ရေသန့်တစ်ခွက်နဲ့ တူသောမိန်းမ(အရမ်းကောင်းလို့ ဖတ်ကြည့်ကြနော်)
☺▬♥▬☻▬♥▬☺▬☻▬♥▬☺▬♥
ရေသန့်တစ်ခွက်နဲ့ တူတဲ့မိန်းမတွေဟာ
လျစ်လျူရူခံရတာများတတ်ပါတယ်။
ရေဟာ အရသာကင်းမဲ့ပြီး အရောင်အဆင်းမ၇ှိတတ်ပါဘူး ။
ရေဟာ ဖြူစင်ပါတယ်။
မစင်ကြယ်တဲ့အရာတွေကိုတောင်
စင်ကြယ်အောင် ပံ့ပိုးလျှော်ဖွတ်ပေးနိုင်ပါတယ်။
အရောင်အဆင်း အနံ့အရသာတွေနဲ့ ပြည့်စုံနေတဲ့ အချိုရည်လို မိန်းမတွေကြတော့ ဂရုစိုက်ခံရတာများပါတယ်။
သူတို့ရဲ့ အရောင်အသွေးနဲ့ အရသာဟာ လူတွေကိုစွဲဆောင်မှုတစ်ခုတော့ ပေးပါလိမ့်မယ်။
ဒါပေမဲ့ ဒီအချိုရည်တွေ သောက်သုံးပြီးတဲ့အခါမှာ ပါးစပ်ချဉ်တတ်ကြတာကိုတော့
သောက်သုံးဖူးသွားတဲ့သူတိုင်း သိကြပါတယ်။
အမြဲလိုလိုမရှိမဖြစ် ရေကိုသောက်သုံးရပြီး၊
ရေဟာမရှိမဖြစ်ဆိုတာလည်း သိကြပါတယ်။
ဒါပေမဲ့ လွယ်လွယ်နဲ့ရနေတဲ့ ရေတစ်ခွက်ကိုတော့ တန်ဖိုးမထားတတ်ကြပါဘူး။
ရေလိုကျင့်ကြံနေထိုင်ပါ။
ရေတစ်ခွက်လက်ဝယ်ပိုင်ဆိုင်ရနေပြီဆိုလည်း တန်ဖိုးထားပါ။
credit: မူရင်းရေးသူ
No comments:
Post a Comment