Tuesday, April 12, 2016

ကျောင်းဆရာမရဲ့ချစ်သူ

ကျောင်းဆရာမရဲ့ချစ်သူ
================

ချစ်သူဆီက အကောင်းစားအင်္ကျီတွေ
ဖိနပ်တွေလက်ဆောင်မရဘူးပါဘူး။
ကျွန်တော်က ကျောင်းဆရာမချစ်သူမို့ပါ။

အ၀တ်အစားဝယ်ရင်လည်း အဖြူရောင်
လေးတွေပဲ ရွေးပြီးဝယ်လေ့ရှိပါတယ်။
ကျွန်တော်က ကျောင်းဆရာမချစ်သူမို့ပါ။

တစ်ခါတစ်လေ ချစ်သူရဲ့အဆူအငေါက်နဲ့
ဆုံးမတာတွေကိုလည်း နာခံရပါတယ်။
ကျွန်တော်က ကျောင်းဆရာမချစ်သူမို့ပါ။

ကလေးထိမ်းတတ်အောင်နဲ့
ထမင်းချက်တတ်အောင်လည်း
လေ့ကျင့်နေပါတယ်။
ကျွန်တော်က ကျောင်းဆရာမချစ်သူမို့ပါ။

တစ်ခြားယောက်ကျားလေးတွေလို
ဂရုမစိုက်ပဲ ပြစ်ထားလို့ဆိုပြီး
ရန်ရှာစိတ်ကောက်လို့ မရပါဘူး။
ကျွန်တော်က ကျောင်းဆရာမချစ်သူမို့ပါ။

ချစ်သူကို ယုံကြည်မြတ်နိုးတဲ့စိတ်အပြင်
ဂုဏ်ယူလေးစားတဲ့စိတ်နဲ့
ထပ်ပေါင်းလို့ ပိုချစ်ရပါတယ်။
ကျွန်တော်က ကျောင်းဆရာမချစ်သူမို့ပါ။

ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်ပါ
တပည့်တွေချစ်သော
လုပ်ဖော်ကိုင်ဖက်တွေချစ်သော
ရွာသူ ရွာသားတွေချစ်သော
အကြီးအကဲတွေချစ်သော
ထိုကျောင်းဆရာမနဲ့အတူ
အနာဂတ်ဘ၀ကို ရင်ဆိုင်ဖို့အတွက်
သတ္တိခွန်အားတွေမွေးထားပါတယ်။
ကျွန်တော်က ကျောင်းဆရာမချစ်သူမို့ပါ။

Credit >>> original writer

No comments:

Post a Comment