ယောက်ကျးချင်းမို့ သိတယ် . ဒီလိုယောက်ကျားတွေ အများကြီးပဲ . .
#မနေနိုင်လွန်းလို့ပြောတော့မယ်ဗျိုး
#MiSaNay
သားကြီးမယားကြီး ရှိရဲ့သားနဲ့ facebook ပေါ်တက် ရည်းစားထားနေကြသော ချီးထုပ်များကို ဒဲ့ပြောပါတယ်။ငါ့များလားမသိဘူးလို့ မတွေးပါနဲ့။ ခများကို ပြောတယ်လို့ပဲ မှတ်ပါ။
မနက်လင်းတာနဲ့ ဖုန်းကောက်ကိုင် မောနင်း ချစ် မောနင်းအသဲလေးလုပ်။ အိမ်ကမိန်းမ ချက်စရာဆန်ရှိရဲ့လားကျ မမေးဘူး။ ညက ကိုကို့ကို အိမ်မက်ထဲထည့်မက်ရဲ့လား လုပ်။ အိမ်က မိန်းမ ညက ကလေးအီလို့ တစ်ညလုံး မအိပ်လိုက်ရတာကျ မသနားဘူး။
အားတာနဲ့ ဖုန်းကောက်ကိုင်။ screen ကြီးကြည့် မျက်ခွက်က စပ်ဖြီးဖြီး ပြီတီတီ ဖြစ်။ အာဘွား မွှမွှ ပလွတ်ပလွတ် ပလပ်ပလပ်တွေ အရမ်းချစ်တယ် မခွဲချင်ဘူး တွေ့ချင်တယ် ရူးတော့မှာပဲတွေလုပ်။ ဒင်းတို့ မျိုဖို့စို့ဖို့ ချက်ပြုတ်လျှော်ဖွပ်နေရတဲ့ မိန်းမကျ မောနေလား တစ်ခွန်းမမေးဘူး။
Facebook ပေါ်က ကောင်မနဲ့ photo ကို အသည်းပုံတွေဘာတွေထဲထည့် couple photo လုပ်။ အေးအတူပူအမျှ နေပေးခဲ့တဲ့ မိန်းမဓာတ်ပုံကျ ဖုန်းထဲတောင် ထည့်မထားဘူး။
ခများတို့ ကွကိုသိပ်လည်လှပြီ မှတ်မနေနဲ့။ အခုခေတ် မိန်းကလေးတွေ fbပေါ်က တချို့တချို့သော မိန်းကလေးတွေက လေပဲရှိတာ။ တကယ် ပျက်စီးရမှာက ခများတို့မိသားစုဘ၀။ အရေးဟယ်အကြောင်းဟယ်ဆို ခများမိန်းမပဲ ခများဘေးရှိမှာ။ ဟိုကလေးမတွေက ရှောင်ထွက်သွားကြမှာ။
ငါတို့က ယောက်ျားလေးပဲ။ဗိုက်မကြီးဘူး။ ရရင်တော့ ယူမှာပဲ ဆိုတဲ့စကား အလွယ်မပြောနဲ့။ ခများတို့သား ခများတို့သမီး ဖေဖေလို့ လေးလေးစားစားခေါ်နိုင်ဖို့ရာ ခများတို့ကလည်း လေးစားထိုက်အောင်နေရတယ်ဗျ။ စိတ်သာယာမှုမလိုချင်ကြပါနဲ့။ ဖခင်ကောင်းဖခင်မြတ် ဖြစ်နိုင်ကြပါစေ
No comments:
Post a Comment