Saturday, January 16, 2016

အိမ်ထောင်ရေးသုခကို အပြည့်အဝခံစားစေနိုင်သော အချက်( ၉ )ချက

အိမ်ထောင်ရေးသုခကို အပြည့်အဝခံစားစေနိုင်သော အချက်( ၉ )ချက်
•••••••••••••••••••••••••••••••••••••••••••••••
(၁) အိမ်ခွဲနေပါ ။
လက်ထပ်ပြီးသည့်နေ့မှစကာ တစ်အိုးတစ်အိမ်ထူထောင်ပါ။ ဖြစ်နိုင်လျှင် မင်္ဂလာမဆောင်ခင်လများစွာအလိုကတည်းကမိမိတို့ဇနီးမောင်နှံနှစ်ဦး လက်ထပ်ပြီးချိန်တွင် အဆင်သင့်နေထိုင်နိုင်ရန်သင့်တင့်မျှတသော အိမ်လေးတစ်လုံးဆောက်ပါ။ အကယ်၍ငွေကြေးမတတ်နိုင်ဘူးပဲထားအုံး အိမ်ငှားပြီးနေလိုက်ပါ။ နှစ်ဖက်မိဘအိမ်မှာနေရင်အဆင်မပြေဖို့ရာများပါတယ်။ သူ့မိဘကို ကိုယ့်မိဘအရင်းသဖွယ် မဆက်ဆံနိုင်ရင်…ယောက္ခမဆိုတဲ့အတွေးမျိုးဝင်နေမယ်ဆိုရင် ရှေည်မှာမလွယ်ပါဘူး။တဖက်ကလဲ သူ့သားရင်းသမီးရင်းလိုသဘောမထားနိုင်ရင်ဆိုတာမျိုး။ကိုယ်နဲ့ရွယ်တူယောင်းမ /ယောက်ဖ (ကိုယ်ဘာလုပ်လုပ်အမြင်မကြည်တဲ့သူ) ရှိနေခဲ့မယ်ဆိုရင်လဲ ဒါဟာ နောင်တချိန်မှာလင်မယားအချင်းချင်း သူ့ဆွေမျိုး ကိုယ့်ဆွေမျိုးနဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေလုပ်ပြီး မလိုလားအပ်တဲ့ပြသနာတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ယောက္ခမနဲ့ချွေးမ ယောက္ခထီးနဲ့သမက် တည့်တယ်ဆိုတာရှာမှရှားပါ။နီးတကျက်ကျက်ဆိုသလိုမျိုးပေါ့။သူတို့နဲ့ဝေးနေတာကပိုပြီး ချစ်ခင်ရင်းနှီးမှုကိုရစေမှာပါ ။

(၂)သူနဲ့ကိုယ်ကြားမှာလျို့ဝှက်ချက်ဆိုတာမထားနဲ့။
လင်နဲ့မယားဆိုတာ ခရီးတစ်ခုကိုအတူသွားနေတဲ့ရဲဘော်ရဲဘက်တွေလိုပါပဲ။ လမ်းခရီးမှာကောင်းတာကြုံနိုင်သလိုဆိုးတာတွေလဲတွေ့ကောင်းတွေ့မှာပါ။အဲ့လိုအချိန်မှာ နစ်ယောက်တိုင်ပင်ရပါမယ်။ ပြောချင်တာကတော့ အသေးအဖွဲကိစ္စလေးတွေဖြစ်ပါစေ သူမသိအောင် ထိန်ချန်ပြီးမလုပ်မိပါစေနဲ့။ ကိုယ်ကစပြီးလိမ်ညာမယ်ဆို သူကလည်းမကြာခင်လိမ်တတ်လာတော့မှာပါ။အဲ့ဒါကြောင့် သူမသိဘဲဘာကိစ္စကိုမှ ခိုးကြောင်ခိုးဝှက်မလုပ်မိပါစေနဲ့ ။

(၃) သွေးမအေးပါနဲ့ ။
ရည်းစားဘဝကအတိုင်းပဲ နွေးနွေးထွေးထွေးနဲ့ ကြင်ကြင်နာနာဆက်ဆံပါ။ ချစ်စကားတီတီတာတာတွေကို ချစ်သူတုန်းကပဲပြောရတယ်မမှတ်ပါနဲ့။ အခုကပိုပြီးတောင်ပြောရပါအုံးမယ်။

(၄) အခေါ်အဝေါ်တွေကိုမပြောင်းပစ်ချင်ပါနဲ့ ။
အရင်မောင်ရေ ချစ်ရေ ခေါ်ရင် အခုလဲအဲ့အတိုင်းသာဆက်ခေါ်ပါ။ ဒါကလည်းအရေးကြီးပါတယ်။

(၅) မောင်တစ်ထမ်းမယ်တစ်ရွက်လမ်းစဉ်ကျင့်သုံးပါ ။
မောင်ကရုံးကအလုပ်တွေမပီးလို့အိမ်ကိုပါလာတဲ့အခါ မယ်ကကိုယ်နဲ့မဆိုင်သလိုမနေပါနဲ့။အနည်းဆုံးတော့ ဂဏန်းပေါင်းစက်သုံးတတ်မှာပါ။သူ့အလုပ်တွေကိုကူလုပ်ပေးလိုက်ပါ။ အဲ့လိုပဲ မယ်ကချက်ပြုတ်နေရင် မောင်က ဟင်းရွက်သင်ပါ ဆန်ဆေးပေးလိုက်ပါ။ယောင်္ကျားလေးမီးဖိုထဲဝင်လို့ဖုန်းမနိမ့်ပါဘူး။

(၆)တစ်နေ့တစ်ခါ"ချစ်တယ်"ပြောပေးပါ
အရင်တုန်းကတော့အခါတစ့်ရာလောက်ပြောကြမှာပါ။ အခုအဲ့လောက်မပြောရင်တောင် အနည်းဆုံးတစ်ခါတော့ ချစ်စကားပြောပြီးသူ့ပါးပြင်ကိုမွှေးကြူလိုက်ပါ။ ဒါဟာမလိုအပ်တဲ့ကိစ္စလို့မထင်ပါနဲ့။ ရှက်စရာလဲမလိုပါဘူး ။ရဲရဲသာပြောကြည့်လိုက်ပါ ။

(၇) ခရီးသွားပါ ။
ခရီးသွားခြင်းက လူ့စိတ်ကိုrelaxဖြစ်စေနိုင်သလို အပျော်ဓာတ်ကိုလဲပေးစွမ်းနိုင်ပါသေးတယ်။ နှစ်သားခရီးတူတူ မကြာခဏသွားပေးခြင်းဖြင့် အချစ်တွေတိုးသထက်တိုးလာဖို့ တစ်ယောက်နဲ့တစ်ယောက်ဆွဲဆောင်ပါ။

(၈) ထမင်းလက်ဆုံစားပါ ။
ဘယ်လိုအခြေအနေမျိုးဖြစ်ပါစေ ထမင်းကိုအတူလက်ဆုံစားပါ။ သူနောက်ကျလဲစောင့်ပါ။အလုပ်နဲ့မို့ Lunchအတူမစားဖြစ်ရင်တောင် Breakfast နဲ့dinnerကတော့ မျက်လုံးချင်းဆုံပြီး အတူတူလက်ဆုံစားနိုင်ဖို့ ကြိုးစားပါ။

(၉) မင်္ဂလာဆောင်မှတ်တမ်းဗီဒီယိုခွေကိုကြည့်ပေးပါ ။
အဲ့ဒါကတော့ သူနဲ့ကိုယ်နဲ့ စကားများဖို့ဖြစ်လာရင်တော့ မင်္ဂလာဆောင်တုန်းကခွေကိုဖွင့်ကြည့်လိုက်ပါ။ အဲ့တုန်းကအရမ်းပျော်ရွှင်ခဲ့ရတာကို ကြည့်ရင်းနဲ့ စိတ်တွေနူးညံ့သွားပါလိမ့်မယ်။ ဒီနည်းကတကယ်အကျိုးရှိမှာနော် ။

Credit to နွေဦးပိတောက်

No comments:

Post a Comment