Saturday, February 13, 2016

မောင်" လို့ ခေါ်ခွင်

"မောင်" လို့ ခေါ်ခွင့်
°°°°°°°°°°°°°°°°°°

ဟိုတယ်လိုက်မှ မောင်ကြိုက်မှာလား
ရပါတယ် ထားခဲ့လိုက်ပါမောင်
ဖေဖော်ဝါရီ(၁၄)ဆိုတာ
ဖြူစင်သော မြင့်မြတ်သော မေတ္တာတရားများကို
လူသားချင်းအပြန်အလှန်ဝေမျှကြတဲ့နေ့ပါ မောင်
မိုးကောင်းကင်ကြည်ပြာအောက်မှာ
တန်ဖိုးရှိတဲ့ မေတ္တာအလင်းတွေထွန်းတောက်တဲ့နေ့မို့
ဟိုတယ်ခန်းက ညအိပ်မီးသီးက
ကျွန်မအတွက်တော့ အဆင့်မရှိပါဘူး မောင်
ဖေဖော်ဝါရီ(၁၄)ဆိုတာ
ဖြူစင်အေးချမ်းတဲ့ မေတ္တာတေးသံတွေ ထုံလွှမ်းတဲ့နေ့မို့
ကျွန်မနားစည်မှာ ကုတင်သံတွေမကြားပါရစေနဲ့ မောင်
တစ်ကယ်တော့
ဖေဖော်ဝါရီ(၁၄)ကို မောင်တစ်ယောက်တော့
အဓိပ္ပာယ်ကောက်လွဲနေပြီလေ
မောင် ကဘယ်သူနဲ့မဆိုတွဲကာပျော်နိုင်ပေမယ့်
လက်ထပ်မယ်ဆိုရင်တော့ အဖိုးတန်အပျိုစင်ပဲ
လိုချင်တာမို့လား
မောင့် အတ္တကိုကျွန်မသိပါတယ်
ကျွန်မလေ မောင့်ကိုတစ်သက်လုံးပဲ
"မောင်"လို့ဆက်ခေါ်ခွင့်ရချင်သေးတယ်
တစ်နာရီလောက်စာ ဆန္ဒအချို့ကြောင့်
တစ်ဘဝစာ "မောင်"လို့ခေါ်ခွင့်ဆုံးရှုံးမှာကြောက်တယ်မောင်
ကျွန်မကို နားလည်ပါမောင်
ဘာလို့လဲဆိုတော့
မောင့် စိတ်ဓာတ်ကိုကျွန်မကောင်းကောင်းသိနေလို့ပါ
---------******----------
Monsoon
ဖေဖော်ဝါရီ(၁၄)ကိုအဓိပ္ပာယ်ကောက်လွဲမှားနေကြသော မြန်မာ
အမျိုးသား/အမျိုးသမီးငယ်များအတွက် လက်ဆောင်မွန်  မူးရင်းcredit'
Online Beautiful Models

No comments:

Post a Comment