Tuesday, February 9, 2016

"စစ်​သား​တွေ မလိုအပ်ရင်ပြောပါ "

" မလိုအပ်ရင်ပြောပါ "
***************
! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
အစိမ်းရောင်ယူနီဖောင်းတွေကိုချွတ်လို့
သာမာန်လူသားအဖြစ်ရပ်တည်ပေးဖို့အစဉ်သင့်ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
အဆင်တန်ဆာတွေအားလုံးကိုစွန့်လို့
ဘဝလမ်းကိုဆက်လျှောက်လှမ်းဖို့အဆင်သင့်ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
ပိုင်ဆိုင်သမျှနေရာဌာနတွေကိုစွန့်လို့
ကောင်းရောင်းကောင်းဝယ်ရှာစားဖို့အဆင်သင့်ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
စားလက်စဓားလှီးထမင်းငှက်ပျောအူဟင်းကိုစွန့်လို့
မိသားစုထမင်းဝိုင်းလေးဆီပြေးသွားဖို့အဆင်သင့်ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
ထမ်းဆောင်လက်စတာဝန်တွေကိုစွန့်လို့
အမိအဖရင်ခွင်ဆီအပြေးလွှားတိုးဝှေ့ဖို့အဆင်သင့်ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
လက်နဲ့မခွဲကိုင်ထားရတဲ့သေနတ်ကိုစွန့်လို့
ဇနီးသားသမီးတွေဆီပြေးလို့ထွေးပွေ့ဖို့အဆင်သင့်ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
အတ္တသမားတွေကြောင့်ကျူးလွန်မိတဲ့ကံကိုစွန့်လို့
ငရဲမရောက်မယ့်လမ်းကိုလျှောက်လှမ်းသွားချင်လို့ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
တောထဲတောင်ထဲအခက်ခဲမျိုးစုံကြုံရတဲ့ဘဝကိုစွန့်လို့
လူ့ဘဝစည်းစိမ်လေးကိုအပြည့်အဝခံစားချင်လို့ပါ ...။

! ခင်ဗျားတို့ဝန်းကျင်မှာ
စစ်သားတွေမရှိလို့ဖြစ်တယ်ဆိုရင်ပြောပါ
မရှုမလှသေဆုံးကြရတဲ့အဖြစ်အပျက်တွေကိုစွန့်လို့
ကောင်းမွန်စွာမြေမြုပ်သဂြိုလ်ခြင်းလေးကိုခံချင်လို့ပါ ...။

တပ်မတော်သားများကိုလေးစာစွာဖြင့်

A Lin Yaung

No comments:

Post a Comment