Monday, February 15, 2016

တစ်ကယ်ချစ်နေကြတဲ့ ချစ်သူတွေစုံတွဲတွေမှာ Valentine's Day ဆိုတာ............... မရှိပါဘူး "

" တစ်ကယ်ချစ်နေကြတဲ့ ချစ်သူတွေစုံတွဲတွေမှာ
Valentine's Day ဆိုတာ............... မရှိပါဘူး "
________________________________________

" မြန်မာမိန်းကလေးများ ဖက်ကြည့်ပါ "
•••••••••••••••••••••••••••••••••••••••••••••

Valentine's Day မို့
အတွဲမရှိလို့ အားငယ်နေတာလားးး

ချောကလက် ကျွေးသူမရှိလို့ 
တမ်းတနေတာလားးး

တစ်ကယ်တော့ နင့်မှာချစ်သူမရှိလို့
ကိုယ့်ကိုယ်ကို ဝဋ်ကြွေးတစ်ခုလို
ခံယူထားတယ်ဆိုရင် နင်မှားသွားမှာပေါ့

တစ်ကယ်ဆိုရင် နင်က ချစ်သူရှိတဲ့
စုံတွဲတွေကို အားကျနေမဲ့ အစား
Valentine's Day နေ့မှာ အချစ်ကို ယုံပြီး
အပျိုစင်ဘဝကို စွန့်လွှတ်ဖျက်စီး
မိဘတွေကို စိတ်ဆင်ရဲအောင်လုပ်နေကြတဲ့
သားသမီးတွေကိုကြည့်ပြီး

ငါဟာ သူတို့တွေထက် အများကြီးသာတယ်ဆိုပြီး
ကိုယ့်ကိုယ်ကို ဂုဏ်ယူနေရမှာပါ သူငယ်ချင်း
တစ်ကယ်ချစ်နေကြတဲ့ ချစ်သူစုံတွဲတွေမှာ
Valentine's Day ဆိုတာ..... မရှိပါဘူး
သူတို့အတွက် အသက်ရှင်နေသရွေ့
နေ့ရက်တိုင်းက သူတို့အတွက် ချစ်သူများနေ့ပါပဲ

အာဒံ နဲ့ ဧဝ သိပ်ချစ်ကြတဲ့ ချစ်သူတွေပေါ့
Valentine's Day ဆိုတာ... မရှိကြပါဘူး
သူတို့ အတွက်တော့ အသက်ရှင်နေသရွေ့
ရိုးမြေကျတဲ့အထိ ချစ်သူများများနေ့ပဲ

ရိုမီယိုနဲ့ ဂျူးလီးယက် သိပ်ချစ်ကြတဲ့ ချစ်သူတွေပေါ့
Valentine's Dayဆိုတာ... မရှိကြပါဘူး
သူတို့ အတွက်တော့ အသက်ရှင်နေသရွေ့
ရိုးမြေကျတဲ့အထိ ချစ်သူများများနေ့ပဲ

အခု ဒီဘက်ခေတ်မှာ Valentine's Day နေ့
တစ်ရက်ထဲပဲ လူတွေက ချစ်သူများနေလို့
သတ်မှတ်နေကြတယ် ဒါဟာ ဘယ်လောက်ထိပဲ
သူတို့ ချစ်တယ်ဆိုတာ သက်သေပြနေသလိုပါပဲ

တစ်ကယ်တော့ ချစ်သူများနေ့ဆိုတာ...
လင်မယားနေ့ မဟုတ်ပါ
အပျော်လွန်ရမဲ့နေ့ မဟုတ်ပါ
ဘဝပျက်ရမဲ့နေ့ မဟုတ်ပါ
အပျိုစင် ဘဝကို ဖျက်စီးရမဲ့နေ့ မဟုတ်ပါ
သောက်စား မူးရူးနေရမဲ့နေ့ မဟုတ်ပါ

မြန်မာလူမျိုး တစ်ယောက်အနေနဲ့ သတိပေးချင်တာက
မြန်မာအမျိုးသမီးများ မိမိ၏ အရှက်နဲ့ ဂုဏ်သိက္ခာ
အသက်နဲ့ လဲ၍ ကာကွယ်ကြပါ

မိဘတွေ အရှက်ရစေမဲ့ အပြောအဆို အပြုမှုများ
မလုပ်မိပါစေနဲ့လို့ ဆန္ဒပြုလိုက်ပါရစေ.....

Credit: Nang Sam Hom(ရှမ်းမလေး) ရေးပေးပါသည်။

No comments:

Post a Comment