်)ဖြစ်ခဲ့ရပါသည်။ အရွယ်ရောက်လာသည့် မောင်ဒီသည် မြစ်အတွင်းမှ ငါးကြင်းတစ်ကောင်ဖမ်းမိရာ မီမြိုက်ပြီး ခရီးသွားကုန်သင်္ဘောဖြင့် ယခင်သုဝဏ္ဏဘုမ္မိ ဘုရင်မင်းမြတ်ထံ ဆက်သခဲ့သည် မွှေးကြိုင်းသော ငါးကြင်းအနံ့ကြောင့် ဘုရင်၏နားကိုက်ဝေဒနာ ပျောက်ကင်းလေသည်။

ဘုရင်ကြီးသည် အလွန်ဝးမ်သာအားရကာ လုလင်ပျို မောင်ဒီထံ သမီးတော်(ဏ္ဍင်သာဓလာ)ကိုပို့ဆောင်စေခဲ့သည်။ အခြွေအရံအသင်းအပင်းနှင့် တူရိယာဗုံမောင်းများတီးပြီး ဘုရင်သမီးတော်လာရောက်ရာ မောင်ဒီသည် မိမိအားဖမ်းသည်ဟုထင်ပြီး ခမောင်းပင်ကြီးအပေါ်သို့တက်ပြေးပြီး ခမောင်းပင်ပေါ်မှ လိမ့်ကျရာ မောင်ဒီသေဆုံးလေသည်။
 
ဘုရင့်သမီးတော်သည် မောင်ဒီ၏အလောင်းကို စည်ကားသိုက်မြိုက်စွာ သဂြိုလ်လေသည်။ ရရှိသည့် အရိုးများကို ရွှေအိုးတွင်ထည့်၍ ထိုနေရာ၌ပင် စေတီတည်တော်မူသည်။ ထိုစေတီအား ဖံဖရွှာ၊ ရွှေနတ်တောင်နတ်စင် အနီးတွင် ယခုတိုင်တည်ရှိနေသည်။ နတ်စင်သည်လည်း မောင်ဒီ၏ နတ်ကွန်းဖြစ်ပြီး ကျွန်းပိုင်ရှင်နတ် (ဘိုးဘိုးကြီး)သည် မောင်ဒီဖြစ်၍ လူအများယနေ့ထက်တိုင်း မောင်ဒီ နတ်(ဘိုးဘိုးကြီး)ကို ပူဇော်ပသနေသေးသည်ကို တွေ့မြင်ပေလိမ့်မည်(ဤကား ဘီလူးကျွန်မှ လူငယ်ပါစပ်ရာဇဝင်ထဲမှ မောင်ဒီရာဇဝင်အနည်းအကျဉ်းသာဖြစ်သည်။

(ဃ) စတုတ္ထအဆို
မွန်များ ရာမညဒေသတို့ ရောက်သည့်အချိန်တွင် နီဂရီတိုများသည် တောင်ဘက်သို့ ရွှေ့ဆိုင်းနေထိုင်ကြပေသည်။ ဘီလူးကျွန်းနှင့် ကပ္ပလီကျွန်းတို့တွင် နီဂရီတိုအနွယ်အဝင် စမင်း(ဆေမန်) လူမျိုးများနေထိုင်ခဲ့ဟန်တူသည်။ မော်လမြိုင်နှင့် တစ်ဘက်ကမ်းရှိ ဘီလူးကျွန်းကို မွန်တို့က တကော့ခမိုင်ဟု ခေါ်သည် ။ တကော့၏ အဓိပ္ပါယ်မှာ ကျွန်း ဖြစ်သည်။ သို့သော် (မွန်ဘာသာ) ချမ်မွေ့ နန် မင်နန္ဒာပျို့တွင်  ခမိုင်ကို အကိုင်အခက်များသော် သစ်ပင်တစ်ပင်ဟု ဆိုသည်။ ထိုသစ်ပင်ပေါ်တွင် နားနေသော လင်ယုန် အဖို-အမတို့မှ လူထူးလူဆန်းပေါက်ဖွားသည်ဟု ဖော်ပြထားသည်။ ဤရာဇဝင်ကို လေ့လာပြီးလျှင် သုတေသနသဘောဖြင့် ဆင်ခြင်လိုက်သော် ခမိုင်ဝေါဟာရသည်  စမိုင်လူမျိုးကို ဆိုလိုကြောင်းတွေမိသည်။

(စမင်းလူမျိုးများ ဘီလူးကျွန်းတွင် နေထိုင်ခဲ့ဟန်ရှိသည်ကို မဆလခေတ် နောက်ပိုင်းတွင် ဗမာတွေ ရေသားလာခဲ့သည်။ ဒါပေမယ့် သမိုင်းအထောင့်အထားနှင့်တကွ ဖော်ပြထားခြင်း မရှိခဲ့ပါ) ထိုခေတ်တွင် အဝတ်အစားမရှိ နှုတ်ခမ်းထူး၊ ဆံပင်ကောက်၊ အသားမည်း၊ ရေကူးသန် ခက်ထန်းကြမ်းတမ်းပြီး ဘီလူးနှင့် တူကြသဖြစ် ထိုကျွန်းကို(ယက္ခကျွန်း) ဘီလူးကျွန်းဟုခေါ်ခဲ့ဟန်တူပေသည်။

ဤကား ဖော်ပြပါ အကျဉ်းချုပ်ခြင်းသာဖြစ်၏...
.

ကိုးကား…
1. အထက်ပါ ဖော်ပြပါသုံးခုကတော့ မွန်ဘာသာစကားတွင် ရှေ့ဟောင်း မွန်စကားများနှင့် တူညီသော ဝေါဟာရ  Dr.ဝလက်ဒင်နှင့် စကိတ်တို့ ပြုစုသော "မလ္လာယုကျွန်းဆွယ်ရှိ ဘာသာတရားအသိမြင်ကင်းမဲ့သော လူမျိုးစုများစာအုပ်တွင်မှ...

2. မွန်လူမျိုးများဆင်သက်လာပုံးနှင့် ပတ်သက်၍ စွယ်စုံကျမ်း အတွဲ(၁၀) စာမျက်နာ ၄၀၉...
 
3. မွန်လူမျိုးများတို့၏ ရှေ့ဟောင်းသားချော့တေးစာအုပ်မှ...

4. လိခ်က္နပ်-မင်ဗ္လဲာကောန်က္မအ်-ကျာ်ဇ္နော်အ္စာ မှာထေရ်ပါလိတ ဘာဓါတ်ကျာ် ဍုင်ကမာဝက်...

5. မုဒွန်းရွာ ဘဒ္ဒန္တကောသလ္လ (အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု -မြန်မာနိုင်ငံသံဃာ့နာယက သြဝါဒ ) ထုတ်ဝေသောစာအုပ်မှ...

6. ၁၉၈၅ခုနှစ်  မွန်ပြည်နယ်နေ့ စာမျက်နာ ၃၃မှ ၃၈ထိ ထုတ်ဝေသောစာအုပ်မှ...

 
ဗညာရတ်ပေင်(banyarpyoe)

No comments:

Post a Comment