အတွေ့အကြုံ
****************
ဘားကောင်တာတစ်ခုတွင် တောသားတစ်ယောက်က ဆိုင်ရှင်အား
စကားပြောနေသည် ။
" ခင်ဗျားတို့ နယူးယောက်မြို့ကြီးက ငွေခင်းပြီးလမ်းလျှောက်မှ အဆင်
ပြေတယ်ဗျ ။ ကျုပ်တို့မြို့မှာဆို ဒီလိုမဟုတ်ဘူး ။ ကြိုက်တဲ့ ဟိုတယ်သွားပြီး
အရက် အလကားသောက်လို့ရတယ် ။ တည်းခိုခန်းခ မပေးဘဲ တည်းလို့ရတယ်
ဗျ ။ အဲ အပြန်ကျရင် လမ်းစရိတ်ဆိုပြီး ပိုက်ဆံတောင် ထပ်ပေးလိုက်သေးတယ် "
" ဟာ . . . ခင်ဗျားမဖြစ်နိုင်တာတွေ လာပြောနေတယ် ။ ခင်ဗျားကိုယ်တိုင်
ရော ဒါမျိုး ကြုံဖူးလို့လား "
" ကျွန်တော်တော့ မကြုံဖူးပါဘူး ။ ဒါပေမယ့် ကျွန်တော့မိန်းမတော့
ခဏခဏကြုံရတယ်ပြောတာပဲ "
@မောင်ကောင်းထိုက်
No comments:
Post a Comment