Wednesday, December 30, 2015

ကမ္ဘာဆိုတာ မြန်မာတွေ လက်ထဲမှာပါ

ကမ္ဘာဆိုတာ မြန်မာတွေ လက်ထဲမှာပါ
-----------------------

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချု ပ်ဖြစ်
ခဲ့ဖူးသူ ဒဂ်ဟမ်းမားရှိုးကပြောခဲ့ဘူးတယ်

ကျွန်တော်တို့ ကမ္ဘာ့ခေါင်းဆောင်များဟာ
ကမ္ဘာကြီးငြိမ်းချမ်းဖို့  အမျိုးမျိုး ကြိုးစား
ခဲ့ကြပါတယ်  ဒါပေမဲ့ ကံမကောင်း
အကြောင်းမလှတော့ မအောင်မြင်ကြဘူး
တဲ့

ကမ္ဘာ့ကြီးငြိမ်းချမ်းဖို့ ကို လူတိုင်းကလည်း
စိတ်ဝင်စားတယ် လူတိုင်းလည်း လိုလား
တောင့်တကြတယ်

လောကမှပညာရှိသူတွေ လူတော်တွေက
လည်း အစွမ်းရှိသလောက် လူ့ လောက
ကြီးအတွက် ကြိုးစားပေနေကြတယ်

ဒါပေမဲ့ ကမ္ဘာကြီးက မငြိမ်းချမ်းပဲ ပိုပြီး
တော့သာဆိုးဆိုးလာနေတယ်

ဘာ့ကြောင့်ပါလဲ ? ? ? ? ? ?

အဖြေက

တကယ်ငြိမ်းချမ်းနိုင်တဲ့ နည်းစနစ်တွေကို
အသုံးမပြု လို့ ပါပဲ

ငတ်နေသူကိုအစာပေးတာလောက်ပဲ
စွမ်းနိုင်တယ်
ဘာ့ကြောင့်ငတ်တာလည်းဆိုတဲ့အဖြေ
ကိုမရှာတတ်ကြဘူး

မိုးယိုတဲ့နေရာတိုင်းကို ရေခံတာလောက်ပဲ
စွမ်းနိုင်ကြတယ်
အပေါက်ကိုဖာဖို့ မစဉ်းစားကြဘူး

အကျိုးကိုပဲမြင်တယ်
အကြောင်းကိုမမြင်ကြဘူး

အကျိုးသတ်တာကခဏပဲ
အကြောင်းသတ်မှ အမြစ်ပြတ်မှာ

အကြောင်းကိုသတ်တဲ့နည်းစနစ်တွေက
လည်းဗုဒ္ဓဘာသာကလွဲပြီး ဘယ်ဘာသာ
မှာမှ မရှိဘူး

ကမ္ဘာ့ထိပ်သီးဆွေးနွေးဝိုင်းကြီးတွေမှာ
ကြည့်လိုက်တော့လည်း ဘာသာခြားတွေ
ကပဲကြီးစိုးထားတာ ဗုဒ္ဓဘာသာဝင်တွေ
အတွက်ခုံမရှိဘူး

ဗုဒ္ဓက သစ္စာ (တရား)အကြောင်း
ဟောနိုင်တဲ့သူမပါရင် လူတွေဘယ်
လောက်ပဲများများ စည်းဝေးပွဲလို့  မခေါ်ဆို
ိထိုက်ဘူးတဲ့

ဗုဒ္ဓတရားတော်ဟောပြောတဲ့သူမပါတဲ့
စည်းဝေးပွဲတွေဟာ ဆားမပါတဲ့ ဟင်းလို
ပါပဲ

ဒဂ်ဟမ်းမာရှိုးပြောသလို ကံမကောင်း
အကြောင်းမလှလို့ မဟုတ်ပါဘူး
နည်းစနစ်မှန်အောင်ဟောနိုင်တဲ့သူတွေ
မပါလို့ ပါ

ဂျီ ၂၀ မကလို့  ဂျီ ၂၀၀ ဖြစ်နေပါစေ
အဲဒီဆွေးနွေးဝိုင်းကြီးတွေရဲ့ ခုံပေါ်မှာ
ဗုဒ္ဓတရားတော်တွေအကြောင်းဟောပြော
မဲ့သူမပါသ၍  ဘာမှဖြစ်မလာပါဘူး

အကန်းတွေဦးဆောင်နေတဲ့ ကမ္ဘာ့အရေး
မှာ ဗုဒ္ဓဘာသာ မြန်မာခေါင်းဆောင်တွေ
ပါဝင်လာအောင် ကြိုးစားနိုင်မှသာ
ကမ္ဘာ့ငြိမ်းချမ်းရေးပြေလည်မှာပါ

အခုတော့ မြန်မာတွေကလည်း
အကန်းတွေဆီမှာ လက်ဖြန့် နေတဲ့အဆင့်
ကနေမတတ်တော့ဘူး

လောကဓမ္မတာအရ
တောင်တဲ့သူကို ဘယ်သူမှ
အထင်မကြီးဘူး

ဗုဒ္ဓတရားတော်တွေကို
မြန်မာ့ခေါင်းဆောင်တွေ
အသုံးမချနိုင်သ၍ ကမ္ဘာကြီးငြိမ်းချမ်းဖို့ 
ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး

တကယ်တော့
ကမ္ဘာကြီးဟာ
မြန်မာတွေရဲ့ လက်ထဲမှာ ရှင်သန်နေရ
တာပါ

သူအသက်ရှင်ဖို့ 
မြန်မာတွေ
ပြု စုပျိုးထောင်ပေးရမယ်

No comments:

Post a Comment