Thursday, December 24, 2015

သတိနှင့်နေထိုင်

သတိနှင့်နေထိုင်

==============

တရားကိုတော့တေးလိုဆိုlဖအေကိုတော့ သားကဆဲl
ဆွေမျိုးထဲက ဓားပြတိုက်l မိုက်လျှင်တော့
သောတပန်l မကောင်းကြံက သမာဓိ
ရွှေရှိမှ လူလိမ္မာIလိမ်နိုင်မှ သစ္စာရှင်
ပညာရှင်ကိုပယ်လို့ထား။
အချစ်ဆုံး မယားက သစ္စာပျက်I ရိုးသားသူကို
အရူးလို့ဆိုI အပျိုငယ်က လင်နေစော
အကျီ င်္ပါးပါးနှင့်ဥပုသ်သည်
ဇရပ်အလည်မှာ ကိုးယို့ကားယားI
အမျိုးကောင်းသမီးက ပိုက်ဆံရှာ
အပျိုမဖြစ်ခင် ရည်းစားများ
ဆင်းရဲသားက သူဌေးယောင်ဆောင်
အဝတ်ပြောင်မှ လူရိုသေI လင်ရှိမယားက
အပျိုလုပ်I မသာပို့ ရင်း လူပျိုလှည့်
အလှူပေးရင်း ထမင်းရောင်း
ဆယ်အိမ်ခေါင်းက  စိတ်ကြီးဝင်I ဆံပင်ဖြူအရွယ်ကို ဆိုးဆေးဆိုး
ဘိုးသူတော်က  ဘိုဆံတော်ချ
အပျိုပေါက်စ နှစ်လင်ယူI လူရင်းနှီးတော့
အတိုးချI သူခိုး ဓါးပြက လူလို့အော်
မရှောင်းတမ်းတိုးတာ တစ်ခုလပ်
စပ်စုတော့က အပျိုဟိုင်း
နရိရှိုင်းတော့ လူပန်းကျ
မယ်သီလက အခုဆေးဖော်l ရတနာသုံးပါးကို
မကြည်ညိုl ကြေးစည်အို တနောင်နောင်နဲ့
ဘိန်းစားပုန်း။
လောက၌ စိတ်ကူးယဉ်l ပွဲသဘင်မှ အလှူဖြစ်
ဆယ်နှစ်သမီးက အိမ်ထောင်ကျl စာမတတ်သူက တရားပြl အသက်မွေးမှု့နဲ့
ရဟန်းတုl အမှန်ပြောလျှင် လူမုန်းပွား
ဇာတ်သမားမှ လူခေါ်ချင်lသူတော်စင်ကို
ပယ်ချန်ထားl ကျွေးမွေးသူက ကျွန်နှင့်တူ
ကြွေးယူသူက သခင်ဖြစ်lမုန့်ပေးလျှင် ကျမ်းဂန်တက်l သားသမီးက သခင်ဖြစ်
ခေတ်ကြီးကိုတော့ အပြစ်ဆို ကိုယ့်ကိုယ်ကိုကျ
အကောင်းပြောlမတရားသူအား အကြောက်များl ဥပုသ်သည် ၌ အကောင်းကြိုက်l ဂုံးတိုက်တော့ ကျေးဇူးရှင်
ဖြောင့်မှန်နေလျှင် လူမသုံး
အကျီ င်္ပါးဝတ်တော့ ဂုဏ်ထင်ပေါ်
သူတော်စင်မှာ အကျင့်ပျက်။
သုတ်အဘိဓမ္မာ တရားခတ်l သဂြိုလ်ကျက်ရင်း
ငါးကိုထောင်lဥပုလ် ဇရပ်မှာ ခိုက်ရန်ဖြစ်
သီလယူရင်း မျက်စပစ်l မေတ္တာပို့ရင်း
ဒေါသထွက်l သဒ္ဓါလွန်တော့ တဏှာကျွန်
ဖြစ်လို့
သူတော်ကောင်းတို့ တရားပျက်ကြပြီ။

(ဗန်းမော် ဆရာတော်ဘုရားကြီး)

No comments:

Post a Comment