Thursday, December 24, 2015

ဧရာဝတီ ------------------------------------ မြစ်ကြီးနားမြို့ ကောင်းကင်မှာ..... လေယာဉ်ပျံကြီး ဝဲနေပြီဆိုတာနဲ့ အောက်ကို ငုံကြည့်လိုက်တော့... ကြက်သရေမရှိတဲ့ ဧရာဝတီမြစ်ကြီးကို စမြင်လိုက်ရတယ်...... ဒီလိုပြောရင်ခင်ဗျားတို့တွေ စိတ်ဆိုးကောင်း စိတ်ဆိုးလိမ့်မယ်..... ဒီမြစ်ကြီးက အရင်ဒီလိုမှ မဟုတ်တာ.... မိုးရေကြီးလို့ ရေနောက်ရင်တောင် ရွှံရေလို နောက်တာ မဟုတ်ဘူးလေ..... အခုတော့ ဧရာဝတီမြစ်ရေက ရွှံရေတွေ ဖျော်ထားသလို ဖြစ်နေပြီ... အဓိက အကြောင်းခံကတော့..... ဧရာဝတီ.. မြစ်အထက်ပိုင်းမှာ ဖောင်ကြီးတွေ စက်ကြီးတွေနဲ့ ရွှေကျင်တဲ့နေတဲ့ လူတွေ ရှိနေလို့ပါပဲ..... ကျွန်တော်တို့ မြစ်ဆုံကို အာရုံစိုက်နေကြချိန်မှာ ဧရာဝတီမြစ်အထက်ပိုင်း မေခ မလိခ အပါဝင်.... သူတို့ဆီကို စီးဝင်မဲ့ ချောင်းတွေမှာ တရုတ်ရွှေဖောင်တွေ အလုပ်သမား ထောင်ချီသုံးပြီး စိတ်ထင်တိုင်း ကြဲနေတော့.... မြစ်ရေဟာ မနောက်ပဲနေမှာလားဗျာ.... ကျွန်တော် မှတ်မိသေးတယ်.... အလယ်တန်းကျောင်းသားဘဝက မြစ်ကြီးနာကို ရောက်တဲ့အခါ.... စိမ်းကြည်နေတဲ့ မြစ်ရေတွေရယ်..... မြစ်ကမ်းဘေးမှာ ပြန့်ကျဲနေတဲ့ ခပ်ဖွေးဖွေး ကျောက်တုံးအဝိုင်းလေးတွေရယ်.... မြစ်ဆုံကို ရောက်တဲ့အခါ.... ဖြူဖွေးနေတဲ့ သဲခုံပေါ်ကို မြစ်ရေနဲ့ ပက်ကြည့်လိုက်ရင်.... ပတ္တမြားပွင့်လို့ ကျောက်နီးသေးသေးလေတွေရတယ်.... အခုတော့ မြစ်ကမ်းဘေးမှာ ရွှံတက်နေတဲ့ ကျောက်တုန်းတွေရယ် ရွှံစေးရောင် မြစ်ရေရယ်... ၂၀၁၀ လောက်က မြစ်ဆုံရောက်တုန်း.... မြစ်ဆုံက ဈေးသည်လေးတွေကို မေးကြည့်ဖူးတယ်.... မြစ်ရေက အမြဲတမ်းဘဲ ဒီလို နောက်နေတော့တာလားဆိုတော့.... မဟုတ်ဘူးတဲ့... လူကြီးလာမယ်ဆိုရင်တော့ ရွှေဖောင်တွေကို သုံးရက်လောက်ကြိုပြီး အလုပ်နားခိုင်းတယ်... အဲဒီအချိန်ဆိုရင်တော့ မြစ်ရေက ပြန်ကြည်တယ်တဲ့လေ.... အဲဒီရွေဖောင်တွေရဲ့ လုပ်ရပ်က မြစ်ရေတင် နောက်တာလားဆိုတော့ မဟုတ်ဘူး... မြစ်ကြမ်းပြင်ကို အထက်အောက် လှန်ပြစ်ပြီး သဲတွေ ကျောက်တွေကို စက်နဲ့စုပ် အဲဒါတွေကို မြစ်ထဲပြန်သွန်တာ ဖြစ်တဲ့အတွက်..... မြစ်ဟာ အနည်ပို့ချမှုတွေ များလာပြီး သောင်တွေကို ဖြစ်ထွန်းစေပါတယ်.. မြစ်ကိုလည်း ပိုတိမ်သွားစေပါတယ်.... အဲဒီမှာ ထပ်ပြောချင်တာက ရွှေတွေ ဘယ်နေရာမှာထွက်လဲ.... ကမ္ဘာမြေကြီးရဲ့ ကြိုက်တဲ့ နေရာကိုတူး... မြေကြီးထဲမှာ ပျမ်းမျှ ရွှေပါဝင်မှုနှုန်းက ၀.၀၀၅ ရာနှုန်းရှိပါတယ်..... ဒါဖြစ်ရင်ရွှေကို နေရာတိုင်းမှာ ဘာလို့ မတူးကြတာလဲ.... နိုင်ငံတကာ စံညွှန်းတွေရ သတ္တုတူးမယ်ဆိုရင်... mining economy အရ တွက်ခြေ ကိုက်မကိုက် တွက်ချက်ပြီးမှ တူးကြပါတယ်.... ဥပမာ ရွှေတစ်ကျပ်သား ရဖို့ ကုန်ကျစရိတ်က နှစ်ကျပ်သား ဖြစ်နေရင် တွက်ခြေကိုက်တယ်လို့ ပြောလို့မရပါဘူး..... အဲလိုပါပဲ.... ရွှေတစ်ကျပ်သားရဖို့ အတွက် ရွှေနှစ်ကျပ်သားလောက် တန်ဖိုးရှိတဲ့ သဘာဝ ပတ်ကျင်ကို ထိခိုက် ပျက်စီးစေမယ်ဆိုရင် အဲဒါကို တွက်ခြေ ကိုက်တယ်လို့ ပြောလို့မရပါဘူး.... တောင်ကြီးသွားတုန်းက...... အင်းလေကန်ကြီး တိမ်ကောလာတဲ့ အကြောင်း အကိုတစ်ယောက်နဲ့ ပြောဖြစ်ပါတယ်... အင်းလေးကန်ကြီး တိမ်သွားတဲ့ အဓိက အကြောင်းအရင်းက အင်းလေးကန် ရေဝေဒေသမှာ သစ်တွေကို အကြီးအကျယ်ခုတ်လိုက်တော့.... မိုးရွာတဲ့အခါ တောင်တွေက မြေတွေကို ထိမ်းမထားနိုင်ပဲ... မိုးရေနဲ့အတူ ပျော်ဝင်စီးသွားပြီး... အင်းလေးကန်ထဲကို နှုန်းတွေ အဖြစ်နဲ့ ပိုချပါတယ်.... အဲဒီတော့ အင်းလေးကန်ကြီးဟာ တစ်နှစ်ထက် တစ်နှစ် ပိုပို တိမ်လာတာပေါ့.... နိုင်ငံတကာ ပညာရှင်တွေနဲ့ သူတို့အဖွဲ့ တွက်ချက်မှုအရ... အင်းလေးကန်ထဲက နှုန်းတွေကို ကုန်အောင် စုတ်ထုတ်မယ်ဆိုရင်.... ဒီဇယ်ဂါလံ ငါးဘီလျှံ ကုန်မယ်တဲ့.... သူတို့ ခုတ်ရောင်းရခဲ့တဲ့ သစ်ဖိုးနဲ့ ပြန်ပြင်ရမဲ့ တန်ဖိုး တွက်ကြည့်ရင် တန်ရဲ့လားကွာဆိုပြီး ငြီးရှာပါတယ်..... ဧရာဝတီမြစ်ဟာလည်း ဒီသဘောပါပဲ.... လောဘသားတွေ ရတဲ့ ရွှေတန်ဖိုးနဲ့ ပျက်စီးသွားတဲ့ မြစ်ကြီးရဲ့ တန်ဖိုး တန်ရဲ့လား.... ဧရာဝတီမြစ်ဟာ... ကျွန်တော်တို့ နိုင်ငံရဲ့ မိခင်လို့ တင်စားြေ

ဓာတ်ပုံ သတင်းထောက် စိုးဇေယျာထွန်း ရေးထားတာပါ
ဧရာဝတီ ရဲ့ အနာဂတ် ဟာ မတွေးဝံ့စရာပါ
----------------------------------------------------------
မြစ်ကြီးနားမြို့ ကောင်းကင်မှာ..... လေယာဉ်ပျံကြီး ဝဲနေပြီဆိုတာနဲ့ အောက်ကို ငုံကြည့်လိုက်တော့... ကြက်သရေမရှိတဲ့ ဧရာဝတီမြစ်ကြီးကို စမြင်လိုက်ရတယ်......
ဒီလိုပြောရင်ခင်ဗျားတို့တွေ စိတ်ဆိုးကောင်း စိတ်ဆိုးလိမ့်မယ်.....
ဒီမြစ်ကြီးက အရင်ဒီလိုမှ မဟုတ်တာ.... မိုးရေကြီးလို့ ရေနောက်ရင်တောင် ရွှံရေလို နောက်တာ မဟုတ်ဘူးလေ..... အခုတော့ ဧရာဝတီမြစ်ရေက ရွှံရေတွေ ဖျော်ထားသလို ဖြစ်နေပြီ...
အဓိက အကြောင်းခံကတော့..... ဧရာဝတီ.. မြစ်အထက်ပိုင်းမှာ ဖောင်ကြီးတွေ စက်ကြီးတွေနဲ့ ရွှေကျင်တဲ့နေတဲ့ လူတွေ ရှိနေလို့ပါပဲ.....
ကျွန်တော်တို့ မြစ်ဆုံကို အာရုံစိုက်နေကြချိန်မှာ ဧရာဝတီမြစ်အထက်ပိုင်း မေခ မလိခ အပါဝင်.... သူတို့ဆီကို စီးဝင်မဲ့ ချောင်းတွေမှာ တရုတ်ရွှေဖောင်တွေ အလုပ်သမား ထောင်ချီသုံးပြီး စိတ်ထင်တိုင်း ကြဲနေတော့.... မြစ်ရေဟာ မနောက်ပဲနေမှာလားဗျာ....
ကျွန်တော် မှတ်မိသေးတယ်.... အလယ်တန်းကျောင်းသားဘဝက မြစ်ကြီးနာကို ရောက်တဲ့အခါ.... စိမ်းကြည်နေတဲ့ မြစ်ရေတွေရယ်..... မြစ်ကမ်းဘေးမှာ ပြန့်ကျဲနေတဲ့ ခပ်ဖွေးဖွေး ကျောက်တုံးအဝိုင်းလေးတွေရယ်....
မြစ်ဆုံကို ရောက်တဲ့အခါ.... ဖြူဖွေးနေတဲ့ သဲခုံပေါ်ကို မြစ်ရေနဲ့ ပက်ကြည့်လိုက်ရင်.... ပတ္တမြားပွင့်လို့ ကျောက်နီးသေးသေးလေတွေရတယ်....
အခုတော့ မြစ်ကမ်းဘေးမှာ ရွှံတက်နေတဲ့ ကျောက်တုန်းတွေရယ် ရွှံစေးရောင် မြစ်ရေရယ်...
၂၀၁၀ လောက်က မြစ်ဆုံရောက်တုန်း.... မြစ်ဆုံက ဈေးသည်လေးတွေကို မေးကြည့်ဖူးတယ်.... မြစ်ရေက အမြဲတမ်းဘဲ ဒီလို နောက်နေတော့တာလားဆိုတော့....
မဟုတ်ဘူးတဲ့... လူကြီးလာမယ်ဆိုရင်တော့ ရွှေဖောင်တွေကို သုံးရက်လောက်ကြိုပြီး အလုပ်နားခိုင်းတယ်... အဲဒီအချိန်ဆိုရင်တော့ မြစ်ရေက ပြန်ကြည်တယ်တဲ့လေ....
အဲဒီရွေဖောင်တွေရဲ့ လုပ်ရပ်က မြစ်ရေတင် နောက်တာလားဆိုတော့ မဟုတ်ဘူး... မြစ်ကြမ်းပြင်ကို အထက်အောက် လှန်ပြစ်ပြီး သဲတွေ ကျောက်တွေကို စက်နဲ့စုပ် အဲဒါတွေကို မြစ်ထဲပြန်သွန်တာ ဖြစ်တဲ့အတွက်..... မြစ်ဟာ အနည်ပို့ချမှုတွေ များလာပြီး သောင်တွေကို ဖြစ်ထွန်းစေပါတယ်.. မြစ်ကိုလည်း ပိုတိမ်သွားစေပါတယ်....
အဲဒီမှာ ထပ်ပြောချင်တာက ရွှေတွေ ဘယ်နေရာမှာထွက်လဲ....
ကမ္ဘာမြေကြီးရဲ့ ကြိုက်တဲ့ နေရာကိုတူး... မြေကြီးထဲမှာ ပျမ်းမျှ ရွှေပါဝင်မှုနှုန်းက ၀.၀၀၅ ရာနှုန်းရှိပါတယ်.....
ဒါဖြစ်ရင်ရွှေကို နေရာတိုင်းမှာ ဘာလို့ မတူးကြတာလဲ....
နိုင်ငံတကာ စံညွှန်းတွေရ သတ္တုတူးမယ်ဆိုရင်... mining economy အရ တွက်ခြေ ကိုက်မကိုက် တွက်ချက်ပြီးမှ တူးကြပါတယ်....
ဥပမာ ရွှေတစ်ကျပ်သား ရဖို့ ကုန်ကျစရိတ်က နှစ်ကျပ်သား ဖြစ်နေရင် တွက်ခြေကိုက်တယ်လို့ ပြောလို့မရပါဘူး.....
အဲလိုပါပဲ....
ရွှေတစ်ကျပ်သားရဖို့ အတွက် ရွှေနှစ်ကျပ်သားလောက် တန်ဖိုးရှိတဲ့ သဘာဝ ပတ်ကျင်ကို ထိခိုက် ပျက်စီးစေမယ်ဆိုရင် အဲဒါကို တွက်ခြေ ကိုက်တယ်လို့ ပြောလို့မရပါဘူး....
တောင်ကြီးသွားတုန်းက......
အင်းလေကန်ကြီး တိမ်ကောလာတဲ့ အကြောင်း အကိုတစ်ယောက်နဲ့ ပြောဖြစ်ပါတယ်...
အင်းလေးကန်ကြီး တိမ်သွားတဲ့ အဓိက အကြောင်းအရင်းက အင်းလေးကန် ရေဝေဒေသမှာ သစ်တွေကို အကြီးအကျယ်ခုတ်လိုက်တော့....
မိုးရွာတဲ့အခါ တောင်တွေက မြေတွေကို ထိမ်းမထားနိုင်ပဲ... မိုးရေနဲ့အတူ ပျော်ဝင်စီးသွားပြီး... အင်းလေးကန်ထဲကို နှုန်းတွေ အဖြစ်နဲ့ ပိုချပါတယ်....
အဲဒီတော့ အင်းလေးကန်ကြီးဟာ တစ်နှစ်ထက် တစ်နှစ် ပိုပို တိမ်လာတာပေါ့....
နိုင်ငံတကာ ပညာရှင်တွေနဲ့ သူတို့အဖွဲ့ တွက်ချက်မှုအရ... အင်းလေးကန်ထဲက နှုန်းတွေကို ကုန်အောင် စုတ်ထုတ်မယ်ဆိုရင်.... ဒီဇယ်ဂါလံ ငါးဘီလျှံ ကုန်မယ်တဲ့....
သူတို့ ခုတ်ရောင်းရခဲ့တဲ့ သစ်ဖိုးနဲ့ ပြန်ပြင်ရမဲ့ တန်ဖိုး တွက်ကြည့်ရင် တန်ရဲ့လားကွာဆိုပြီး ငြီးရှာပါတယ်.....
ဧရာဝတီမြစ်ဟာလည်း ဒီသဘောပါပဲ.... လောဘသားတွေ ရတဲ့ ရွှေတန်ဖိုးနဲ့ ပျက်စီးသွားတဲ့ မြစ်ကြီးရဲ့ တန်ဖိုး တန်ရဲ့လား....
ဧရာဝတီမြစ်ဟာ... ကျွန်တော်တို့ နိုင်ငံရဲ့ မိခင်လို့ တင်စား ပြောမယ်ဆိုရင်..... မြစ်ကြီးကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတဲ့ သူတွေဟာ ကျွန်တော်တို့ မိခင်ကို မဒိန်းကျင့်နေတဲ့ လူတွေပါပဲ.....
ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းကန့်ကွက်ရမယ်....

No comments:

Post a Comment