Monday, January 11, 2016

....လူသားအစ ဘယ်ဆီမှ....

....လူသားအစ ဘယ်ဆီမှ....
~~~~~~~~~~~~~~
လူသားတွေရဲ့အစကိုရှာကြည့်ရအောင် .....။
ဘဲဥရဲ့အစကို ရှာ၍မရပါ။ ထို့ အတူ စကြဝဌာရဲ့ အစကိုလည်း ရှာမရနိုင်ပါဘူး။ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟောခဲ့တာက ...အနန္တစကြဝဋ္ဌာနှင့် အနန္တသတ္တဝါ ပါတဲ့ဗျာ။ အကယ်၍ တစ်ဦးတစ်ယောက်ကများ လောကကြီးမှာ အစရှိသလား...သတ္တဝါတွေမှာအစရှိသလားလို့ မေးခဲ့မယ်ဆိုလျှင် ၊မေးတဲ့သူဘက်ကလည်း အဖြေမရနိုင်သလို ဖြေတဲ့သူတွေလည်း မှန်နိုင်စရာ အကြောင်းမရှိပါဘူး။ ယနေ့..လေကာဓာတ်ပညာရှင်တွေရဲ့ သုသေသနပြုချက်အရ..လူသားတွေရဲ့အစကိုအတိကျဖော်မပြနိုင်သော်လည်း...အနည်းဆုံးတော့ နှစ်ပေါင်း....သန်းပေါင်းလေးထောင့်ငါးရာ အထက်မှာရှိခဲ့ပါပြီတဲ့။ ROYAL SOCIETY...သုတေသနအသင်းကြီးရဲ့ အတည်ပြုထုတ်ပြန်ချက်အရ..မြန်မာနိုင်ငံ မကွေးတိုင်း ပုံတောင်ပုံညာ ဒေသမှ တူးဖော်ရရှိခဲ့တဲ့ လူဦးခေါင်း ကျောက်ဖြစ်ရုပ်ကြွင်းသည် ၊ လွန်ခဲ့သောနှစ်ပေါင်း ၃၈ သန်းကလို့ပြောပါတယ်။ အခုလို အပိုင်းတစ်ခုကိုတင်ပြဆွေးနွေးလို့အပြီးမှာတော့

....ခရစ်ယာန်တို့ရဲ့ ကျမ်းစာအရပြောရလျှင်...လူသားအစသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ ကျော်ကလို့ပြောပါတယ်။ မည်သို့မျှ မဖြစ်နိုင်တော့ဘူးဆိုတာ ထင်ရှားပါတယ်။ လူမျိုးဆက်အနေနှင့်တွက်ကြည့်မည်ဆိုလျှင်လည်း ခရစ်ယာန်ကျမ်းစာအရ ....အာဒံမှစလျှင်...ယေရှု အထိတိုင်အောင် မျိုးဆက်ပေါ်င်း ၇၆ ဆက်သာရှိပါသေးတယ် (ရှင်လုကာခရစ်ဝင်ကျမ်း ၃း၂၃ မှ ၃၇ )။ ဒီလောက်မျိုးဆက်မျှနှင့် လူသားအစ အာဒံ ဆိုတာ ပိုလို့တောင် မဖြစ်နိုင်တော့ပါဘူးဗျာ။ ပိုပြီးသေချာသွားစေရန်အတိကျ တွက်ပြပါ့မယ်။

ခရစ်ယာန်ကျမ်းစာအရဆိုလျှင်....
ကမ္ဘာဦးကျမ်းအရ အာဒံဟာအသက် ၉၃၀ မှာသေပါတယ်။ အာဒံသေပြီး နောက်ထက်နှစ်ပေါင်း ၇၂၆ လောက်အချိန်ဖြစ်တဲ့ နောဧခေတ်မှာ ရေကြီးတဲ့ဘေးဖြစ်ပေါ်ခဲ့ပြီး ၊ ထိုရေဘေးဖြစ်ပြီးနောက်နှစ်ပေါင်း ၃၅၂ လောက်မှာတော့ အာဗြဟံကိုမွေးဖွားလို့လာခဲ့ပါတယ်။ ဒီလိုနဲ့နောက်ထက်နှစ်ပေါင်း ၅၀၅ နှစ်လောက်မှာတော့ ဣသရေလလို့ခေါ်တဲ့ယနေ့အစ္စရေးနိုင်ငံသားတွေရဲ့အမျိုးနွယ်..ယာကုပ်ရဲ့သွေးသားတွေကို အီဂျစ်ပြည်ကနေခေါ်ထုတ်လာလို့ ကျွန်ဘဝကလွတ်မြောက်ခဲ့အောင် မောရှေဆိုတဲ့ ကျမ်းရေးဆရာက ဦးဆောင်ခဲ့ပါတယ်။ လွတ်မြောက်လာတဲ့ ဣသရေလ.. လူမျိုးတွေဟာ အချိန်ကာလများစွာကို အခြေနေအမျိုးမျိုးနဲ့ ဖြတ်သန်းလာခဲ့တဲ့ နှစ်ပေါင်း ၉၀၆ နှစ်လောက်မှာတော့ သူတို့နေတဲ့ ယေရုဆလင်မြို့ကို ရန်သူတွေကဖြတ်ဆီးလိုက်ပြီး သူတို့ကိုလည်း ဗာဗုလုန်နိုင်ငံသိုခေါ်ဆောင်သွားပါတော့တယ်။ဣသရေလလူ မျိုးတွေဟာ ဗာဗုလုန်ရဲ့ သူ့ကျွန်အဖြစ်နဲ့ နှစ်ပေါင်း ၇၀ လောက်အကြာ ဗာဗုလုန်က ကုရုမင်းကြီးက ဣသရေလလူမျိုးတွေကို ယေရုဆလင်မြို့သို့ပြန်ခွင့်ပြုခဲ့ပါတယ်။ သူတို့တွေဟာ ယေရုဆလင်သို့ပြန်ရောက်လို့ နောက်နှစ်ပေါင်း ၅၃၇ နှစ်လောက်မှာတော့ ယေရှုကိုမွေးဖွားလာခဲ့ပြီး၊ ထိုသို့ယေရှုမွေးဖွားလာပြီး ယခုအချိန် ၂၀၁၅ နဲ့ ယေရှုမမွေးခင် အာဒံနဲ့ယေရှုအကြားက နစ်ပေါင်း ၄၀၀၀ ကျော်ကိုပေါင်းလိုက်ရင် အားလုံးပေါင်းမှ နှစ်ပေါင်း ၆၀၂၀ ကျော်သာရှိပါသေးတယ်။ ထို့ကြောင့် ခရစ်ယာန်နှင့် မွတ်ဆလင်တို့၏ တူညီသောယုံကြည်မှုအရ...သူတို့ဘာသာ၏ လူသားအစသည်...နှစ်ပေါင်း..၆၀၀၀ ကျော်သာ ရှိသေးလို့ လွန်စွာမှ စိတ်ပျက်မိပါတော့တယ်ခင်ဗျာ။

ကူးယူဖြန့်ချီရေးအတွက် မည်သူ့ကိုမဆိုအား မူပိုင်ခွင့်ပြုပါသည်။

No comments:

Post a Comment