Monday, January 4, 2016

အေဖဆိုတာ

အေဖဆိုတာ ...

- အေဖဆိုတာ ႏုတ္က ခပ္ၾကမ္းၾကမ္း ေျပာခ်င္ ေျပာလိမ့္မယ္ ဒါေပမယ့္ ရင္ထဲက သားသမီး အေပၚ ခ်စ္တဲ့စိတ္က ႏူးညံ့ သိမ္ေမြ႔လွပါတယ္။

- အေဖဆိုတာ ေငြေၾကး အမ်ားၾကီး ရွာနိုင္ခ်င္မွ ရွာနိုင္လိမ့္မယ္ ဒါေပမယ့္ သူရွာေၾကြးတဲ့ ေငြေၾကးနဲ႔ မိသားစု ထမင္း နပ္မွန္ေအာင္ ေကၽြးမယ့္လူမ်ိဳးပါ။

- အေဖဆိုတာ ပညာတတ္ခ်င္မွ တတ္လိမ့္မယ္ ဒါေပမယ့္ ေမြးလာတဲ့ သားသမီးေတြကိုေတာ့ ပညာတတ္ၾကီး ျဖစ္ေစခ်င္တယ္။

- အေဖဆိုတာ အေသာက္အစား ရိွခ်င္ ရိွလိမ့္မယ္ ဒါေပမယ့္ သားသမီးေတြကိုေတာ့ လိမၼာေစခ်င္တယ္။

အေဖေတြဟာ တစ္ခါတစ္ရံမွာ ရင္ထဲမွာ ရိွတာေတြကို ထုတ္ျပီး ဟန္လုပ္ကာ မေျပာတတ္ဘူး။ နာက်င္စရာ ရိွရင္လည္း မ်ိဳသိပ္ျပီးေတာ့ နာက်င္လိုက္တယ္၊ ေပ်ာ္စရာရိွရင္ ရင္ထဲကပဲ ေပ်ာ္ေနလိုက္တယ္။ သားသမီးေတြကို အျမဲတမ္း ဝမ္းမနည္းေစခ်င္ဘူး မပူေဆြးေစခ်င္ဘူး။ အစစ အရာရာ အေဖတို႔ အနစ္နာ ခံခဲ့ပါတယ္။

ဓာတ္ပံု - govtedu
ေက်ာ္လင္းနိုင္ (႐ိုးရာေလး)
www.yoyarlay.com

#kln_yyl
#article_yyl

(Unicode Version)
အဖေဆိုတာ ...

- အဖေဆိုတာ နုတ်က ခပ်ကြမ်းကြမ်း ပြောချင် ပြောလိမ့်မယ် ဒါပေမယ့် ရင်ထဲက သားသမီး အပေါ် ချစ်တဲ့စိတ်က နူးညံ့ သိမ်မွေ့လှပါတယ်။

- အဖေဆိုတာ ငွေကြေး အများကြီး ရှာနိုင်ချင်မှ ရှာနိုင်လိမ့်မယ် ဒါပေမယ့် သူရှာကြွေးတဲ့ ငွေကြေးနဲ့ မိသားစု ထမင်း နပ်မှန်အောင် ကြွေးမယ့်လူမျိုးပါ။

- အဖေဆိုတာ ပညာတတ်ချင်မှ တတ်လိမ့်မယ် ဒါပေမယ့် မွေးလာတဲ့ သားသမီးတွေကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်။

- အဖေဆိုတာ အသောက်အစား ရှိချင် ရှိလိမ့်မယ် ဒါပေမယ့် သားသမီးတွေကိုတော့ လိမ္မာစေချင်တယ်။

အဖေတွေဟာ တစ်ခါတစ်ရံမှာ ရင်ထဲမှာ ရှိတာတွေကို ထုတ်ပြီး ဟန်လုပ်ကာ မပြောတတ်ဘူး။ နာကျင်စရာ ရှိရင်လည်း မြိုသိမ့်ပြီးတော့ နာကျင်လိုက်တယ်၊ ပျော်စရာရှိရင် ရင်ထဲကပဲ ပျော်နေလိုက်တယ်။ သားသမီးတွေကို အမြဲတမ်း ဝမ်းမနည်းစေချင်ဘူး မပူဆွေးစေချင်ဘူး။ အစစ အရာရာ အဖေတို့ အနစ်နာ ခံခဲ့ပါတယ်။

ဓာတ်ပုံ - govtedu
ကျော်လင်းနိုင် (ရိုးရာလေး)

No comments:

Post a Comment