Tuesday, February 9, 2016

စီးကရက်တစ်လိပ်မှာ ပါဝင်တာတွေ သင်သိပါသလား ?

စီးကရက်တစ်လိပ်မှာ ပါဝင်တာတွေ သင်သိပါသလား ?

ဓာတ်ခဲတွေထဲမှာထည့်တဲ့ Cadmium လို့ခေါ်တဲ့ ခဲသတ္တုအမှုန့် ပါဝင်ပါတယ်။

ဂက်စ်မီးဖို၊ ဂက်စ်မီးခြစ်အတွက်သုံးတဲ့ Butane လို့ခေါ်တဲ့ Hydro Carbon ပါဝင်ပါတယ်။

ရှာလကာရည်မှာ သုံးတဲ့ Acetic အက်ဆစ် ပါဝင်ပါတယ် မိလ္လာအနံ့ ရှိတဲ့ Methane ပါဝင်ပါတယ်။

Arsenic လို့ခေါ်တဲ့ အဆိပ်ဓာတ် တစ်မျိုးလည်း ပါဝင်ပါတယ်။

အရာဝတ္ထုတွေမီးလောင်ကျွမ်းတဲ့အခါ ထွက်လာတဲ့ Carbon Monoxide လည်း ပါဝင်ပါတယ်။

ဖယောင်းတိုင်မှာ ပါတဲ့ Stearic Acid လို့ခေါ်တဲ့ အဆီအက်ဆစ် တစ်မျိုးလည်းပါဝင်ပါတယ်။

အသားကင်တဲ့အခါ တူးရင် ထွက်လာတဲ့ Hexamine လို့ခေါ်တဲ့ ဓာတ်ပါဝင်ပါတယ်။

Toulene လို့ခေါ်တဲ့ စက်မှုလုပ်ငန်းသုံး ဂျီးချွတ်တဲ့ အရက်ပျံ ပါဝင်ပါတယ်။

Insecticide လို့ခေါ်တဲ့ ခြင်ဆေးဖျန်းဗူးထဲမှာ သုံးတဲ့ Nicotine ပါဝင်ပါတယ်။

အိမ်သာဆေးတဲ့အရည်မှာ ပါတဲ့ Ammonia လည်း ပါဝင်ပါတယ်။

Tar လို့ ခေါ်တဲ့ လမ်းခင်းတဲ့ ကတ္တရာစေးလည်း ပါဝင်ပါတယ်။

ကဲ ... ဆေးလိပ် ဆက်သောက်နေဦးမှာလားဗျာ။

No comments:

Post a Comment