Wednesday, January 27, 2016

ဖစ်စဉ်အကျဉ်းများဖြင့် ပြန်လည် ရှင်းပြထားပါတယ် ....။

ဖြစ်စဉ်အကျဉ်းများဖြင့် ပြန်လည် ရှင်းပြထားပါတယ် ....။

" တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် "ရ ရဲမေများ ....

၁။ ကြည်း ၅၉၉၈၁ ဗကဟိန်းထက်နိုင် (ဇနီး) ဒေါ်သက်နှင်းဝေ ခလရ(၁၂၉)
၂။ အမှတ်-၇၂၅၀၉၄ တကကမြလှိုင် (ဇနီး) ထုဆိုင် ခလရ(၁၂၉)
၃။ အမှတ်-၉၁၀၂၆၇ တကမင်းထိုက် (ဇနီး) ဒေါ်စန်းဝင်းရီ ခလရ(၁၂၉)
၎။ အမှတ်-၉၈၅၃၀၂ တကအောင်နိုင်လင်း (ဇနီး) ဒေါ်ယေနန်းကပ် ခလရ(၁၂၉)
၅။ တ-၄၁၆၁၀၁ တသဇေယျာမောင် (ဇနီး) ဒေါ်ခေါင်နန်း ခလရ(၁၂၉)
၆။ အမှတ်-၆၃၁၀၀၂ ခွဲတကကကျော်သိန်းခိုင် (ဇနီး) ဒေါ်ခင်ဝင်းအေး ခလရ(၂၈၆)
၇။ အမှတ်-၇၁၄၆၉၀ ခွဲတကက၀င်းဇော် (ဇနီး) ဒေါ်ခင်မိုးထွန်း ခလရ(၂၈၆)
၈။ အမှတ်-၇၁၄၇၂၆ ခွဲတကကကျော်ဌေး (ဇနီး) ဒေါ်နန်းထွေးခင် ခလရ(၂၈၆)
၉။ တ-၃၁၉၈၆၈ တကက/စရညီညီဦး (ဇနီး) ဒေါ်မေဖူးခိုင် ခမရ(၆၀၁)
၁၀။ အမှတ်-၉၇၉၂၉၂ တကမောင်တိုင်း (ဇနီး) ဒေါ်နန်းလှိုင် ခမရ(၆၀၁)
၁၁။ တ-၁၉၇၃၂၁ တကကျော်သောင်း (ဇနီး) ဒေါ်တင်ယုံ ခမရ(၆၀၁)
၁၂။ တ-၄၁၉၈၁၅ တသထွန်းထွန်းဝင်း (ဇနီး) ဒေါ်မျိုးသူဇာအောင် ခမရ(၆၀၁)
၁၃။ တ-၄၂၅၆၃၁ တသသက်နောင်ဦး (ဇနီး) ဒေါ်ကြူကြူယဉ် ခမရ(၆၀၁)

"ခလရ(၁၂၉)".........
ညံခွမ်းမှာ ရှိတဲ့ ခလရ ၁၂၉ သောင်းကျန်းသူ ဖုန်ကြားရှင်ရဲ့ အဖွဲ့တွေ တပ်ဌာနချုပ်ကို အင်အား အလုံးအရင်းနဲ့
အလစ်ဝင်တိုက်တဲ့အချိန်မှာ၊ တပ်မှာရှိတဲ့ အရာရှိစစ်သည်အားလုံး ရှေ့တန်းတာဝန်ကို ထမ်းဆောင်နေချိန်ပေါ့ ....။
ဒီအချိန်မှာ သောင်းကျန်းသူတို့ကို ပြန်လည်ခုခံခဲ့ပြီး မိမိတပ်အနားထိတောင် ကပ်မလာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ရဲမေတွေ ....
ဒီပွဲမှာ နောက်ချန်တပ်ရဲ့ အရာရှိစစ်သည်အချို့တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ရသလို၊ ရဲမေတချို့လည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
စစ်ကူလိုက်လာနိုင်တဲ့ အထိ မိမိတပ်ကို အသက်ပေးပြီး ကာကွယ်လိုတဲ့ ရဲမေတွေကြောင့် သောင်းကျန်းသူတို့ အင်အား အဆမတန်များခဲ့သော်လည်း၊
ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်....။
တပ်ရဲ့ လုံခြုံရေးအခြေအနေ ကောင်းမွန်တဲ့အထိ ရှိတဲ့ အင်အားဖြင့် နေ့မနား၊ ညမနား၊ အလှည့်ကျ ကင်းစနစ်ဖြင့် မိမိတပ်ကို ကာကွယ်စောင့်ရှောက်နိုင်ခဲ့တဲ့ အတွက်
ခလရ ၁၂၉ ရှိ အိမ်ထောင်သည်ရဲမေ အချို့သူရဲကောင်းလက်မှတ်ရရှိခဲ့တာပါ ....။

"ခလရ(၂၈၆)".........
SSPP/SSA သောင်းကျန်းသူအဖွဲ့ ခလရ(၂၈၆)တပ်ရင်းအား
၁၆ ရက်နေ့ တွင် (၁)ကြိမ် ထိုးစစ်ဆင်ခဲ့ပြီး၊ နောက်ချန်အင်အားနှင့် အိမ်ထောင်သည်ရဲမေတို့ရဲ့ ခုခံမှုကြောင့် အထိနာပြီး ပြန်လည်ဆုတ်ခွာခဲ့ကာ၊
၁၈ ရက်နေ့တွင် (၁)ကြိမ် အင်အားတိုး ၁၅၀ဖြင့် ထပ်မံထိုးစစ်ဆင်ခဲ့ပါတယ် ....။
ရန်သူ၏ အင်အားအဆမတန်ဖြင့် တိုက်ခိုက်မှုကြောင့် .....
မိမိတပ်ဌာနချုပ်ကို စွန့်ခွါပြီး ဗျူဟာမှာ ပေါင်းဖို့ အမိန့်ကျသော်လည်း၊ မိမိတို့ရဲ့ ရင်သွေးများသာ ဗျူဟာကို စေလွှတ်ပြီး၊
တပ်ဌာနချုပ်ကို နောက်ကျန်စစ်သည်တွေနဲ့အတူ အရာရှိတို့ရဲ့ ကွပ်ကဲမှုတွေကို တသွေမသိမ်းလိုက်နာပြီး သောင်းကျန်းသူ SSPP အဖွဲ့ကို စွန့်လွှတ်စွန့်စား တိုက်ခိုက်ခဲ့ကြတဲ့ .....
သောင်းကျန်းသူတို့၏ ထိုးစစ်ကြောင့် အပြစ်မဲ့ ကလေးတွေနဲ့ ရဲမေအချို့ ဒဏ်ရာရ ရှိခဲ့ပါတယ် ....။
ထိုတိုက်ပွဲတွင် ဗိုလ်စံ အမည်ရ ဗိုလ်ကြီး ပြည့်ဖြိုးစံတစ်ဦး တိုင်းပြည်အတွက် အသက်ပေးခဲ့ရပါသည်။
(ဗိုလ်စံ၏ စွန့်လွှတ်မှုအား "သူ့နာမည် ဗိုလ်စံ" ခေါင်းစဉ်ဖြင့် တင်ပြပြီး ဖြစ်ပါသည်။

"ခမရ ၆၀၁".........
မံစီမြို့အဝင်က ခမရ ၆၀၁ ရှေ့တန်းထွက်နေချိန် နောက်ချန်တပ် အင်အား အနဲငယ်ပဲရှိတဲ့ အချိန်မှာ KIA တပ်မဟာ၃က အင်အား၄၀ခန့်နဲ့ မနက်၅နာရီမှာ အလစ်ဝင်တိုက်တယ်....။
တပ်မှာရှိတဲ့နောက်ချန်အင်အားအနည်းငယ်နဲ့ အမျိုးသမီးတွေက ပြန်ခုခံကြတယ်....။
၉၉ ကစစ်ကူတွေရောက်လာချိန်မှာ KIAတွေ ဆုတ်ပြေးသွားတယ် ....။
အလောင်း ၃လောင်းနဲ့ လက်နက်အချို့ကျန်ခဲ့တယ် ၁လောင်းက ၂ ပွင့်နဲ့ အရာရှိပါ။
ရွပ်ရွပ် ချွန်ချွန် ခုခံတဲ့ တပ်ရင်းက အိမ်ထောင်သည်အမျိုးသမီးတွေကို မြောက်ပိုင်းတိုင်းမှူးက ထူးချွန်ဆုတွေ ချီးမြှင့်ခဲ့ပါသေးတယ်။
ရဲမေတစ်ဦးကလည်း "ကျမတို့ မနက် ၅ နာရီလောက်မှာ တပ်ထဲကို လက်နက်ကြီး ကျသံတွေကြားရတယ်၊ သိပ်မကြာဘူး ခရာသံတွေနဲ့အတူ၊ ဗိုလ်ကြီး အသံကြားရတယ်၊ လက်နက်ကုတ်က လက်နက်တွေယူပြီး၊
ဇတ်တိုက်လေ့ကျင့်တဲ့အတိုင်းနေရာယူဆိုတာပဲ သိလိုက်တယ်၊ ကျမသိတာတော့ ကျမတို့မိသားစုတွေကို လာဒုက္ခပေးပြီဆိုတာပါပဲ၊
ကျမ စစ်သားတစ်ဦးရဲ့ ဇနီးပါ၊ သူတို့ထက် မရဲရင့်ပေမဲ့၊ ကျမတပ်အတွက်တော့ ကျမ အသခေံပြီး တိုက်ရဲပါတယ်။"
ဒီပွဲမှာ KIA ဟာ ဗန်းမော်က တပ်တွေ စစ်ကူမလာနိုင်အောင် တံတားချိုးပြီး အပိုင်တက်သိသိမ်းခဲ့တာပါ။
ဒါပေမဲ့ အိမ်ထောင်သည်ရဲမေတွေရဲ့ စိတ်ဓါတ်ကို KIA မတိုက်နိုင်ခဲ့ပါဘူး ....။

သူရဲကောင်းလက်မှတ်ရ ရဲမေများအား လေးစားလျှက် ...။

No comments:

Post a Comment