နားနှင့် မျက်လုံးများ ကန်းနေလား ......
...............................................................
ကျွန်တော်က စစ်သားတစ်ယောက်ဖြစ်လို့ သက်သက်ညှာညှာလေးပဲ ပြောလိုက်မယ် ......
နိုင်ငံရေးလည်း မလုပ် ပါတီရေးလည်းမလုပ် စစ်သားတစ်ယောက်ရဲ့ လုပ်သင့်တာကိုပဲ လုပ်တတ်တဲ့ ကျွန်တော် အောက်ကပုံလေးကို အသက်သွင်းပေးလိုစိတ်နဲ့ ရည်ရွယ်ကာ တပ်မတော်သားတစ်ယောက်ရဲ့ ခံစားချက်ကို ကမ္ဘာကမသိရင်နေပါစေ မြန်မာကသိရင် သေပျော်ပါပြီ ......
ကမ္ဘာ့နိုင်ငံ အသီးသီးမှာ စစ်မှုထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေ အားလုံးကိုရည်ရွယ်သည် ......
သင်တို့ နိုင်ငံမှာ စစ်မှု့ ထမ်းဆောင်းရင်းကျဆုံးသွားသော စစ်သည် တစ်ဦးရဲ့ ကျန်မိသားစုကို သင်တို့နိုင်ငံက မည်ကဲ့သို့ ထောက်ပံ့ပေးသနည်း .....?????????
သင်တို့နိုင်ငံမှာ စစ်မှု့ ထမ်းဆောင်ရင်း ကိုယ်ခန္ဒာ အစိတ်အပိုင်း ပျက်စီးချို့ ယွင်းသွားခဲ့ရင် ၄င်း စစ်သည်ကို သင်တို့နိုင်ငံက မည်ကဲ့သို့ ထောက်ပံ့ပေးသနည်း .....????????
အရှေ့တောင် အာရှ နိုင်ငံတွေထဲက ကျွန်တော်တို့နိုင်ငံမြန်မာနဲ့ အဆင့်ချင်းတူ နိုင်ငံအတော်များများ ရှိ့သည့် အနက် နိုင်ငံ တစ်နိုင်ငံကသူ့စစ်သားတစ်ယောက်စီရဲ့ ရပိုင်ခွင့် နှင့် လုပ်ပိုင်ခွင့်တွေ လေ့လာကြည့်တော့ ကျွန်တော်တို့ နိုင်ငံနဲ အစပေါင်းများစွာ ကွာခြားနေတယ်ဆိုတာ သိရလို့ ကျွန်တော် အရမ်းအံ့သြမိပါတယ် ........
ဥပမာ .....
သူတို့စစ်သား စစ်ဆင်ရေးမှာ သို့ တန်းပြည့်တာဝန်ချိန်အတွင်း သေဆုံးခြင်း .......
တိုက်တစ်လုံး ကားတစ်စီး ဖုန်း အခမဲ့ တစ်လုံး နှင့် လက်ရှိ့လစာငွေ ၁၀ ဆ ၊ သက်ဆိုင်ရာ အမွေစားအမွေခံ မှ ခံစားခွင့်ရှိ့သည် .....
ခန္ဓာ ကိုယ်အင်္ဂါ အစိတ်ပိုင်းစစ်ဆင်ရေးမှာ သို့ တန်းပြည့် စစ်မှု့ထမ်းချိန်အတွင်း ပျက်စီ ချို့ ယွင်းသွားပါက လက်ရှိ့လစာငွေ ၁၀ ဆ နှင့်တပ်မတော် အိမ်ရာ တွင် တိုက်ခန်း တစ်ခန်း လက်ရှိလစာအတိုင်း လက်ရှိ့ အခွင့်ရေးတိုင်းတစ်သက် ခံစားမှု့ရှိ့သည့် အပြင် ဆေးဝါ အခမဲ့ ကုသခွင့်ရှိ့သည် .......
ကျွန်တော်တို့ မြန်မာတပ်မတော်က သူတို့နည်းတူ မထောက်ပံ့ပေးနိုင်ရင်တောင် ခုလိုမျိုး လမ်းဘေးရောက် နေတဲ့ ကျွန်တော်တို့ ရဲဘော်ဟောင်းကြီးတွေရဲ့ ဘဝလေးတွေကို ဖြစ်နိုင်ရင် တစ်ချက်လောက်လေး ဖြစ်ဖြစ် ငဲ့ကြည့် ပေးကြပါလား အဘတို့ရယ် .....
တစ်ချိန်တုန်းက သူလဲ ကျွန်တော်လိုပဲ စစ်သားကောင်းတစ်ယောက်ပေါ့ဗျာ .......
ဖိုက်တာ .......1502c130a87
No comments:
Post a Comment