Saturday, January 23, 2016

"အဲ့လောက်မလုပ်ပေးနိုင်ဘူး"

မယုံမရှိနဲ့ !!

ဘယ်မိန်းမကိုမှ အလိုလိုက်ပြီး "အဲ့လောက်မလုပ်ပေးနိုင်ဘူး" ဆိုတဲ့ယောင်္ကျား....သူတို့တကယ်ချစ်မိသွားတဲ့မိန်းကလေးကို ခြေထောက်ကိုင်ပြီး ဖိနပ်စီးပေးဖို့ဝန်မလေးတတ်ကြဘူးဆိုတာ မယုံမရှိနဲ့ !!

သူ့အမေကလွဲပြီး ဘယ်မိန်းမကမှ "ဆံပင်ကိုင်တာ .. ခေါင်းကိုင်တာမျိုး"ကိုလက်မခံတဲ့ယောင်္ကျား ...သူတို့တကယ်ချစ်သွားတဲ့မိန်းကလေးက ဆံပင်ဆောင့်ဆွဲတတ်တာမျိုး .. နားရွက်လိမ်ဆွဲတတ်တာမျိုးလေးကိုပဲ အပြုံးမပျက်ဘူးဆိုတာ မယုံမရှိနဲ့ !!

ယောင်္ကျားသဘာဝ ကပြက်ကချော်နိုင်ပြီး အချိန်ကိုလေးစားရကောင်းမှန်း မသိတတ်တဲ့ယောင်္ကျား ......သူတို့တကယ်ချစ်သွားတဲ့ မိန်းကလေးနဲ့ ချိန်းထားတဲ့အချိန်နောက်ကျသွားရင် စိတ်ဆိုးမှာကြောက်တတ်တာကြောင့် အချိန်တိကျသွားတတ်ကြတယ်ဆိုတာ မယုံမရှိနဲ့ !!

စိုးရိမ်ပူပန်တတ်တာဆိုတာ ဘာမှန်းမသိ သူတို့ကိုယ် သူတို့တောင် ဂရုစိုက်ရမှန်းမသိတဲ့ယောင်္ကျား .......သူတို့တကယ်ချစ်သွားတဲ့မိန်းကလေးနှာစီး/ချောင်းဆိုးတာလေးကအစ လိုက်ပြီးစိုးရိမ်တကြီးနဲ့ ဂရုစိုက်နေဖို့ မှာတတ်သွားကြတယ်ဆိုတာ မယုံမရှိနဲ့ !!

ဘယ်သူတွေ ဘယ်လိုဆုံးမ ဆုံးမ .. မနာခံခဲ့ဘဲ ခပ်ဆိုးဆိုးအကျင်းတွေကိုပဲလုပ်ခဲ့တဲ့ယောင်္ကျား ...........သူတို့တကယ်ချစ်မိသွားတဲ့မိန်းကလေး မကြိုက်တာဆိုရင်ကြိုးစားပြီး ပြုပြင်ပေးလာတတ်ကြတယ်ဆိုတာ
မယုံမရှိနဲ့ !!

ရှိလားးးးးး ဒီလိုချစ်သူယောင်္ကျားလေးမျိုး ... ??????

ရှိတာပေါ့ ..

ဒီလိုချစ်သူယောင်္ကျားလေးမျိုးကိုပိုင်ဆိုင်ထားတယ်…ဆိုရင်တော့ Congratulation<3

......................................

No comments:

Post a Comment