Thursday, December 24, 2015

ဒီ ၁၀ ချက်​ ဖြစ်​​ပေါ်လာပြီ

ဒီ ( ၁၀ ) ချက်ဖြစ်ပေါ်လာပြီဆိုရင် သင်အချစ်စစ်ကို ရှာတွေ့သွားပါပြီ
=======================================
၁ - တကယ်အပြတ်ဆိုပြီး စကားအကုန်ပြောပြီးပြီလား !
မရည်ရွယ်ပဲဖြစ်မိမှပါပဲ
နစ်နစ်နာနာမျိုးပေါ့ ( မိဘဆွေမျိုးနဲ့အကြောင်းမပါပေါ့ )
အရမ်းချစ်တဲ့ချစ်သူတွေမှာဖြစ်တတ်ကြပါတယ် ။
♡♡♡
၂ - နောက်တစ်ယောက်ထပ်ထားမယ်ဆိုပြီးစမ်းကြည့်ပြီးလား !
သူမရှိလည်းဘာဖြစ်လဲဆိုတဲ့စိတ်နဲ့ နောက်တစ်ယောက်နဲ့ကြူမိတာမျိုးပေါ့
ဒါပေမယ့် လုံးဝမေ့မရဘူးဆိုရင်တော့ !
သင်သူ့ကို အရမ်းချစ်နေမိပါပြီ
♡♡♡
၃ - ဘယ်သူမှမသိအောင် တိတ်တိတ်လေးငိုပြီးပြီလား !
အချစ်ကဆိုးပါတယ်
သူ့ရှေ့မှာငိုတာဟာ တော်ပါသေးတယ်
တစ်ယောက်တည်းငိုရတာဘယ်လောက်ဆိုးတယ်ဆိုတာ
ငိုဖူးတဲ့သူတွေပဲသိတာပါ
အရမ်းချစ်မိတော့မှ ဖြစ်တတ်တဲ့ခံစားချက်မျိုးပါ ။
♡♡♡
၎ - သူ့ကို ကိုယ်ဘယ်လောက်ထိချစ်တယ်ဆိုတာ ခံစားချက်အမှန်နဲ့ပြောပြီးပြီလား !
ဒါလည်း ရုတ်တရက်ဖြစ်လာတဲ့အနေအထားမျိုးတွေမှတကယ့်အစစ်မြင်တာပါ
ချစ်သူကိုဆုံးရှုံးခါနီးမျိုး
လက်လွှတ်ရမယ့်နောက်ဆုံးအချိန်တွေကျ ဆုံးရှုံးရမှာကြောက်စိတ်နဲ့ မာနတွေချခင်းပြီးပြောမိတာမျိုးပါ ။
♡♡♡
၅ - သူ့အပေါ်သံသယဝင်လာတိုင်း သူချစ်နေရင်ကျေနပ်ပါတယ်လို့တွေးမိပြီးပြီလား !
ချစ်တော့လည်း အမြဲသံသယဝင်နေတာပါပဲ
အရာအားလုံး ထုတ်ယူသွားလည်း
သူချစ်တာလေးကျန်နေရင် ပြီးရောဆိုတဲ့
သက်ပြင်းအကြိမ်ကြိမ်ချရတဲ့စိတ်လေးပေါ့ ။
♡♡♡
၆ - သူဘာဖြစ်ဖြစ်ချစ်နေမယ်လို့ တွေးနေမိပြီလား !
အတိတ်ဆိုတာ လူတိုင်းရှိခဲ့မှာပဲ
ကောင်းချင်ကောင်းမယ် ဆိုးချင်ဆိုးမယ်
မရွေးချယ်ခင်ကပဲဒါတွေကလုပ်လို့ရတယ်
ချစ်သူဖြစ်သွားပြီဆိုရင်တော့
သူဘာဖြစ်ဖြစ်ချစ်နေမယ် ကိုယ်ကြိုးစားပြုပြင်မယ်ဆိုတဲ့စိတ်လေးဖြစ်လာပါရော ။
♡♡♡
၇ - ကိုယ်လုံးဝသည်းမခံနိုင်တဲ့ကိစ္စကို သူပြုမူမိတဲ့အခါ
ကိုယ်အပြစ်မမြင်မိဘူးဖြစ်နေမိပြီလား !
တခြားသူမပြောနဲ့ ကိုယ့်မိသားစုဝင်တွေတောင် လာမလုပ်နဲ့မကြိုက်ဘူးဆိုတဲ့အရာမျိုး ( စကားမျိုး ) အပြုအမူမျိုး
ချစ်သူက အမှတ်တမဲ့ပြုလုပ်မိတဲ့အခါ
စိတ်တွေအလိုလိုလျော့နေတာမျိုးပါ ။
♡♡♡
၈ - သူနဲ့ကိုယ့်ကြားယုံကြည်မှုတစ်ခုကို တည်ဆောက်ချင်နေမိပြီလား !
ကိုယ့်ကိုယုံပေးစေချင်တယ်
ချစ်သူသဘာဝ အူတိုတာလေးက ချစ်ဖို့ကောင်းပေမယ့်
ကြီးကျယ်လာရင်တော့ အမှိုက်ကစ' ပြဿဒ်မီးလောင်ဖြစ်မှာစိုးလို့
သူနဲ့ကိုယ်ယုံကြည်မှုလေးတည်ဆောက်ချင်ပြီဆို သင်'သူ့ကိုလက်လွှတ်အဆုံးရှုံးမခံနိုင်တော့ပါဘူး ။
♡♡♡
၉ - သူ့ဘက်ကအမြဲရပ်တည်ပေးနေမိပြီလား !
ဓားခုတ်ရာ လက်ဝင်လျှိုတဲ့အဆင့်ထိ ရောက်သွားပြီဆိုရင်တော့
သင်ချစ်တာသေချာနေပါပြီ ။
♡♡♡
၁၀ - သူငါ့ကိုတကယ်ချစ်နေတာပါလို့ ယုံကြည်လိုက်ပြီလား !
နောက်ဆုံးအဆင့်လို့တောင် ပြောလို့ရပါတယ်
လူတိုင်းက ကိုယ်ကချည်းပိုချစ်နေရတယ်ထင်နေကြသူချည်းပါပဲ
သူကငါ့ထက်တောင် ပိုချစ်နေပါလားဆိုတဲ့အသိဝင်လာရင်တော့
သင်,သူ့အပေါ်လုံးဝ ချစ်မိနေပါပြီ 100 % ပါ ။
♡♡♡
နိဂုံး♡
ရည်းစားတိုင်း ချစ်သူမဟုတ်ပါဘူး
ချစ်တယ်လို့ပြောတိုင်းလည်း တကယ်ချစ်မိနေတာမဟုတ်ပါဘူး
ချစ်သူကိုချစ်တာဟုတ်/မဟုတ်ဆိုတာ
ကျောက်စိမ်းတုံးခွဲကြည့်ရသလိုပါပဲ
အပေါ်ယံကြည့်လို့ ( ကျွမ်းကျင်သူတွေကလွဲ ) အဆင်မပြေပါဘူး
ပြီးတော့ အချစ်က တိမ်တွေနဲ့တူတယ်
တိမ်မှန်းတော့သိတယ် ဘာပုံသဏ္ဍန်တိတိကျကျပြဆိုပြမရဘူး
တကယ်တော့ အချစ်ကတံတိုင်းကြီးတစ်ခုတည်ဆောက်တာနဲ့တူမယ်ထင်တယ်
အုတ်ခဲလေးတွေ တစ်လုံးဆင့်တယ် နောက်တစ်လုံးဆင့်တယ် ( သူမျညးတွေလည်း ဖြိုလွယ်တယ် ကိုယ်တိုင်မတော်တဆထိခိုက်မိရင်လည်းပြိုသွားနိုင်လို့ သတိကြီးကြီးထားရမယ် ။
နောက်ဆုံး...တံတိုင်းကြီးတစ်ခုဖြစ်တဲ့အထိတည်ဆောက်ရမယ်
ဒါမှအလွယ်တကူ ဘယ်သူမှလာဖြိုဖျက်လို့မရမှာ ။
UlayKyi ( ကို လင်း )1502c130a87

No comments:

Post a Comment