Thursday, December 24, 2015

ညိမ်​ချမ်း​ရေး

ငြိမ်းချမ်းရေး ဆီလှမ်းခဲ့ပါ
✏ ✏ ✏ ✏ ✏ ✏ ✏
ညီငယ်
မင်းလျှောက်တဲ့လမ်း ခရောင်းလမ်းဝယ်
ဘယ်အခါကများ ဖြောင့်ဖြူးလဲ .....
အတွေးဝေဝါး အမြင်မှားလို့
တို့ညီကိုချင်း စစ်ခင်းရသည်
နှစ်ပေါင်း ၆၀ ကြာခဲ့ပြီ .....
နယ်ချဲ့  စနစ်မျိုး အမွေးဆိုးကြောင့်
စိတ်ဝမ်းတွေကွဲ တုတ်ဓားဆွဲလို့
လက်နက်စွဲကိုင် တိုက်ခဲ့ပြန်သည်
အမိုက်မှောင်ဖုံး လောင်မြိုက်တုံး .....
ခုချိန်မှာလေ တို့ပြည်တွင်းမှာ
တံတားဆောက် လမ်းတွေဖောက်လို့
တပ်နဲ့ပြည်သူ တွဲလက်ကူကာ
ခေတ်မီ နိုင်ငံ ထူထောင်ရန် အတည်
ကြိုးပမ်းနေမှု အစုစုကို
ညီငယ် မင်း တစ်ယောက် သိသင့်ပြီ .....
အမြင် မှားမှောက် အဝေးရောက်တဲ့
ကိုယ့် ညီငယ်
အတွေးဝေဝါး အမြင်မှားကို
ချက်ချင်းပယ်ဖျောက် လမ်းသစ်ရောက်ဖို့
စောင့်ကြိုနေသည် တို့တစ်တွေသည်
ပြန်လာခဲ့တော့ ညီငယ် မင်း .....။
Cr.....1502c130a87

No comments:

Post a Comment