Wednesday, December 30, 2015

ထူးခြားစွာဖြင့် မဖြစ်နိုင်တာကို၊ ဖြစ်အောင်လုပ်ပြ

ထူးခြားစွာဖြင့် မဖြစ်နိုင်တာကို၊ ဖြစ်အောင်လုပ်ပြ
လိုက်သည့် ကမ္ဘာ့ပထမဆုံး ဦးခေါင်းအစားထိုး
ခွဲစိတ်မှု အောင်မြင်ခဲ့ပြီ ။
✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌ ✌  

တောင်အာဖရိကနိုင်ငံက ဆေးရုံတစ်ခုဖြစ်တဲ့ Charlotte Maxexe Johannesburg Academic Hospital က Professor Doctor Myron Danus ဦးဆောင်တဲ့အဖွဲ့ဟာ ဖေဖေါ်ဝါရီလမှာ အရိုးကင်ဆာကို ငါးနှစ်ကြာခံစားနေရတဲ့ အသက် ၃၆ နှစ်အရွယ်ရှိ Paul Horner အမည်ရှိ အမျိုးသားရဲ့ ဦးခေါင်းကို  အခြားလူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ၁၉ နာရီကြာခွဲစိတ်မှုအပြီး အောင်မြင်စွာ အစားထိုးပေးနိုင်ခဲ့ပါတယ်။

အရိုးကင်ဆာဝေဒနာကြောင့် ဆရာဝန်တွေက လအနည်းငယ်သာအသက်ရှင်နိုင်တော့မယ်လို့ ပြောခဲ့တဲ့ Paul ဟာ ကံကောင်းထောက်မစွာ ၂၀၁၂ခုနှစ်တုန်းက carအက်ဆီးဒင့်တစ်ခုဖြစ်ပြီး ဥနှောက်ပျက်စီးသွားတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားရဲ့ ခန္ဓာကိုယ်လှူဒါန်းခဲ့တာကြောင့် ယခုလို အသက်ရှင်နိုင်ခဲ့တာဖြစ်ပါတယ်။
ခန္ဓာကိုယ်လှူဒါန်းခဲ့တဲ့ အမျိုးသားရဲ့ မိဘတွေကတော့ “ကျွန်တော်တို့ရဲ့သားကတော့ ဒီအတွက် သိပ်ကို ဂုဏ်ယူဝမ်းမြောက်နေမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Doctor Tom Downey က......
“ကျွန်တော်တို့ ဒီခွဲစိတ်မှုကို တော်တော်အချိန်ယူ စဉ်းစားလုပ်ဆောင်ခဲ့ရပြီး လူနာရဲ့အခြေအနေကို အခုထိစောင့်ကြည့်နေခဲ့တာပါ။
အခုတော့ လူနာဟာ ၈၅% စိတ်ချရနေပါပြီလို့ မီဒီယာကိုအတည်ပြုပြောကြားခဲ့ပါတယ်။

ငယ်ရွယ်ကျန်းမာတဲ့ ခန္ဓာကိုယ်အသစ်နဲ့ Paul ကတော့ ကိုယ်တိုင်လမ်းလျှောက်နိုင်ပြီး ဘဝသစ်တစ်ခုကို ရင်ဆိုင်ရတော့မှာပါ။

Credit > စွယ်စုံ သုတ

No comments:

Post a Comment