Tuesday, January 5, 2016

မနက်ဆို "အိပ်ပုပ်လေးမနိုးသေးဘူးလား

မနက်ဆို "အိပ်ပုပ်လေးမနိုးသေးဘူးလား ထတော့ကွာ " လို့နှိုးပေးတတ်တဲ့ချစ်သူမျိုး

နေ့လည်ဆို "ဘာဟင်နဲ့စားသလဲချစ်ဆုံးလေး " လို့ သတိတရမေးပေးတတ်တဲ့ချစ်သူမျိုး

ညဘက်ဆိုလည်း "သူ့ကိုအိမ်မက်ထဲထည့်မက်နော်လို့ ကလေးဆန်ဆန်" တောင်းဆိုတတ်တဲ့ချစ်သူမျိုး

သူမဟုတ်တဲ့ တခြားယောက်ျားလေးသူငယ်ချင်းတွေနဲ့ရင်းရင်းနှီးနှီးနေမိရင် စူပုပ်ပုပ်မျက်နှာထားလေးနဲ့
သဝန်တိုတတ်တဲ့ချစ်သူမျိုး

သူမပါပဲအပြင်သွားတဲ့အခါ "စိတ်မချလို့ဖုန်းခဏခဏဆက်ရမယ်နော်" လို့အမိန့်ပေးတတ်တဲ့ချစ်သူမျိုး

သူနေမကောင်းဖစ်မှာထက် ကိုယ်နေမကောင်းဖစ်မှာကိုပိုစိုးရိမ်ပြီး
တစ်တွတ်တွတ်မှာနေတတ်တဲ့ချစ်သူမျိုး

သူအလုပ်ရှုပ်နေလို့ဖုန်းမဆက်အားရင်တောင် smsလေးနဲ့သတိရကြောင်းပိုပေးတတ်တဲ့ချစ်သူမျိုး

ကိုယ်မပါပဲ သူအပြင်သွားတဲ့အခါ
မကွယ်ဝှက်ပဲ သွားမယ့်နေရာအတိအကျနဲ့ သွားမယ်လူအတိအကျကိုပြောပြတတ်တဲ့ချစ်သူမျိုး

ကိုယ်နဲ့တူတူအပြင်သွားတဲ့အခါလက်တွဲထားဖို့ဝန်မလေးတတ်တဲ့ချစ်မျိုး

ကိုယ်နဲ့တူတူအပြင်သွားတဲ့အခါဆရာကြီးပုံမဖမ်းဲပဲကိုယ့်ရှေ့မှာဆိုပေါတောတောလေးနေပေးတတ်တဲ့ချစ်သူမျိုး

Weekendလေးဒွေမှာ ကိုယ်နဲ့ပဲ အတူတူလျှောက်လည်ဖို့စီစဉ်ပေးတတ်တဲ့ချစ်သူမျိုး

တစ်ခါတစ်လေမထင်မှတ်ပဲကိုယ်ကြိုက်တတ်တဲ့မုန့်လေးတွေလာပို့ပေးတတ်တဲ့ချစ်သူမျိုး

Anniအထိမ်းအမှတ်နေ့တွေမှာမမေ့မလျော့ပဲအမှတ်ရပေးတတ်တဲ့ချစ်သူမျိုး

သူ့ကိုချဉ်းကပ်လာတဲ့မိန်းကလေးတွေရှိရင်တောင်ပြတ်ပြတ်သားသားငြင်းတတ်တဲ့ချစ်သူမျိုး

ကိုယ့်ဘက်ကစိတ်အလိုမကျလို့ရစ်မိတဲ့အခါစိတ်ရှည်ရှည်နဲ့ချော့ပေးတတ်တဲ့ချစ်သူမျိုး

ကိုယ်နဲ့အတူတူအနာဂတ်ကိုလျှောက်လှမ်းဖို့ပြင်ဆင်ကြိုးစားနေတဲ့ချစ်သူမျိုး
လိုချင်မိတယ်ဆိုသိပ်များအတ္တကြီးလွန်းသွားသလား
သေချာတာ၁ခုကတော့ ကိုယ်လည်းအဲ့လိုချစ်ပေးနို်င်တယ် ချစ်တတ်ခဲ့တယ် အဲ့ဒါကြောင့်
ကိုယ့်ကိုအဲ့လိုပြန်ချစ်မယ့်သူကိုလည်းပြန်လိုချင်မိတယ် (^_^)

Credit:Original Upload

>>www.facebook.com/fashioncitymm<<
>>www.fashioncitymm.com<<

No comments:

Post a Comment