Thursday, December 24, 2015

ချစ်​သူ

ချစ်သူရဲ့ အလေးထားမှုကိုတော့
လူတိုင်း မက်မော တတ်ကြပါတယ်. . .

တချို့က ချွဲ့နွဲ့ပြီး
တောင်းခံတတ်ကြသလို
တချို့က ဖွင့်မပြောပဲ
မျိုသိပ်နေတတ်ကြတယ်. . .

ချစ်သူက
အလေးမထားမှုတွေ များလာတဲ့အခါ. . .
ချစ်သူက
ဂရုစိုက်မှုတွေ မပေးတော့တဲ့အခါ. . .
သံသယ လေးတွေ
ဝင်လာတတ်ကြပါတယ်. . .
တကယ် ချစ်ရဲ့လား ဆိုပြီး
စိုးရိမ်စိတ်ကလေး တွေ ဖြစ်လာတတ်ကြတယ်. . .

ဘယ်လို အချိန်မျိုးမှာ
ဆိုးကျိုးများသလဲ ဆိုရင်
ရန်ဖြစ်တဲ့ အခါ မျိုးမှာပါ. . .

ချစ်သူ အပေါ် ပိုပေါက်ကွဲမိတတ်တယ်. . .
ချစ်သူရဲ့ အလေးပေးမှုမခံရချိန်
မျိုသိပ်ခဲ့ရတဲ့ ဒေါသလေးတွေက
အဲဒိလိုချိန်မှာ စုပြီး ပေါ်လာတတ်ပါတယ်. . .

ဒါပေမယ့်. . .
တကယ်ချစ်တဲ့ သူ ဆိုတာကတော့

ကိုယ်ကပဲ အရင်ဆုံး စတောင်းပန်မိ စမြဲပါ. . .

***တခါ ရန်ဖြစ်ပြီးသွားတိုင်း
ချစ်သူ အပေါ် တရက် ပိုချစ်နိုင်ကြပါစေ***

~A Lynn Phyo~

Credit - A Lynn Phyoြွုင

No comments:

Post a Comment