Tuesday, April 12, 2016

အောင်မြင်မှု ဆိုတာ လိင်ကတဆင့် ကူးဆက်တတ်တဲ့ အရာမဟုတ်ပါဘူး

#မြန်မာမလေးများဖတ်ဖို့

"အောင်မြင်မှု ဆိုတာ လိင်ကတဆင့် ကူးဆက်တတ်တဲ့ အရာမဟုတ်ပါဘူး။ဒီတော့ အောင်မြင်
နေတဲ့ယောက်ျားတစ်ယောက်နဲ့ ညအတူအိပ်ဖို့
လောက်ပဲ စဉ်းစားတာကို ရပ်တန့်ပြီး ကိုယ်တိုင်
အောင်မြင် အောင်လုပ်ပါ။
သူတပါးကို အားကိုးတတ်တဲ့ သာမန်  မိန်းကလေး  တစ်ယောက်ရဲ့အတွေးတွေကို ရပ်တန့်ပြီး
ကိုယ်ပိုင်အောင်မြင်မှုကို ရယူနိုင်တဲ့ အမျိုးသမီး
တစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

"မပေါ်တပေါ် ဝတ်ထားတဲ့ အမျိုးသမီး က hot
ပါတယ်။ကောင်းကောင်းမွန်မွန် ဝတ်စားထားတဲ့
မိန်းကလေး တွေကတော့ လှပါတယ်။ဒီလိုပါပဲ
ငရဲဆိုတာ hot ပါတယ်။ကောင်းကင်ဘုံကတော့
လှပ ပါတယ်။

မိမိမှာရှိတဲ့အလှတရားတွေကို တဖက်သား သတိထားမိစေဖို့အတွက် မိမိတန်ဖိုးထားရမယ့်
အရာတွေကို လစ်ဟ ပြနေစရာမလိုပါဘူး။
သင်ကိုယ်တိုင် တန်ဖိုးမထားတဲ့အရာတွေကို
တခြားတစ်စုံတစ်ယောက်ကလည်း  မျက်စိ အရသာခံရုံကလွဲပီး တန်ဖိုးထားမှာ မဟုတ်ပါဘူး။

"အမေကို ချစ်တဲ့ ယောက်ျားတွေနဲ့ မတွဲချင်ဘူးလို့၊ ပြောမယ့်အစား သားရှိမယားရှိတဲ့
ယောကျာ်း နဲ့ မတွဲချင်ဘူးလို့၊ ပြောပါ။
အများစုသောမိန်းကလေးတွေက အမေကိုချစ်တဲ့
ယောက်ျားလေးနဲ့ တွဲရမှာရှက်ကြပါတယ်။သဘောမကျဘူး။တန်ဖိုး ရှိတဲ့မိန်းကလေးတယောက်အတွက် တကယ်ွ ရှက်ကမှာက
အိမ်ထောင်ရှိတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့
တွဲခုတ်တဲ့ ကိစ္စ ပါပဲ။

ယောကျာ်းလေးတစ်ယောက် ဘယ်အရာကို မောင်းနှင်လာသလဲ ဆိုတာ အရင်မကြည့်ပါနဲ့။
ဘယ်အရာက သူ့ကိုမောင်းနှင်သလဲဆိုတာကို ကြည့်ပါ။ ယောကျာ်းတစ်ယောက် ဘယ်ကားကို
မောင်းသလဲ။ဘယ်လောက်ချမ်းသာ သလဲဆိုတာ အပြင်ပန်း ကိစ္စ တွေပါ။တကယ်ဂရုပြုသင့်တာကသူ့ရဲ့ ယောကျာ်းဆန်တဲ့စိတ်ဓာတ်၊ယုံကြည်မှု ၊ ခံယူချက်နဲ့ မိန်းမ တစ်ယောက်
အပေါ်မှာ ထားရှိတဲ့ သဘောထားတွေပဲဖြစ်တယ်။

ယောကျာ်းတစ်ယောက် ကို ရုပ်ဆိုးတယ်လို့ မပြောခင် သင့်မျက်နှာပေါ်က အလှတရား 95%
လောက်ကိုလည်း တစ်သျူးနဲ့ ဖျက်ပစ်လို့ရတယ်ဆိုတာကိုလည်း မနေပါနဲ့ ။ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုး က အပြင်ပန်း ရုပ်ရည်မဟုတ်ဘူး။သူ့ရင်ထဲက ခံစားချက် အနှစ်သာရပါ။
ဒါကို အပြစ်တင်မဝေဖန်ခင် သင့်အလှတရား
အစိတ်အပိုင်း တော်တော်များများဟာလည်း
ရောင်စုံမိတ်ကပ်တွေ လိမ်းကျံ ထားတယ်ဆိုတာ
မမေ့ပါနဲ့။

သူများရည်းစားကို ဖြတ်လုချင်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူ တခြားလူနောက်ကို ပါသွားတဲ့ အခါမှာလည်း ကြည်ဖြူနိုင်ပါစေ။

ကိုယ့်ခံစားချက် အလိုကိုလိုက်ပြီး သူတပါးအချစ်နဲ့ ခံစားချက်ကို ဖျက်စီး မယ်ဆိုရင် ကိုယ့်အလှည့်ကျရင်လည်း ခံနိုင်ရည် ရှိရပါမယ်။တန်ဖိုးရှိတဲ့ မိန်းကလေး တစ်ယောက်အနေနဲ့ကိုယ်ချင်းစာစိတ်ကို ရှေ့ထားပြီး အမှားအမှန်ကို ခွဲခြားသုံးသပ်စေလိုပါတယ်။

#credit

No comments:

Post a Comment