Monday, January 4, 2016

သင့်ကို တကယ်ချစ်တဲ့သူမို

သင့်ကို တကယ်ချစ်တဲ့သူမို့ 
================

သင့်ကို တကယ်ချစ်တဲ့သူမို့ 
သူ့ ဖုန်းထဲမှာ သင့်ဓာတ်ပုံတွေ အပြည့်ဖြည့်ထားတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
သင့်ကြောင့် သူ့ မျက်ရည်တွေ အကုန်ခံနေတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
သင့်ကို လိုလေသေးမရှိ အစစအရာရာ အလျှော့ပေးနေတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
ဘယ်လောက် အလုပ်များများ
သူ့ အချိန်တွေ သင့်အတွက်ပေးနေတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
သူငယ်ချင်းအပေါင်းအသင်းကြား
သင့်ကို ချစ်တဲ့အကြောင်း ဖွင့်ဟရဲတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
သင့်စိတ်ခံစားချက်အတိုင်း ထပ်တူလိုက်ခံစားနေတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
ဝေးနေ နီးနေပါစေ သစ္စာမပျက်
မျက်နှာမများဘဲ နေတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
သင်ဘယ်လို အခြေအနေရောက်ရောက်
အမြဲဘေးမှာ မားမားမတ်မတ် ရပ်ပေးနေတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
သင့်ကြောင့်သဝန်တိုထက် စိတ်ဆိုးတတ်နေတာပေါ့

သင့်ကို တကယ်ချစ်တဲ့သူမို့ 
မမှားသင့်တာ မမှားရအောင် ဂရုဏာဒေါသတွေ
ထွက်ပေးနေတတ်တာပေါ့

လူတွေအများကြီး ရှိတဲ့ထဲကမှ သင့်ကိုပဲရွေးချယ်တာ
သူ တကယ်ချစ်လို့ ပါ ������

#Suee

No comments:

Post a Comment