Wednesday, January 6, 2016

ကြိုဖို့စောင့်နေခဲ့တယ် ဖေဖေ

ကြိုဖို့စောင့်နေခဲ့တယ် ဖေဖေ
~~~~~~~~~~~~~~~~~~~~
လူမှန်းသိတတ်စအရွယ်ငယ်စဉ်ဘဝက
ကြီးပြင်းရှင်သန်ရာ စစ်တပ်ဆိုတဲ့
မိသားစုတွေအများကြီးရှိတဲ့
အဝိုင်းအဝန်းထဲမှာနေရပြီ   ဖေဖေကစစ်သားတဲ့
အစိမ်းရောင်ယူနီဖောင်းကိုဝတ်ပြီး
နိုင်ငံ့တာဝန်ထမ်းဆောင်သူပေါ့
''ဖေဖေ……အဲ့အဝတ်စားဝတ်ပြီး
ဘယ်သွားရမှာလဲဟင်''ဆိုတဲ့
မေးခွန်းတစ်ခုနောက်မှာ
""ဖေဖေရှေ့တန်းသွားမှာပေါ့တဲ့''''
ရှေ့တန်းဆိုတာဘာမှန်းမသိတဲ့
အရွယ်တုန်းကတော့ ရှေ့တန်းဆိုတာ
အန္တရာယ်နေရပ်မှန်းမသိခဲ့ဘူးပေါ့
အဖေ့ရဲ့ချော့မော့စကားသံတွေနောက်မှာ
အချိန်ကာလကြာမြင့်စွာ
အမေ့ရင်ခွင်ထဲမှာပဲနေခဲ့ရတာ
စိတ်ပူပန်ရမှန်းမသိခဲ့ပဲ
ကလေးပီပီလျောက်လည်ကစားနေခဲ့တာ

စစ်ကားတွေအများကြီးဝင်လာတဲ့အချိန်
တပ်ထဲက ကလေးလူကြီးအားလုံး
ဂိတ်အဝင်ဝမှာ ပန်းကုံးတွေနဲ့
စောင့်နေကြတာပိုလဲ မခံစားတတ်ဘူး
''ငါ့အဖေကြီးပြန်လာရင်
မုန့်တွေပါလာမှာ'' ဆိုတဲ့အတွေးပဲသိတယ်
စစ်ကားပေါ်က ရှေ့တန်းပြန်စစ်သည်တွေ
ဆင်းလာတဲ့အခါ   အဖေ့ကိုလိုက်ရှာတာ
ရှာမတွေ့ဘူး……မျက်နှာငယ်နဲ့ပေါ့
သမီးလေး  ဆိုတဲ့ 
ခေါ်သံကြားမှ လှည့်ကြည့်တော့မှ  
မုတ်ဆိတ်မွှေး ဆံပင်ရှည်တွေရယ်
ညစ်ပတ်နေတဲ့ယူနီဖောင်းရယ်
အထုပ်အပိုးတွေရယ် ထမ်းထားတဲ့
အဖေ စစ်သားကြီးကို နဲနဲလေးမှ
မမှတ်မိရှာမတွေ့ခဲ့ဘူးလေ
အဲ့တော့မှ  အဖေ့ရက်လက်အစုံက
ပွေ့ချီပြီး ခေါ်သွားတဲ့အခါ
အမေက ပန်းကုံးဆွတ်ပေးပြီး
အမေနဲ့အတူအထုပ်တွေနဲ့ထာခဲ့တယ်
သေနတ်ထမ်းပြီး   သေနတ်အပ်တဲ့
နေရာမှာ တပ်ခွဲအလိုက်အပ်ပြီး
စစ်သည်အားလုံး တန်းစီကွင်းမှာ
တန်းစီစကားပြောနေစဉ်
အဝေးတစ်နေရာက  ကြည့်နေကြတဲ့
မိသားစုတွေရဲ့အပြုံးက
အားလုံးပါပဲ ပျော်နေလိုက်တာ
ဘာမှမသိနားမလည်ခဲ့တော့
အပျော်ဆိုတာ  မုန့်စားရ ရင်ပဲသိခဲ့တာလေ

အိမ်ပြန်ရောက်တဲ့အခါ
အမေကဟင်းကောင်းတွေချက်ကျွေးတော့
မေမေ  ဟင်းတွေကအများကြီး
ဘာလို့အဲ့လောက်ချက်တာလဲဆိုတော့
ဖေဖေက တောထဲမှာ ဟင်းကောင်းမစားရဘူးလေတဲ့
အမေပေးတဲ့မုန့်လေးကိုင်ပြီး
ကစားနေခဲ့တာပါပဲ

ထိုစဉ်ကာလက
ငြိမ်းချမ်းရေးမယူစဉ်ကာလက
ရှမ်းပြည်အရှေ့ပိုင်း ဆီဆိုင်မြို့လေးရဲ့
တပ်ရင်းတစ်ခုမှာ နေခဲ့ရပြီး
တိုက်ပွဲတွေဖြစ်နေဆဲကာလပေါ့
တစ်နေ့……
အမေက အထုပ်အပိုးတွေသိမ်းပြီး
ကလေးကိုလက်ဆွဲက 
တခြားမိသားစုတွေနဲ့ပါ ကျင်းကြီးထဲ
ပုန်းအောင်နေရတယ်  ကြားရတာက
အသံတွေအကျယ်ကြီးပဲ 
ဖေဖေပျောက်နေခဲ့တယ် 
အမေ အမေ  ဖေဖေကောဟင်ဆိုတော့
အမေတို့တပ်ကိုသူပုန်တွေ
သေနတ်နဲ့ပြစ်နေတယ်တဲ့
ပထမဆုံး သေနတ်သံတွေကြားမှာ
မျက်ရည်ရွှဲနေအောင် အဖေ့အတွက်
ခံစားတတ်ခဲ့ဖူးတယ်  
သိတတ်စအရွယ်မှာပဲ
သေနတ်သံတွေကြားကြီးပျင်းခဲ့ရပြီး
ညညတိုင်း ဗုန်းခိုကျင်းထဲ
ပုန်းအောင်ရှောင်တိမ်းနေခဲ့ရတယ်
အဖေ့ကို ဆုံးရှုံးမှာသိပ်ကြောက်ခဲ့တယ်
အရမ်းဆိုးရွားတဲ့ သူပုန်တွေကြားမှာ
တပ်ရင်းအထိဝင်တိုက်ခိုက်တဲ့
အချိန်ကာလတုန်းက   တောတောင်ကြားမှာ
ခေတ်မမှီသေးတဲ့အခါ 
ဒုက္ခပေါင်းများနဲ့ ရင်ဆိုင်ခဲ့ရတယ်
စစ်သည်အချို့လဲ ဒဏ်ရာရကြတယ်
နောက်ဆုံး ကိုယ့်ဘက်က
အနိုင်ရပြီး ငြိမ်သွားတဲ့အခါကြမှ
ကိုယ့်အိမ်လေးမှာ အေးချမ်းစွာနေထိုင်ခဲ့ရတယ်

အချိန်ကြာလာတော့ 
ဖေဖေတာဝန်နဲ့  ရန်ကုန်တိုင်းထဲက
တပ်ဌာနတစ်ခုကို အပြောင်းပါခဲ့တယ်
တာဝန်ကျရာတပ်အသစ်လေးမှာ
နေထိုင်ရင်း  ရှေ့တန်းထွက်ရခဲ့ပြန်တယ်
အတော်လေးသိတတ်နေပြီဆိုတော့
စိတ်ပူလို့ အဖေ့ကိုမှာနေခဲ့ရှာတယ်
အဖေကဖြေတယ် စိတ်မပူနဲ့တဲ့
နယ်မြေအေးချမ်းတယ်တဲ့
သမီးဖေဖေပြန်လာရင်
ပန်းကုံးနဲ့ကြို ဖို့စောင့်နေမယ်နော်
အေးပါ   သမီးလေးရယ်ဆိုပြီး
တစ်ခါထွက်ခွာသွားပြန်တယ်
လေးငါးလကြာတဲ့အခါ 
ဖေဖေတို့ပြန်လာတော့
စံပယ်ပန်းကုံးလေးသီပြီး
ဂိတ်အဝင်ဝမှာကြိုဖို့စောင့်နေခဲ့တယ်
ကားပေါ်ကဆင်းလာတဲ့အဖေ့ကို
ရှာစရာမလိုတော့ပဲ မှတ်မိနေခဲ့တယ်
အဖေ့ရဲ့ကျောပိုးအိပ်ကိုလွယ်ပြီး
အဖေ့ကိုဖက်ကာအမေ့ဆီလာခဲ့တယ်
အမေ့က အဖေ့အတွက်
အအေးနဲ့ကွမ်းရာလေးကိုင်ပြီး
စောင့်နေခဲ့တယ်………အဖေကအအေး
သောက်ပြီး သေနတ်အပ်ဖို့ပြန်သွားတယ်
အိမ်ပြန်ရောက်တဲ့အခါ
အဖေနဲ့ စစ်မြေပြင်ကအကြောင်းတွေ
ရန်သူတွေအကြောင်းတွေမေးရင်း
စစ်ရေးစစ်ရာ ရှေ့တန်းစစ်မြေပြင်က
အန္တရာယ်တွေကိုနားလည်လာခဲ့တယ်
အဖေ့အတွက်စိတ်ပူနေမိတယ်

နားပြီးသုံးလခွဲလောက်ကြာတော့
ကရင်ပြည်နယ်မှာ
သူပုန်တွေဆိုးရွားပြီး
ကျေးရွာတွေကို ဗိုလ်ကျနေတဲ့
သတင်းကိုသိရပြီး   တပ်အင်အားနဲ့
လုံခြုံ မှုပေးဖို့ ရှေ့တန်းထွက်ဖို့
ကြေးနန်းသတင်းဝင်လာခဲ့တယ်
အခြေအနေအရ အရေးကြီးလို့
ပြင်ဆင်ခွင့်မရခဲ့ပဲ  ထွက်ဖို့အဆင်သင့်နဲ့
ခရီးစခဲ့ရတယ်
အဲ့နေ့မနက်   အဖေ့ကိုကြည့်ပြီး
ကားအနောက်နားမှာ  ငိုနေခဲ့တယ်
ဒါပေမယ့်လဲ  
အဖေသိရင်စိတ်မကောင်းမှာစိုးလို့
မျက်ရည်လေးသုပ်ပြီး
တာ့တာပြ ပြုံးပြခဲ့တယ်

ရှေ့တန်းစစ်မြေပြင်မှာ
သူပုန်တွေထောင်ထားတဲ့
မှိုင်းတွေကနေရာအနှံ့မှာ
သတိနဲ့နေ သတိနဲ့စား
သတိနဲ့သွားလာနေရတဲ့ အဖေ့အတွက်
စိတ်ထဲ မကောင်းခဲ့ဘူး
စစ်သားအားလုံးအတွက်လဲ
မေတ္တာပို့ဆုတောင်းတတ်ခဲ့ပြီလေ
တစ်နေ့     တပ်ရင်းက
အရာရှိတစ်ယောက်နဲ့ ဆရာတစ်ယောက်
မိုင်းဆွဲမိပြီး ကျဆုံးသတင်းကြားရတယ်
စိတ်ပူလိုက်တာအဖေရယ်………
စခန်းချရာနယ်မြေမှာ
သူပုန်တွေပတ်ပတ်လည် မိုင်းချထားတာမို့
အန္တရာယ်နေရာမှာ အနိုင်တိုက်နေရခဲ့တာ
အဆင်ဘယ်လိုပြေခဲ့ရတာလဲ အဖေရယ်
အဆင်ပြေ နေကောင်းပါတယ်ဆိုတဲ့
သမီးတို့ကိုရေးတဲ့ စာထဲမှာ
ရန်သူ့အကြောင်းမှမပါခဲ့ပဲ
အမေ့ခမျာ အဖေ့စာလေးဖတ်ပြီး
စိတ်မကောင်းဖြစ်နေတော့မှ
အမေအိပ်ပျော်သွားတဲ့အခါ
စာခေါက်လေးခိုးဖတ်မိတယ်………

မိန်းမရေ
    စစ်မြေပြင်အခြေအနေက
ကိုယ့်ဘက်မှာမရှိဘူး  ဒါပေမယ့်
ရှိတဲ့အင်အားနဲ့ အနိုင်တိုက်မှာမို့
အောင်ပွဲခံရမှာပါတဲ့   
သတိနဲ့နေသတိနဲ့စားနေပေမယ့်
အသက်ကို ဖက်နဲ့ထုပ်ထားရသလိုပါပဲ
သမီးကတော့  အဖေလာရင်
ပန်းကုံးနဲ့ကြိုဖို့စောင့်နေမတဲ့ကွာ
စစ်သားဆိုတော့  အတတ်မပြောနိုင်ဘူး
တိုက်ပွဲမှာ တစ်ခုခုသာဖြစ်ခဲ့ရင်
အားအင်တွေနဲ့ရှင်သန်ပါ
သမီးအတွက် ခွန်အားတွေမျှပေးပါတဲ့
မှာချင်တာကတော့    အပြန်ခရီးမှာ
ပါမလာခဲ့ရင်…………
စစ်သားဖြစ်တဲ့ကျုပ်ကို မမုန်းပါနဲ့တဲ့''

       ဂရုစိုက်ပါနော်

အဲ့ဒီစာဖတ်ပြီး    
ဘယ်လိုမှအိပ်မရခဲ့ဘူး
အဖေ့ကိုတွေ့ရပါ့ဦးမလား
အဖေ့ကိုကြို ခွင့်ရပါ့ဦးမလားနဲ့
အတွေးပေါင်းများစွာ အိပ်မရခဲ့ဘူး
တိုက်ပွဲကာလတွေကိုမုန်းတီးပြီး
အဖေ့ကိုတွေ့ရဖို့ပဲမျှော်နေမိခဲ့တယ်
နောက်တစ်ခါ  အဖေ့ကို
ကြိုခွင့်ရပါဦးမလားနဲ့  မျက်ရည်ကျခဲ့ရတယ်

ကံဆိုးတဲ့နေ့တစ်နေ့လိုပဲ
အဲ့နေ့က သတင်းကြားရတယ်
တပ်ရင်းနှစ်ခု ပေါင်းဖို့ ဆိုပြီး
အဖေရယ် အရာရှိတစ်ယောက်ရယ်
ရဲဘော်နှစ်ယောက် ဆရာကြီးတစ်ယောက်နဲ့
တခြားတပ်ကိုသွားခေါ်တဲ့လမ်းမှာ
အကုန်လုံး သူပုန်ဖမ်းတာခံရခဲ့တယ်
သွားမယ့်နေရာမဝေးတာမို့
စစ်ကြောင်းတစ်ခုလုံးသွားရင်
တိုက်ပွဲပြင်းမှာစိုးလို့ တိတ်တဆိတ်နဲ့
လှုပ်ရှားကာမှ အဖမ်းခံခဲ့ရတယ်
အရမ်းကို မခံစားနိုင်အောင်
ရင်နဲ့မဆံ့ကြေကွဲခံစားခဲ့ရတယ်
မျှော်လင့်ချက်မဲ့တဲ့လူဖြစ်ခဲ့ရတယ်
ရန်သူလက်ထဲပါသွားတဲ့
ငါးယောက်လုံးကို 
စခန်းရဲ့ဖွဲ့စည်းပုံကို မေးတဲ့အခါ
တစ်ယောက်မှမဖြေတာမို့
နှပ်စက်ခဲ့ကြတယ်   စစ်သားရဲ့
သစ္စာထဲမှာ နိုင်ငံတော်ကို
သစ္စာမဖာက်တာဖြစ်တဲ့အတွက်
ဘယ်လောက်အနာခံရပါစေ
အဖြေမထွက်ခဲ့ဘူး
တပ်ရင်းကစုံစမ်းကယ်ဆယ်ပေမယ့်
ဘယ်လိုမှမရခဲ့ဘူး
ဒီလိုနဲ့  တပ်ရင်းလဲရှေ့တန်းဝင်ခဲ့တာ
အဖေမပါလာတော့ဘူး
အိမ်မှာငိုပြီး မျှော်လင့်နေခဲ့တုန်းပဲ

သူပုန်တွေဘက်ကလဲ
စစ်ကြောင်းပြနါသွားပြီးသတင်းကြားတာနဲ့
အကုန်သတ်ဖို့အမိန့်ပေးခဲ့တယ်
သူပုန်လေးယောက်လောက်
အဖေတို့ငါးယောက်ကိုခေါ်ပြီး
စခန့်နဲ့ဝေးရာမှာ သတ်ဖို့ခေါ်ဆောင်လာခဲ့တယ်
အဲ့အချိန်အဖေတို့ငါးယောက်
တစ်ယောက်နဲ့တစ်ယောက်
စုဝိုင်းလိုက်ပြီး လက်ကကြိုးတွေကို
ရသလောက်ဖြေနေခဲ့တယ်
အဖေရယ် ရဲဘော်တစ်ယောက်ရယ်က
ကြိုးလျော့သလိုဖြစ်နေတဲ့အချိန်
အရာရှိရယ် ဆရာကြီးနှစ်ယောက်က
သူပုန်တွေကို ပုခုံးနဲ့ဝင်တိုက်တယ်
ထိုစဉ်   သူပုန်တွေရဲ့ သေနတ်ထဲက
ကျည်ဆန်ဟာ အကုန်လုံးကိုထိခဲ့တယ်
အဖေက ညာဘက်ရင်အုံကို ရှက်မှန်ပြီး
ရဲဘော်တစ်ယောက်က ပေါင်ကိုမှန်ခဲ့တယ်
ကျန်တဲ့သုံးယောက်လုံး
ကျဆုံးသွားပြီ  သူတို့ပြစ်နေစဉ်
လက်နဲ့မဲ့နေတဲ့သူတွေအတွက်
ထွက်ပြေးဖို့တစ်ခုသာ
လွှတ်မြောက်ရာဖြစ်ခဲ့လို့     ရက်ပေါင်းများစွာ
တောထဲမှာ အစာငန်ပြတ်ပြီး  လမ်းပေါ်ရောက်အောင် ကြိုးစား
ပြေးခဲ့ရတယ်     ခရီးသွားကားကို
တားပြီး အနီးဆုံးတပ်ရင်းကို
ပို့ပေးဖို့ အကူအညီတောင်းခဲ့ရတယ်
အဖေတို့ နီးစပ်ရာတပ်ရင်းကိုရောက်တော့
ထိုတပ်က ဆေးရုံကိုပို့ဖို့စီစဉ်ပြီး
တာဝန်ကျရာတပ်ကို ကြေးနန်းနဲ့
အကြောင်းကြားခဲ့တယ်
အဲ့သတင်းကိုသိရချိန်    
အဖေ့ကိုတင်းကျပ်စွာဖက်ပြီး
ငါ့အဖေပြန်လာပြီ  ဖေကြီးပြန်လာပြီဆိုပီး
တစ်ညလုံးတစ်စိမ့်စိမ့်တွေးရင်းငိုနေခဲ့ရတယ်

နောက်နေ့မနက် 
တပ်က ကားနဲ့ ကရင်ပြည်နယ်က
တိုက်နယ်ဆေးရုံးကိုပို့ပေးမှာမို့
အမေနဲ့အတူ ရေးဗိုလ်ကြီးနဲ့
ကားသမားနဲ့  ထွက်လာခဲ့ကြတယ်
သွားနေစဉ်လမ်းမှာ    သတင်းတစ်ခု
ထပ်ကြားရတာက   ပေါင်ကိုသေနတ်
မှန်ထားတဲ့တစ်ယောက်က
သွေးထွက်လွန်ပြီး ဆေးရုံမှာဆုံးသွားပြီတဲ့
နောက်တစ်နေ့   ဆေးရုံကိုရောက်တော့
ဒဏ်ရာတွေနဲ့ ပြုံးနေတဲ့အဖေ့ကိုဖက်ပြီး
သမီးကြိုဖို့စောင့်နေခဲ့တာ ဖေဖေ
ဆိုပြီးအားပါးတရထပ်ငိုမိတယ်
အမေ့ကတော့ အဖေ့လက်ကို
ကိုင်ထားပြီး   ကျေးဇူးတင်ပါတယ်တဲ့

အဖေ့ကို ကြိုဖို့စောင့်နေခဲ့တာပါ
ဖေဖေရယ်……………

Credit... မာယာမဲ့အပြုံး
ကိုပြည့်

No comments:

Post a Comment