Saturday, December 26, 2015

ကြေးစားသေနတ်သမားမဟုတ်ဘူး

တစ်ကျပ်တစ်ပြား
ပိုက်ဆံရလို့ 
အခ ကြေယူ လုပ်စားနေတဲ့
ကြေးစားသေနတ်သမားမဟုတ်ဘူး

ဝမ်းရေးအတွက် အ ဖြေခက်လို့ 
အသက် ရှင် ရေး အ ရေးကြီးလို့ 
စစ်တပ်ထဲဝင် ပေးဆပ်နေခြင်း အလျဉ်မဟုတ်ဘူး

ပညာမရှိ အသိခေါင် ခိုက်
သေမှာသိလျက် ဇွတ်တိုးဝင် လို့ 
မိုက်မဲဆိုးသွမ်း လူကြမ်းလည်းမဟုတ်ဘူး

အ ပေ အ တေ အရိုင်းစိုင်းမဟုတ်ဘူး
မိကောင်းဖခင် ဖွား
ရိုးသားလိမ္မာ ပြည့်စုံပါလျက်
ပညာလည်းတတ် စာလည်းတတ်တယ်

တတ်၍ သိတယ်
သိလို့ ရွေးချယ်တယ်
ယုံကြည်ချက်နဲ့  အမိမြေကို
ငါ - ကာကွယ်ဖို့ 

လျှိုမြောင် ကိုဖြတ်
လမ်းမဟုတ်တဲ့ လမ်းတွေက နေ ခရီးဆက်
မတ်စောက်ပါလျှက် တောင် တန်းတွေပေါ်ကိုအ ရောက်တတ်
ခက်ခဲကြမ်းတမ်း မောဟိုက်နေလည်း
ငါ့၏ကိုယ်ကျိုး မ မျှော်ကိုးဘူး
ရွေးမိတဲ့လမ်း ဇွတ်တိုးဝင် မယ် နောင် တမရဘူး
ငါ့ လူမျိုးကို ငါချစ်သောကြောင့်

ငါ့တိုင်း  ငါ့ပြည်  ငါ့သမိုင်းကို
ဘယ်သော ရာဇဝင် အလျှင် မရိုင်းဘူး
ဆန္ဒပြုလျှက် ဦးထိပ်ပန်တယ်
ဘုန်းကမ္ဘာမှာ မြန်မာဆိုတဲ့ ဂုဏ်အရှိန်
ခိုင် မာစွာ လျှမ်းလျှမ်းတောက်
မြင့်သည်ထက်မြင့်အောင် မြင့်တင်ကြဖို့ 
ငါတို့ အားလုံး ဆန္ဒပြုသည်
ဟေ့ - အောင် စစ်သည်တို့  ငါတို့ တာဝန်

ငါ့ပြည်အတွက်မို့ သစ္စာဆိုတယ်
မနိုင် လည်းထမ်း နိုင် လည်းထမ်း
တိုင်းပြည်အနာဂတ်လမ်းအတွက်

မြန်မာသွေးစစ် အမျိုးစစ်လို့ 
မျိုးချစ်စိတ်ဓါတ်နဲ့  အလံလွှင့်မယ်
အသည်မြန်မာ  ဇွဲမြန်မာဟေ့ -----

ငါ့တိုင်း ငါ့ပြည် ငါ့လူမျိုးကို
ငါတို့ ရှိသ ရွေ  မထိစေရ
ငါတို့ အရိုး သွင် သွင် ကျိုးပါစေ
နယ်နိမိတ်စည်းမှာ သွေးချောင်းစီးပါစေ
ငါ၏ စစ်သား ခံယူချက်
ယှဉ်နိုင် မှ ယှဉ်
ယှဉ်ဝံ့ မှ ယှဉ်
စစ်သားဘဝ ဒုလ္လဘကွ
လူတိုင်းမရ မစွမ်းသာဘူး
ငါသည် စစ်သား မြတ်ပေသည် -------။1502c130a87

No comments:

Post a Comment