အစဉ်ပြေတယ်သိလား?
ဒါလေးက ငါ့သားလေးအတွက်
ဒါမျိုးလေးက ငါ့သမီးလေးကျြိက်မှာ
ဒီတစ်ခေါက်အိမ်ပြန်မှ ချစ်ဇနီးကို လက်ဆောင်လှလှလေးနဲ့ ချော့ရမယ်
သြော်...
သူတို့တွေနေကောင်းကြရဲ့လား ?
သမီးလေးကော စာကျက်ရဲ့လား ?
ဟိုအငယ်ကောင်ညဘတ်အိမ်ပြန်နောက်ကျတာ သတိပေးဦးမှ
ငါဒီမှာ ဖြစ်သလိုနေလို့ရပါတယ်၊
ငါ့မိသားစုလူတန်းစေ့နေနှိုင်မှ
မျက်နှာမငယ်ကြရမှာ၊
အတွေးတွေရှုပ်ထွေးလို့ ငါ့ဒါဏ်ယာကိုတောင် မေ့လျော့ ....
အမှန်တကယ်က ငါ့ခြေထောက်တစ်စုံ ဆုံးရှုံခဲ့ရပြီပဲ...
ငါအသက်ရှင်နေသ၍ ...
ငါလက်နှစ်ဖက်နဲ့ ငါ့မိသားစုအသက်ဆက်ကြမယ်လေ..
ဘာမှစိတ်မပူကြနဲ့ ဖေဖေသက်သာတယ်
မိန်းမရေ ယောက်ျားအစဉ်ပြေတယ်သိလား...
သင်္ဘောသားဆိုတာ ပေးစပ်ရင်းတောင်ပျော်နေတတ်ကြတာပါ
Credit- Hein Koko
No comments:
Post a Comment