တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်း (မှော်ဘီ) ရှိ ကျောင်းဆင်းအမျိုးသမီး အရာရှိများအတွက် ဂုဏ်ပြုရေးဖွဲ့သည်
ပန်းကလေးများဖူးပွင့်ပြီ
ကြည်းရေလေထု အားမာန်ပြုခဲ့
ပန်းပျိုးသောလက် သေနတ်ကိုင်ခဲ့
တစ်မိပေါက်လည်း တစ်ယောက်ထွန်းခဲ့
မြန်ပြည်တွင်ဖွား တို့ဂုဏ်တင့်ခဲ့
သူတို့စိတ်ထား ကမ္ဘာသိခဲ့
တစ်မှနှစ်သို့ ဖူးပွင့်စေခဲ့
ဥတုသုံးပါ အံတုနိုင်ခဲ့
ပင်ပန်းသော်လည်း နောက်မတွန့်ခဲ့
မျိုးချစ်သမီး အောင်ပန်းဆင်ခဲ့
စိတ်ထားနူးညံ မပျော့ပြောင်းခဲ့
စိတ်ဓာတ်မာကြော မရိုင်းစိုင်းခဲ့
ဆံနွယ်နီကြောင် ရှောင်ကျဉ်စေခဲ့
လည်ဟိုက်တိုပြတ် မဝတ်ဆင်ခဲ့
ရင်ဖုန်းလေးနဲ့ ဆံထုံးထုံးခဲ့
လုံခြုံစွာနှင့် ဝတ်စားဆင်ခဲ့
ယဉ်ကျေးမှုလဲ အပြည့်ရှိခဲ့
ခံခွာချီတိုက် လေ့ကျင့်စေခဲ့
၁၈ပုဒ်ကိုယ် စိတ်အားသန်ခဲ့
ဦးရေးထောက်လည်း စိတ်နှစ်ထားခဲ့
အမှတ်စဉ်(၃) ကြိုဆိုစေခဲ့
အာဂစိတ်ထား စစ်သမီးပျိုများ
ဗိုလ်လောင်းမှသည် ပြန်တမ်းဝင်သည့်
အရာရှိကောင်း ဗိုလ်ကြီးများသို့
သူတို့ပွင့်လန်းခဲ့လေပြီ ...............
ရဲရဲရင့်ရင့် ၁၀း၀၀
No comments:
Post a Comment