Monday, November 7, 2016

သတ်​သတ်​လွပ်​ပဲစားတယ်​ဆိုလို့

သတ်​သတ်​လွပ်​ပဲစားတယ်​ဆိုလို့
အိမ်​ကမိသားစု​တွေ အလုပ်​ရှုပ်​ခံပြီး
တကူးတကချက်​ပြုတ်​​ပေးရတဲ့
သူ​တော်​​ကောင်းကြီးက
ည​နေတိုင်းအရက်​ခိုးခိုး​သောက်​​တာ
ခင်းဗျားတို့မသိကြဘူး

စီးပွားဖက်​​တွေ​အတင်း​ခေါ်လို့ktvလိုက်​ရ​ပေမဲ့
ကောင်​မ​လေး​တွေကိုသနားလို့
အပြင်​မှာထွက်​လမ်း​လျောက်​​နေလိုက်​တယ်​ဆိုတဲ့
သူ​တော်​​ကောင်းကြီးက
မိသားစုအတွက်​​ရုန်းကန်​​နေရတဲ့ သူ့အိမ်​က
ကောင်​မ​လေးကို​တောင်​ အလွပ်​မ​ပေးဘူးဆိုတာ
ခင်​ဗျားတို့မသိကြဘူး

တစ်​ရာဖိုး​လောက်​လှု
တစ်​​ထောင်​ဖိုး​လောက်​ကဗ္ဗည်းတပ်​ခိုင်းပြီး
သူလိုရက်​​ရက်ရောရောလှုပါဆိုပြီး လူ​တွေကို
နိဗ္ဗာန်​အကျိုးအတွက်​နှိုး​ဆော်​ပါတယ်​ဆိုတဲ့
သူ​တော်​​ကောင်းကြီးက
စင်​တင်​မှာပန်းကုံး​တွေ
ရက်​ရက်​​ရော​ရောချီးမြှင့်​တတ်​​ပေမဲ့
ထမင်းငတ်​​နေတဲ့ သူ​တောင်းစား​လေးကို
ငွေအ​ကြွေတစ်​ရာ​ပေးဖို့လက်​တွန့်​​နေတတ်​တာ
ခင်​ဗျားတို့မသိကြဘူး

လူ​တွေစည်​တဲ့ဘုရား​ပေါ်မှာ ဟန်​ပါပါထိုင်​ရင်း
ငါဆိုတာမရှိလို့ ငါ့ဥစ္စာဆိုတာလည်းမရှိဘူးဆိုပြီး
လူ​တွေအထင်​ကြီး​အောင်​​ ​အော်​​နေတတ်​တဲ့
သူ​တော်​​ကောင်းကြီးက
တရားထိုင်​ရင်း​ပေါင်​ကြားညှပ်​ထားတဲ့
ပိုက်​ဆံအိတ်​ကြီး​ပျောက်​မှာ​ကြောက်​လို့
လက်​နဲ့ခဏခဏစမ်း​နေတာ
ခင်​ဗျားတို့မသိကြဘူး

ဟုတ်​တယ်
ကျုပ်​တို့လူငယ်​​တွေ ဆိုးကြတယ်
မိုက်​ကြတယ်​ စရိုက်​ကျတယ်

ဒါ​ပေမဲ့
အ​ကောင်းစား​တွေဝတ်
အ​ကောင်းစား​တွေစား
အ​ကောင်းစား စကား​တွေ​ဖော​နေတဲ့
ကြောင်​သူ​တော်​ကြွက်​သူခိုး​တွေထက်​စာရင်

အ​သွေးအ​မွှေးမလှတဲ့ ​ခွေးအလို့
လမ်းမ​ပေါ်မှာ လွပ်​လွပ်​လပ်​လပ်​အူရတာက
ပိုပြီးလိပ်​ပြာသန့်​ပါတယ်​---!

(@&K)

No comments:

Post a Comment