Thursday, December 24, 2015

ဆင်းရဲးသာ တစ်​​ယောက်​ရဲ့အချစ်

my dataဆင်းရဲားသားတစ်ယောက်ရဲ့အချစ်

ဆင်းရဲသား ကောင်လေး တစ်ယောက်ကချမ်းသာတဲ့ကောင်မလေး တစ်ယောက်ကို ချစ်နေမိခဲ့တယ်။---------------------အဲဒါနဲ့တနေ့မှာ သူဟာ ထိုကောင်မလေးကိုချစ်ခွင့်ပန်ခဲ့တယ်။အဲဒီအခါ ကောင်မလေးက..."နင်နားထောင်စမ်း။နင့်ရဲ့ တစ်လစာ ကငါ့ရဲ့ တစ်ရက် အသုံးစရိတ်ဘဲရှိတယ်။အဲဒါ နင်နဲ့ငါ ဘယ်လိုလက်တွဲလို့ရမလဲဆိုတာ နင်မစဉ်းစားကြည့်ဖူးလား။ငါကတော့နင့်ကို ဘယ်တော့မှ ချစ်မှာမဟုတ်ဘူး။ငါ့ကိုမေ့ပြီး နင်နဲ့ အဆင့်အတန်းချင်း တူတဲ့ ကောင်မလေး တစ်ယောက်နဲ့သာ လက်ထပ် လိုက်ပါတော့ ဟာ။ "ဒါပေမဲ့လည်း ကောင်လေးက သူမကို လွယ်လွယ်နဲ့မမေ့နိုင်ခဲ့ပါဘူး။ဆယ်နှစ်ကြာပြီးတဲ့နောက်Shopping Mall တစ်ခုမှာ သူတို့နှစ်ယောက်မျက်နှာချင်းဆိုင် ပြန်တွေ့ကြတော့ ကောင်မလေးက"ဟေး နေကောင်းလား။ငါလက်ထပ်လိုက်ပြီ သိလား။အခုငါ့ရဲ့အမျိုးသား တစ်လဝင်ငွေဘယ်လောက်ရှိလဲသိလား။ဒေါ်လာ ၅၀၀၀ တောင်။နင်အဲဒါမျိုး စိတ်ကူးမိရဲ့လား။နောက်ပြီး သူက အရမ်း Smartကျတဲ့လူတစ်ယောက်ဘဲ။သူမပြောတဲ့စကားကို ကြားပြီးတဲ့နောက်မှာ ထိုကောင်လေးရဲ့ မျက်ဝန်းမှမျက်ရည်တွေ ဝဲလာခဲ့တယ်။သိပ်မကြာခင်မှာဘဲ သူမအမျိုးသား ရောက်လာတော့ သူမ ဘာမှမပြောခင်သူမအမျိုးသားက ထိုကောင်လေးကိုကြည့်ပြီး"ဆရာ ဒီရောက်နေတာလား။ဒါကျနော့်အမျိုးသမီးလေ။ "ဆက်ပြီး သူမကိုပြောတယ်။" ဆရာ့ရဲ့ Project တခုမှာ ငါကလက်ထောက်လေ။သူအခုလုပ်နေတာက ဒေါ်လာသန်း ၄၀တန်တဲ့စီမံကိန်းတခုဘဲ။ဆရာ က ဟိုးအရင်က ကောင်မလေးတစ်ယောက်ကိုချစ်ခဲ့ဖူးတယ်။ဒါပေမယ့် သူမရခဲ့ဘူး။အဲဒါကြောင့် ဆရာ ဒီနေ့ထိ အိမ်ထောင်မပြုသေးဘူး။အဲဒီမိန်းကလေးက ဘယ်လောက်ကံကောင်းမလဲနော်။ဆရာ့လိုချစ်နိုင်မယ့်အချစ်မျိုးကဒီနေ့လိုနေ့မျိုးမှာ ဘယ်မှာမှမရှိနိုင် အောင်ပါဘဲဟာ။"ထိုကောင်မလေး ဘာမှပြန်မပြောနိုင် အောင်ဆွံ့အ သွားခဲ့တယ်....

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။

မေး- “ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”
ဖြေ - “ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ၊ ဖဲရိုက်တယ် ၊ ည ညတွေ အိမ် မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။ ခိုး၊ လု ၊ ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ”

မေး - “ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား “
ဖြေ - “ မဟုတ်ပါဘူး ၊ သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။”
မှတ်တမ်းတင် အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။

မေး - “ ဆရာခင်ဗျာ - အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ် “
ဖြေ - “ ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ “
မေး - “ ပေထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ “

ဖြေ - “ အားပေးကူညီတာ မဟုတ်ဘူးဗျ ၊ နှိပ်စက်တာ ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။

စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “

သင်ခန်းစာ - ပထွေးဆိုး နဲ့ တွေ့တာခြင်း လောကဓံကို ခံရတာခြင်းတူသော်လည်း စိတ်ညစ်လို့ အရက်သောက်ပြီး အချိန်ဖြုန်းတဲ့ သူနဲ့ စာဖတ်ပြီး အချိန်ကို ကောင်းစွာ အသုံးချတဲ့သူ ဘယ်လောက်ကွာခြားလဲ ဆိုတာထင်ဟပ်ပြီး ၊ စာဖတ်ခြင်းဟာ ဘ၀ အတွက် ဘယ်လောက် အရေးပါလဲ ဆိုတာ သိသာထင်ရှားလှပါတယ်။

စာဖတ်နည်း သုံးနည်း
၁။ မျက်စိဖြင့် စာဖတ်ခြင်း - စာအုပ်စာပေ နှင့် မြင်မြင်သမျှ ပုံရိပ်များ
၂။ နားဖြင့် ဖတ်ခြင်း - တရားနာခြင်း ၊ ဟောပြောပွဲ များ နားထောင်ခြင်း
၃။ ခြေထောက်ဖြင့် စာဖတ်ခြင်း - ဒေသန္တရ ဗဟုသုတ ရအောင် ခရီးထွက်ခြင်း ၊ လေ့လာခြင်း

မေတ္တာရှင်ဆရာတော်
ခရီးသွားခြင်းဟာလည်း စာဖတ်ခြင်း တစ်ခုပါပဲ။

Credit to: Original Writer

ဒေါက်...ဒေါက်.... ဒေါက်....ဒေါက်...ဒေါက်.... ဒေါက်....ဒေါက်...ဒေါက်.... ဒေါက်....
တံခါးခေါက်သံကြားလိုက်သည်....
ပြီး ... အပြင်မှ အဖေ့ ခေါ်သံကိုပါကြားလိုက်ရသည် ...
❝ငါ့ သား အဖေမင်းကိုပြောစရာရှိလို့❞
အလုပ်မှအဆင်မပြေမှုများရှိနေ၍ .... စိတ်မကြည်လင်နေသဖြင့်....
ကျွန်တော် အသံကျယ်ကျယ်ဖြင့် ပြန်အော်ပြောမိသည် ၊
❝ နောက်မှပြော အဖေ ကျွန်တော် အလုပ်ကပြန်လာတာ စိတ်ပင်ပန်း၊ကိုယ်ပင်ပန်းနဲ့ ...❞
စိတ်တိုမိတာတော့ အမှန်ပင်...အပြင်မှ .အဖေ့အသံမကြားရတော့ သူ့အခန်းပြန်သွားပြီးထင်  
အဖေ့ အသက်က ၈၅ ရှိပြီ ၊
တခါတခါ သူငယ်ပြန်တတ်သည်.၊ သူငယ်ပြန်ပြီဆိုလျှင် ကျွန်တော်တို့ စိတ်ညစ်ရသည် ၊ သူ့ကို မနည်းထိန်းရသည် ၊ ချီးပါ၊သေးပေါက် ၊ ထမင်းကျွေးတာက အစ ကလေးတယောက်လို ပြုစုနေရသည် ။
တခါတလေလည်း တယောက်တည်း ဟိုပြောဒီပြော ပြောနေတတ်သည်
ပြန်ကောင်းသည့်အခါဆိုလည်း သူဟာသူ ပုံမှန်ဖြစ်နေသည်။
စိတ်ပူစရာတော့မလို.....
ခုတလော သူငယ်ပြန်နေသည်ကများသည် ။
ပြန်ကောင်းချိန်တောင်သိပ်မတွေ့ရတော့ ၊
တအောင့်ကြာသော် ငါးနှစ်သား ကျွန်တော့သား သူရ က စာရွက်ခေါက်လေးတခုယူလာပြီး... ❝ဖိုးဖိုး ကပေးခိုင်းလိုက်တယ် အဖေ့အတွက် ...❞ ကျွန်တော်လည်း အမှုမဲ့အမှတ်မဲ့ မဖွင့်ကြည့်ပဲ စားပွဲပေါ်တွင် ပစ်တင်ထားလိုက်သည်  ....
အဲဒီနောက်ပိုင်း အဖေ လုံးဝ ပြန်မကောင်းလာတော့ပါ
ဆိုးသထက်ဆိုး၍သာနေပါတော့သည် ။
ကျွန်တော် တို့လည်း သူ့အတွက်ကြောင့် စိတ်သောကရောက် ကိုယ်ဒုက္ခရောက်ခဲ့ကြရသည် .....
ဒီလိုနှင့် ခြောက်လလောက်ကြာပြီးသော်.... အဖေလည်း ... ကွယ်လွန်သွားလေသည်
သူကွယ်လွန်သွားတော့ မိသားစု အားလုံးဝမ်းနည်းကြသည် ငိုကြယိုကြသည် ။ သူဆုံးသွားပြီး နောက်ပိုင်း ကျွန်တော်တို့လည်း
အပူကင်းသလိုခံစားရသည် ၊ အရှုပ်ထုပ်ကြီးရှင်းသွားသလိုလည်း
ခံစားရသည်
အဖေဆုံးပြီး တစ်နှစ်လောက်ကြာသော် ....
တနေ့
ကျွန်တော် အိမ်ခန်း သန့်ရှင်းရေး လုပ်ရင်း စားပွဲခုံ အောက် ချောင်ကြိုချောင်ကြား မှ ဖုံထူထူတက်နေသော စာခေါက်လေးတခုတွေ့မိသည် ။ ဘာစာများလဲ ဆိုသောစူးစမ်းစိတ်ဖြင့်ဖွင့်ကြည့်မိသည်

သို့
ငါ့သား အဖေမင်းကိုပြောချင်တဲ့စကား..
အဖေ ပြန်ကောင်းနေတုန်း
စာနဲ့ရေးထားလိုက်တယ် ... ငါ့သားဖတ်မိပြီးရင် အဖေ့ အပေါ် စိတ်ရှည် နားလည်ပေးလာမယ်လို့ အဖေ မျှော်လင့်မိပါတယ်....

သားရေ
အဖေ အသက်ကြီးပြီ တခါတခါ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းတောင်မသိတော့ဘူး ....
မင်းတို့ မွေးကင်းစ အရွယ်တုန်းကလိုပေါ့

သားရေ
အဖေအသက်ကြီးပြီ သွားလာလှုပ်ရှားရတာ နှေးဖင့်လာတယ် ၊
အပြောအဆိုတွေကလည်း ဝိုးတိုးဝါးတား ဖြစ်လာတယ်
စိတ်ရှည်ပေးပါ
မင်းတို့ ငယ်ငယ်တုန်းက လမ်းလျှောက်တတ်အောင်၊ စကားပြော တတ်အောင် အဖေတို့ စိတ်ရှည်လက်ရှည်နဲ့ သင်ပေးခဲ့သလိုပေါ့

သားရေ
အဖေအသက်ကြီးပြီ အဖေ့ရဲ့ တည်ရှိနေမှုဟာ မင်းတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရင်ဖြစ်နေမိမယ်....
ဒါပေမယ့် အဖေကတော့ မင်းတို့လေးတွေ လူ့လောကထဲကို အမေ့ဗိုက်က စထွက်လာကတည်းက ဝန်ထုပ်ဝန်ပိုး လို့ တခါမှ မထင်မိခဲ့ဖူးပါဘူး

သားရေ
အဖေ ဒီလိုပြောတယ်ဆိုတာ မင်းတို့ရဲ့ တန်ပြန်ကျေးဇူးကို လိုချင်လို့မဟုတ်ပါဘူး သေခြင်းတရား ဆိုတာ အဖေနဲ့ မဝေးတော့ပါဘူး
မသေခင်လေးမှာ ငါ့သား၊ငါ့သမီး ငါ့မြေးလေးတွေနဲ့ ပျော်ပျော်ပါးပါး
လူ့ဘဝရဲ့ နေဝင်ချိန်လေးကို ခံစားစံစားချင်တာပေါ့

သားရေ
အဖေသေသွားတဲ့အခါ ဝမ်းမနည်းပါနဲ့ ငိုကြွေးမနေပါနဲ့
မိဘကျေးဇူးကို သိနားလည်တတ်တဲ့ သား၊သမီး တွေဟာ
မိဘ အသက်ရှင်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံးနဲ့ အစွမ်းကုန် ပြန်လည်ပြုစုစောင့်ရှောက်ခဲ့ကြတဲ့အတွက် သူတို့မှာ နောင်တရစရာ ဆိုတာမရှိပါဘူးဒေါက်...ဒေါက်.... ဒေါက်....

မိဘ အသက်ရှင်နေတဲ့အချိန်မှာ အတတ်နိုင်ဆုံးနဲ့ အစွမ်းကုန် ပြန်လည်ပြုစုစောင့်ရှောက်ခဲ့ကြတဲ့အတွက် သူတို့မှာ နောင်တရစရာ ဆိုတာမရှိပါဘူး

သားရေ
အဖေသေသွားတဲ့အခါ မင်းတို့ရဲ့ သိတတ်နားလည်မှု၊ အမျှပေးဝေမှုနဲ့အတူ ကောင်းရာသုဂတိသို့လားမှာပါ

သားရေ
မင်းတို့ တစ်တွေအားလုံး စိတ်၏ချမ်းသာ၊ကိုယ်၏ကျန်းမာ ခြင်းနှင့် ပြည့်စုံနိုင်ကြပါစေလို့ပဲ .... အဖေဆုတောင်းပြုနိုင်ပါတော့မယ်

                                                                                အဖေ

စာကိုဖတ်မိပြီး ကျွန်တော် ထိန်းမနိုင်သိမ်းမနိုင် ဟစ်ချုံးချ ငိုကြွေး မိသည်
ရက်စွဲ က သားလေးသူရ ကျွန်တော့်ကိုစာ လာပေးသောရက်ပင် ...
ကျွန်တော် အရမ်းနောင်တရမိသည် ၊
ကိုယ့်ကိုယ်ကို လည်း အပြစ်တင်လို့မဆုံးပေ ၊ တကယ်လို့ အဲဒီနေ့သာ စာကို ဖတ်ဖြစ်မယ်ဆိုရင်
ခုချိန်မှာ ကျွန်တော် နောင်တရစရာ မလိုတော့ပါ
အနည်းဆုံးတော့ သူအသက်ရှင်နေစဉ်အတွင်း
ကျွန်တော် အရင်လို မငြိုငြင်တော့ပဲ ဝမ်းပန်းတသာ သူ့ကို ပြုစုစောင့်ရှောက် မှာတော့ ဧကန်မလွှဲပါ

↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝↝

❝မိဘ ဆိုတာ မသေခင်လုပ်ကျွေးပါ သေမှ မငိုပြပါနှင့် ❞
ဆိုတဲ့စကား ကျွန်တော်တို့အားလုံး ကြားဖူးကြမှာပါ
ဆိုတဲ့စကားအတိုင်း မိဘကို
လုပ်ကျွေးပြုစု ကြပါတယ် ၊ ကျေးဇူးဆပ်ကြပါတယ်
ကောင်းတာကျွေးတယ် ၊ အားဆေးကောင်းတွေ ဝယ်ပေးတယ် ၊
သွားလာချင်တဲ့ နေရာတွေ လိုက်ပို့ပေးကြတယ် ၊ ကျန်းမာရေး အစစအရာရာ လိုလေသေးမရှိအောင် ဂရုစိုက်ပေးကြတယ် ။
ဒါတွေနဲ့တင်ပြည့်စုံပြီလား .... ဟုတ်ကဲ့ မလုံလောက်သေးပါဘူး
အဓိက ကတော့
သူ့တို့အပေါ် စိတ်မရှည်တာတို့၊
သူတို့ကို အလေးမထားတာတို့ မလုပ်မိပါစေနဲ့ ...

အားတဲ့အ

No comments:

Post a Comment