အဖေ့အမျိုး နဲ့ အမေ့အမျိုး
***************************
သမီးငယ်တစ်ဦးဟာ သူ့ရဲ့ မိခင်ဖြစ်သူကို လူသားတွေဟာ ဘယ်ကနေစပြီး ဖြစ်လာတာလဲလို့မေးလိုက်ပါတယ်။
"ဘုရားသခင်က အာဒမ်ကို အရင် ဖန်ဆင်းလိုက်တယ်။ ပြီးတော့မှ အာဒမ်ကိုယ်ထဲက နံရိုးတစ်ချောင်းကို ယူလိုက်ပြီး ဧ၀ ကို ဖန်ဆင်းလိုက်တယ်။ သူတို့နှစ်ဦးဟာ အေဒင်ဥယျာဉ်ကြီးထဲမှာ
နေထိုင်ကြတယ်။ တစ်နေ့မှာတော့ မြွေတစ်ကောင်က ဧ၀ကို ပန်းသီးတစ်လုံး ပေးတာကြောင့် သူနဲ့အာဒမ်တို့ တစ်ကိုက်စီ ကိုက် စားလိုက်တဲ့အချိန်မှာ သူတို့ နှစ်ဦးဟာ အ၀တ်အစားတွေ မပါဘဲ
ကမ္ဘာကြီးထဲကို ရောက်ရှိသွားကြတယ်။ အဲဒီမှာ သူတို့ဟာ ကလေးတွေ မွေးကြပြီး တစ်ဆင့်ပြီးတစ်ဆင့် လူသားတွေ အများ ကြီး ဖြစ်လာကြတာပေါ့"လို့ မိခင်ဖြစ်သူက သမီးငယ်လေးကို
ပြောပြလိုက်ပါတယ်။
နှစ်ရက်လောက်အကြာမှာ သမီးငယ်ဟာ မိခင်ဖြစ်သူကို မေးခဲ့တဲ့ မေးခွန်းကိုပဲ ဖခင်ဖြစ်သူကို
မေးလိုက် ပြန်ပါတယ်။ အဲဒီအခါ ဖခင်ဖြစ်သူက "ဟိုးနှစ်ပေါင်းများစွာတုန်းက မျောက်တွေကနေ
အဆင့်ဆင့်ပြောင်းလဲပြီး ခုလို လူသားတွေ ဖြစ်လာကြတာ"လို့ အဖြေပေးလိုက်ပါတယ်။
မိဘနှစ်ဦးထံက အဖြေတွေဟာ မတူကြတာကြောင့် သမီးငယ်ဟာ မိခင်ဖြစ်သူထံသွားပြီး "မေမေ
ပြောတော့ လူသားမျိုးနွယ်တွေကို ဘုရားသခင်က ဖန်ဆင်းပေးတာဆို။ အဖေကပြောတော့
မျောက်တွေကနေ အဆင့်ဆင့် ပြောင်းလဲလာတဲ့။ ဘယ်ဟာက အမှန်လဲဟင်"လို့ မေးလိုက်ပါ
တယ်။
အဲဒီအခါ မိခင်က "
ဒါက ရှင်းရှင်းလေးပါ သမီးရယ်။ အမေတို့ အမျိုးတွေအကြောင်းကို အမေက
ပြောပြတာလေ။ သမီးအဖေက သူ့အမျိုးတွေအကြောင်း ပြောပြတာနေမှာပေါ့"လို့ ဆိုလိုက်ပါတယ်။
ဦးဇော်သိသမျှ မျှဝေရာအရပ်
by myanmar online news
No comments:
Post a Comment