Wednesday, December 30, 2015

တကယ်မယူနိုင်ဘဲ မိန်းကလေးတွေဘ၀ကို မဖျက်ဆီးပါနဲ

တကယ်မယူနိုင်ဘဲ မိန်းကလေးတွေဘ၀ကို မဖျက်ဆီးပါနဲ့
-------

(အရမ်းကောင်းတဲ့ စာလေးပါ..ယောက်ျားလေးတိုင်း စာနာကြပါနော်)

အချစ်ကိုရှေ့တန်းတင်ပြီး
ဟန်ဆောင်ချစ်တတ်တဲ့ယောင်္ကျားလေးတွေ
ယောင်္ကျားပီသပါစေ

မိန်းကလေးတစ်ယောက်ကိုယ်စချစ်ပြီဆိုရင်
အချစ်ထက်ခန္ဓာကိုယ်ပိုလိုလားကြတယ်

ကောင်လေး...အရမ်းချစ်တယ်ချစ်သူ
မောင့်ကိုတစ်ကယ်ချစ်တယ်ဆိုရင်
မောင့်ရဲ့ဆန္ဒကိုလိုက်လျောပါနော်

ကောင်မလေး...ဟင့်အင်း မောင် ဆုကြောက်တယ်
ဆုမလိုက်လျောရဲဘူး

ကောင်လေး...ဆုရယ် မောင်ကဆုကို
တစ်ကယ်မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီးချစ်တာပါကွာ

ကောင်မလေး...ဆုအရမ်းကြောက်တယ် ဆုတို့မိန်းမသား
ဘဝတွေက တန်ဖိုးထားရဆုံးကအပျိုစင်
ဘဝပါမောင်ရယ် ဆုကိုနားလည်ပေးပါနော်

ကောင်လေး...ဆုမောင့်ကိုချစ်တယ်ဆိုတာ
ဘာလဲကွာ ချစ်သူတွေဖြစ်ပြီးဒီလောက်လေးတောင်
မလိုက်လျောပေးနိုင်ဘူး ဆုမောင့်ကိုကော
တစ်ကယ်ချစ်ရဲ့လား( စိတ်ဆိုးလေသံဖြစ်)

ကောင်မလေး...ဘယ်လိုပြောလိုက်တာလဲ
မောင်ရယ်မောင့်ကိုဆုအရမ်းချစ်တာပေါ့
မောင်စိတ်မဆိုးပါနဲ့ဟာမောင်စိတ်ဆိုးရင်
ဆုမနေတတ်ဘူး

ကောင်လေး...မောင့်ကိုစိတ်မဆိုးစေချင်ရင်
ဘာလို့မောင့်ရဲ့ဆန္ဒကိုမလိုက်လျောတာလဲ
မောင့်ကိုချစ်တယ်ဆိုဆုမောင့်ကိုချစ်ရလို့
နောင်တမရစေရဘူးသိလား
အားလုံးတွက်မောင်တာဝန်ယူပါတယ်ကွာ
နော် ဆု မောင်ဆုကိုအရမ်းချစ်တယ်
မောင့်ရဲ့ဆန္ဒကိုလိုက်လျောပေးပါနော်
မောင်ဆုကိုပဲလက်ထပ်မှာပါမောင့်ကိုယုံပါ
နော်

ကောင်မလေး...အင်းပါ မောင်ရယ်
ဆုလဲမောင်နဲ့မခွဲချင်ပါဘူးဆုလဲမောင့်ကိုပဲ
လက်ထပ်မှာပါချစ်သူမောင့်ကိုအရမ်းချစ်လို့
လိုက်လျောပါရစေ ဆုကိုတော့ခွဲမသွားရဘူးနော် မောင်

ကောင်လေး...စိတ်ချပါချစ်သူရယ်
မောင်ကတိပေးပါတယ်

(မိန်းကလေးတွေက တစ်ကယ်ချစ်တတ်လာပြီဆိုရင်
အချစ်က မျက်လုံးကမ်းစေတယ် မိဘမောင်နှစ်မတွေ
ဘယ်လိုပဲတားစီးနေပါစေ ကိုယ့်ချစ်သူစကားကလွဲရင်
ဘယ်သူ့စကားမှ နားမဝင်ကြတော့ဘူး

ကောင်မလေး...မောင်ဆုကိုလက်ထပ်မယ်ဆို

ကောင်လေး....အင်းပါ ဆုရယ်
မောင်တို့နှစ်ယောက်အတွက် တူတူနေဖို့
ဆိုတာမောင်တို့အများကြီးကြိုးစားရဦးမယ်လေ
မောင့်ဘက်ကမပြည့်စုံသေးလို့
ဆုသီးခံပြီး အချိန်လေးစောင့်ပေးပါနော်

ကောင်မလေး...အချိန်တွေကမလိုပါဘူး
မောင်ရယ်မောင်နဲ့ဆုလက်ထပ်ပြီးတဲ့ခါကြ
ရင်သူ့အလိုလိုဖြစ်သွားမှာပါ ဆုမောင်နဲ့တူတူနေပြီ

ကောင်လေး...မင်းတို့မိန်းလေးတွေက
လက်ထပ်မယ် တူတူနေချင်တယ် ဒါပဲသိကြတယ်
တစ်ကယ်တမ်းလဲ လက်လဲထပ်ပြီးရော
ငါ့တို့ယောင်္ကျားတွေကပဲ ရင်ပေါင်တန်းပြီး
ရှာကျွေးရတာ အချိန်လေးတောင် မစောင့်နိုင်တော့ဘူးလား

ကောင်မလေး....မောင်ရယ်

(မျက်ရည်ဝဲပြီး ဘာပြောရမှန်းမသိတဲ့ မိန်းမသားတွေရဲ့ဘဝက
ကိုယ့်ချစ်သူက အချိန်စောင့်လို့ပြောတဲ့နေ့ကိုပဲ
မြန်မြန်ရောက်ပါစေလို့ ရင်ထဲကကြိတ်ပြီး
ဆုတာင်းယုံကလွဲရင် ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးလေ
ကိုယ့်ကို တစ်ကယ်ချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ရဲ့အခက်ခဲတွေ ဘယ်လိုပဲပိတ်ပင်တားစီးနေပါစေ
အရာရာကိုကျော်ဖြတ်ရဲတဲ့ သတ္တိတွေရှိကြတယ်

ကိုယ့်ကို တစ်ကယ်မချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ဆီက လိုချင်တာကို ရအောင်ယူတတ်ကြတယ်
ရလဲရကော ကိုယ့်ကိုတန်ဖိုး မထားကြတော့ဘူး

မိန်းကလေးတွေ သိစေချင်တာက
ကိုယ့်ချစ်သူကို ဘယ်လောက်ပဲချစ်နေပါစေ
ကိုယ့်ရဲ့အပျိုစင်ဘဝကို ပုံအောပြီး မချစ်မိစေနဲ့

ကိုယ့်ရဲ့ခန္ဓာကိုရမှချစ်မယ်ဆိုရင် သူက
ကိုယ့်ကိုတစ်ကယ်မချစ်လို့ပါ
တစ်ကယ်ချစ်တဲ့ယောင်္ကျားတွေက
ကိုယ့်ကို့ထိခိုက်နစ်အောင်မလုပ်ပဲတန်ဖိုး
ထားတတ်ကြတယ်ကိုယ့်ဘဝကိုမှမရလို့
စိတ်ဆိုးစိတ်ကောက်တယ်ဆိုရင်
ဆက်ပြီးချစ်မနေပါနဲ့ အချစ်ဦးနဲ့လွဲတဲ့
အတွဲတွေကအများကြီးပါဘယ်လောက်ပဲ
ချစ်နေပါစေကိုယ့်ဘဝကိုပုံအောပြီး
မချစ်မိစေနဲ့ သူငယ်ချင်းတို့ရယ်

ယောင်္ကျားလေးတွေကလဲတစ်ကယ်မချစ်ပဲ
မိန်းကလေးတစ်ယောက်ရဲ့ဘဝကို
တာဝန်မယူနိုင်ပဲချစ်တာကိုအရှေ့တန်းတင်ပြီး
မဖျက်စီးမိပါစေနဲ့
ကိုယ့်နေရာမှာ ကိုယ့်ညီမတောင်ဖြစ်ခဲ့မယ်ဆိုရင်
သူတစ်ပါးခံစားရသလို
ငါ့ညီမလဲဒီလိုပဲဖြစ်ခဲ့ရင်ငါဘယ်လိုနေရမလဲ
ဆိုတဲ့ အသိတရားလေးနဲ့
နှစ်မချင်းစာနာပေးကြပါ

လူတိုင်းကိုမဆိုလိုပါဘူး
ခြေမမကောင်းရင်ခြေမ
လက်မမကောင်းရင်လက်မ
တစ်ချို့လူတွေကိုသာပြောတာပါ

Credit-Original Writer

ယောက်ျားတစ်ယောက်ဟာ သူ့ဘဝမှာ မိန်းမမျိုးစုံနဲ့ဖြတ်သန်းဖူးလိမ့်မယ်။

ယောက်ျားတစ်ယောက်ဟာ သူ့ဘဝမှာ မိန်းမမျိုးစုံနဲ့ဖြတ်သန်းဖူးလိမ့်မယ်။
ဒါပေမဲ့ အဲ့ဒီမိန်းမတွေကြားထဲကနေ ကိုယ့်ကိုအရမ်းချစ်လို့ သူ့အမှားတွေကိုပြင်ဆင်ပြီး ကိုယ့်ကို တန်ဖိုးထားချစ်တတ်လာပြီဆို သူမင်းကို ဘယ်တော့မှခွဲသွားမှာမဟုတ်ဘူး။

မိန်းမတစ်ယောက်ဟာ သူ့ဘဝထဲမှာ ယောက်ျားမျိုးစုံနဲ့ ကြုံကြိုက်ဖူးလိမ့်မယ်။ အဲ့ဒီထဲကမှ သူ့အတိတ်ကို မကွယ်ဝှက်ဘဲချပြပြိးမှ သူ့ဘဝထဲဝင်လာခိုင်းရင်လည်း သူဟာသင့်ကို တစ်ဘဝလုံးစာရည်ရွယ်ပြီးချစ်ခဲ့တာကြောင့်ပါ။

ဘယ်ယောက်ျားမှ ကိုယ်တကယ်မချစ်ဘဲ မိန်းမတစ်ယောက်ကြောင့်မပြောင်းလဲနိုင်သလို ဘယ်မိန်းမမှလည်း တကယ်မချစ်ဘဲ သူ့ဘဝအမှန်ကို ချပြရဲတဲ့ သတ္တိမရှိဘူး။

သင်ဟာ ယောက်ျားတစ်ယောက်ဆိုရင် သင့်တကယ်ချစ်တဲ့မိန်းခလေးအပေါ်မှာ သူမကြိုက်တဲ့အပြုအမူတွေကို သူ့ကွယ်ရာမှာ မလုပ်မိအောင်စောင့်ထိန်းနိုင်ကြပါစေ။

သင်ဟာမိန်းခလေးတစ်ယောက်ဆိုရင် သင့်လက်တွဲဖော်ကို ဟန်ဆောင်ထားတဲ့ အပေါ်ယံအရေခွံကိုချွတ်ပြပြီး သူ့အပေါ်မှာ ပွင့်လင်းစွာ ရိုးသားလိုက်ပါ။

ခေး။

ထူးခြားစွာဖြင့် မဖြစ်နိုင်တာကို၊ ဖြစ်အောင်လုပ်ပြ

ထူးခြားစွာဖြင့် မဖြစ်နိုင်တာကို၊ ဖြစ်အောင်လုပ်ပြ
လိုက်သည့် ကမ္ဘာ့ပထမဆုံး ဦးခေါင်းအစားထိုး
ခွဲစိတ်မှု အောင်မြင်ခဲ့ပြီ ။
✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌  

တောင်အာဖရိကနိုင်ငံက ဆေးရုံတစ်ခုဖြစ်တဲ့ Charlotte Maxexe Johannesburg Academic Hospital က Professor Doctor Myron Danus ဦးဆောင်တဲ့အဖွဲ့ဟာ ဖေဖေါ်ဝါရီလမှာ အရိုးကင်ဆာကို ငါးနှစ်ကြာခံစားနေရတဲ့ အသက် ၃၆ နှစ်အရွယ်ရှိ Paul Horner အမည်ရှိ အမျိုးသားရဲ့ ဦးခေါင်းကို  အခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ၁၉ နာရီကြာခွဲစိတ်မှုအပြီး အောင်မြင်စွာ အစားထိုးပေးနိုင်ခဲ့ပါတယ်။

အရိုးကင်ဆာဝေဒနာကြောင့် ဆရာဝန်တွေက လအနည်းငယ်သာအသက်ရှင်နိုင်တော့မယ်လို့ ပြောခဲ့တဲ့ Paul ဟာ ကံကောင်းထောက်မစွာ ၂၀၁၂ခုနှစ်တုန်းက carအက်ဆီးဒင့်တစ်ခုဖြစ်ပြီး ဥနှောက်ပျက်စီးသွားတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားရဲ့ ခန္ဓာကိုယ်လှူဒါန်းခဲ့တာကြောင့် ယခုလို အသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်။
ခန္ဓာကိုယ်လှူဒါန်းခဲ့တဲ့ အမျိုးသားရဲ့ မိဘတွေကတော့ “ကျွန်တော်တို့ရဲ့သားကတော့ ဒီအတွက် သိပ်ကို ဂုဏ်ယူဝမ်းမြောက်နေမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Doctor Tom Downey က......
“ကျွန်တော်တို့ ဒီခွဲစိတ်မှုကို တော်တော်အချိန်ယူ စဉ်းစားလုပ်ဆောင်ခဲ့ရပြီး လူနာရဲ့အခြေအနေကို အခုထိစောင့်ကြည့်နေခဲ့တာပါ။
အခုတော့ လူနာဟာ ၈၅% စိတ်ချရနေပါပြီလို့ မီဒီယာကိုအတည်ပြုပြောကြားခဲ့ပါတယ်။

ငယ်ရွယ်ကျန်းမာတဲ့ ခန္ဓာကိုယ်အသစ်နဲ့ Paul ကတော့ ကိုယ်တိုင်လမ်းလျှောက်နိုင်ပြီး ဘဝသစ်တစ်ခုကို ရင်ဆိုင်ရတော့မှာပါ။

Credit > စွယ်စုံ သုတ

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်

လူတစ်ယောက်ကို တကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက် (၁၃) ချက်

(၁) မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ သူ့မျက်နှာလေးကို
      အရင်ဦးဆုံး မြင်ယောင်တတ်ယ် ၊၊

(၂) ဖုန်း ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် ၊၊ (သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနဲသွားတယ် )

(၃) သူနဲ့စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့
မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်တယ် ၊၊

(၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေနဲ့ကြံကြုံ ဘယ်လို အခက်အခဲတွေပဲ
      ရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့အများ
      တော့ စိတ်သက်သာရာ ရသွားတတ်တယ် ၊၊

(၅) တိုက်ဆိုင်မှုတစ်ခုခုရှိတိုင်း (သူနဲ့အတူတူသွားခဲ့ဖူးတဲ့နေရာရောက်တိုင်း၊ သူကြိုက်တတ်တဲ့ အစားအစာတစ်ခုစားတိုင်း ) သူ့ကို အရင်ကထက်ပိုပြီး သတိရသွားတတ်တယ် ၊၊

(၆) သူ့ဆီက ဖုန်း ၊ မက်ဆေ့ တစ်ခုခု လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ 
      ဖုန်းကို မကြာခဏ ဖွင့်ကြည့်တတ်တယ် ၊၊

(၇) သူ့ကို ဖုန်းဆက်လို့ သူ့ဘက်က ဖုန်းချလိုက်တဲ့ အခါမျိုး၊ မအားသေးတဲ့
      အခါမျိုး ၊ စက်ပိတ်ထားတဲ့ အခါမျိုးမှာဆိုရင် ရင်ကို မီးစနဲ့ ထိုးလိုက်
      သလို ထိုင်မရ ထမရ ဖြစ်နေတတ်တယ် ၊၊

(၈) သူနဲ့ မတွေ့ရလို့ သူ့ကိုလွမ်းတဲ့အခါတိုင်း သူနဲ့ပို့ခဲ့တဲ့ မက်ဆေ့အဟောင်း
      တွေကို ပြန်ဖတ်ပြီး အရူးတစ်ယောက်လို ရယ်ခဲ့ ပြုံးခဲ့ဖူးတယ် ၊၊

(၉) သူ့မျက်နှာ ညှိုးနေတာကို မမြင်ချင်ဘူး ၊ သူအချိန်တိုင်း ပျော်ရွှင်နေတာ
      ကိုပဲ မြင်ချင်တယ် ၊၊

(၁၀) သူ့ဘက်ကအမှားတစ်ခု လုပ်မိလို့ ကိုယ့်ဘက်က စိတ်ဆိုးသွားတဲ့
        အခါမျိုးမှာ သူကတောင်းပန်လိုက်ရင် ကိုယ့်စိတ်က အလိုလိုညွတ်
        သွားတယ် ၊ ကြာကြာစိတ်မဆိုးနိုင်ဘူး ၊။

(၁၁) သူက တစ်ခြားသူတွေအပေါ်မှာ လိုတာထက်ပိုပြီး ရင်းရင်းနှီးနှီးနဲ့
        ဆက်ဆံတာ မြင်ရင် သူ့ကို သ၀န်တိုလာတယ် ၊၊

(၁၂) ညဘက်ရောက်လို့ သူ့ဆီက Good Night ဆိုတဲ့ မက်ဆေ့လေးမှ မပို့
       ဘူးဆိုရင် အိပ်မပျော်တဲ့အထိ ဖြစ်လာတယ် ၊၊

(၁၃) အခု ဒီစာကို ဖတ်နေတဲ့ အချိန်မှာ သင်သူ့အကြောင်းကို တွေးနေတယ်၊၊

* အဲဒါဆိုရင်တော့ သေချာပြီ ၊ သင့် သူ့ကို မြတ်မြတ်နိုးနိုးနဲ့ တကယ် ချစ်မိ
   သွားပြီ *

MC Zin Jay Shin(နှလုံးသားစာပေ)

♦ www.facebook.com/mczin.jayshin ♦

ကမ္ဘာဆိုတာ မြန်မာတွေ လက်ထဲမှာပါ

ကမ္ဘာဆိုတာ မြန်မာတွေ လက်ထဲမှာပါ
-----------------------

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချု ပ်ဖြစ်
ခဲ့ဖူးသူ ဒဂ်ဟမ်းမားရှိုးကပြောခဲ့ဘူးတယ်

ကျွန်တော်တို့ ကမ္ဘာ့ခေါင်းဆောင်များဟာ
ကမ္ဘာကြီးငြိမ်းချမ်းဖို့  အမျိုးမျိုး ကြိုးစား
ခဲ့ကြပါတယ်  ဒါပေမဲ့ ကံမကောင်း
အကြောင်းမလှတော့ မအောင်မြင်ကြဘူး
တဲ့

ကမ္ဘာ့ကြီးငြိမ်းချမ်းဖို့ ကို လူတိုင်းကလည်း
စိတ်ဝင်စားတယ် လူတိုင်းလည်း လိုလား
တောင့်တကြတယ်

လောကမှပညာရှိသူတွေ လူတော်တွေက
လည်း အစွမ်းရှိသလောက် လူ့ လောက
ကြီးအတွက် ကြိုးစားပေနေကြတယ်

ဒါပေမဲ့ ကမ္ဘာကြီးက မငြိမ်းချမ်းပဲ ပိုပြီး
တော့သာဆိုးဆိုးလာနေတယ်

ဘာ့ကြောင့်ပါလဲ ? ? ? ? ? ?

အဖြေက

တကယ်ငြိမ်းချမ်းနိုင်တဲ့ နည်းစနစ်တွေကို
အသုံးမပြု လို့ ပါပဲ

ငတ်နေသူကိုအစာပေးတာလောက်ပဲ
စွမ်းနိုင်တယ်
ဘာ့ကြောင့်ငတ်တာလည်းဆိုတဲ့အဖြေ
ကိုမရှာတတ်ကြဘူး

မိုးယိုတဲ့နေရာတိုင်းကို ရေခံတာလောက်ပဲ
စွမ်းနိုင်ကြတယ်
အပေါက်ကိုဖာဖို့ မစဉ်းစားကြဘူး

အကျိုးကိုပဲမြင်တယ်
အကြောင်းကိုမမြင်ကြဘူး

အကျိုးသတ်တာကခဏပဲ
အကြောင်းသတ်မှ အမြစ်ပြတ်မှာ

အကြောင်းကိုသတ်တဲ့နည်းစနစ်တွေက
လည်းဗုဒ္ဓဘာသာကလွဲပြီး ဘယ်ဘာသာ
မှာမှ မရှိဘူး

ကမ္ဘာ့ထိပ်သီးဆွေးနွေးဝိုင်းကြီးတွေမှာ
ကြည့်လိုက်တော့လည်း ဘာသာခြားတွေ
ကပဲကြီးစိုးထားတာ ဗုဒ္ဓဘာသာဝင်တွေ
အတွက်ခုံမရှိဘူး

ဗုဒ္ဓက သစ္စာ (တရား)အကြောင်း
ဟောနိုင်တဲ့သူမပါရင် လူတွေဘယ်
လောက်ပဲများများ စည်းဝေးပွဲလို့  မခေါ်ဆို
ိထိုက်ဘူးတဲ့

ဗုဒ္ဓတရားတော်ဟောပြောတဲ့သူမပါတဲ့
စည်းဝေးပွဲတွေဟာ ဆားမပါတဲ့ ဟင်းလို
ပါပဲ

ဒဂ်ဟမ်းမာရှိုးပြောသလို ကံမကောင်း
အကြောင်းမလှလို့ မဟုတ်ပါဘူး
နည်းစနစ်မှန်အောင်ဟောနိုင်တဲ့သူတွေ
မပါလို့ ပါ

ဂျီ ၂၀ မကလို့  ဂျီ ၂၀၀ ဖြစ်နေပါစေ
အဲဒီဆွေးနွေးဝိုင်းကြီးတွေရဲ့ ခုံပေါ်မှာ
ဗုဒ္ဓတရားတော်တွေအကြောင်းဟောပြော
မဲ့သူမပါသ၍  ဘာမှဖြစ်မလာပါဘူး

အကန်းတွေဦးဆောင်နေတဲ့ ကမ္ဘာ့အရေး
မှာ ဗုဒ္ဓဘာသာ မြန်မာခေါင်းဆောင်တွေ
ပါဝင်လာအောင် ကြိုးစားနိုင်မှသာ
ကမ္ဘာ့ငြိမ်းချမ်းရေးပြေလည်မှာပါ

အခုတော့ မြန်မာတွေကလည်း
အကန်းတွေဆီမှာ လက်ဖြန့် နေတဲ့အဆင့်
ကနေမတတ်တော့ဘူး

လောကဓမ္မတာအရ
တောင်တဲ့သူကို ဘယ်သူမှ
အထင်မကြီးဘူး

ဗုဒ္ဓတရားတော်တွေကို
မြန်မာ့ခေါင်းဆောင်တွေ
အသုံးမချနိုင်သ၍ ကမ္ဘာကြီးငြိမ်းချမ်းဖို့ 
ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး

တကယ်တော့
ကမ္ဘာကြီးဟာ
မြန်မာတွေရဲ့ လက်ထဲမှာ ရှင်သန်နေရ
တာပါ

သူအသက်ရှင်ဖို့ 
မြန်မာတွေ
ပြု စုပျိုးထောင်ပေးရမယ်

ဲ

ချစ်တတ်သောယောကျာ်းနဲ့ ချစ်တတ်သောမိန်းမ!

ချစ်တတ်သောယောကျာ်းနဲ့ ချစ်တတ်သောမိန်းမ!
===============================

✏ ပေးဆပ်နိုင်တဲ့ မိန်းကလေးက
ကိုယ့်ချစ်သူရဲ့ အနာဂတ်ကိုမတွေးဘူး
ဒါကြောင့် ကိုယ်ချစ်သူက
ဘယ်လိုအဆင့်အတန်းဖြစ်နေပါစေ
ယုံယုံကြည်ကြည်နဲ့ လက်တွဲရဲတာ .!

✏ တန်ဖိုးထားတဲ့ ယောကျာ်းလေးက
ကိုယ့်ချစ်သူရဲ့ အတိတ်ကို မတွေးဘူး
ဒါကြောင့် ကိုယ့်ချစ်သူက
ဘယ်လိုပုံစံနဲ့ ဖြတ်သန်းလာပါစေ
မြတ်မြတ်နိုးနိုးနဲ့  ကြင်နာယုယတာ .!

✏ တကယ်ချစ်တဲ့ ယောကျာ်းလေးဆိုတာ
အရာအားလုံး ချစ်သူစိတ်ချမ်းသာရင်
ပြီးရောစိတ်နဲ့  ချစ်နေနိုင်တာ .!

✏ တကယ်ချစ်တဲ့ မိန်းကလေးဆိုတာ
သူကျေနပ်ရင် ပြီးရောဆိုတဲ့စိတ်နဲ့  ခွင့်လွှတ်နားလည်ပေးနိုင်တာ .!

✏ လူချမ်းသာချင်ရင်တော့ 
အပင်ကောင်းကောင်းမှီပေါ့ .!

✏ စိတ်ချမ်းသာချင်ရင်တော့
ကိုယ့်ကို တကယ်ချစ်တဲ့ 
သူအနားမှာနေပေါ့ .!

✏ တစ်ခုတည်းသော ဘ၀မှာ
တစ်ယောက်တည်းသော သူကို
တသက်လုံးချစ်သွားနိုင်တာ
နည်းတဲ့ကုသိုလ်မဟုတ်ဘူးလေ .!
========================
✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔

original - PYS
Admin - PaYinn

အစဉ်ပြေတယ်သိလား

အစဉ်ပြေတယ်သိလား?

ဒါလေးက ငါ့သားလေးအတွက်
ဒါမျိုးလေးက ငါ့သမီးလေးကျြိက်မှာ
ဒီတစ်ခေါက်အိမ်ပြန်မှ ချစ်ဇနီးကို လက်ဆောင်လှလှလေးနဲ့ ချော့ရမယ်

သြော်...
သူတို့တွေနေကောင်းကြရဲ့လား ?
သမီးလေးကော စာကျက်ရဲ့လား ?
ဟိုအငယ်ကောင်ညဘတ်အိမ်ပြန်နောက်ကျတာ သတိပေးဦးမှ

ငါဒီမှာ ဖြစ်သလိုနေလို့ရပါတယ်၊
ငါ့မိသားစုလူတန်းစေ့နေနှိုင်မှ
မျက်နှာမငယ်ကြရမှာ၊

အတွေးတွေရှုပ်ထွေးလို့ ငါ့ဒါဏ်ယာကိုတောင် မေ့လျော့ ....
အမှန်တကယ်က ငါ့ခြေထောက်တစ်စုံ ဆုံးရှုံခဲ့ရပြီပဲ...

ငါအသက်ရှင်နေသ၍ ...
ငါလက်နှစ်ဖက်နဲ့ ငါ့မိသားစုအသက်ဆက်ကြမယ်လေ..
ဘာမှစိတ်မပူကြနဲ့ ဖေဖေသက်သာတယ်
မိန်းမရေ ယောက်ျားအစဉ်ပြေတယ်သိလား...

သင်္ဘောသားဆိုတာ ပေးစပ်ရင်းတောင်ပျော်နေတတ်ကြတာပါ

Credit- Hein Koko