Saturday, April 9, 2016

ထင်ရှားကျော်ကြား ကရင်လူမျိုးများ(၂)

ထင်ရှားကျော်ကြား ကရင်လူမျိုးများ(၂)
********************************
သမိုင်းတစ်ခောတ်က သူ့ခောတ်သူ့အခါထင်ပေါ်ကျော်ကြားသော ကရင်လူမျိုးများအကြောင်းကိုအမျိုးများလေ့လာနိုင်ရန် အခန်းဆက်အနေနဲ့တင်ပြလိုက်ရပါသည်။

ပညာရှင်အတွက်ရေးသားတင်ပြခြင်းမဟုတ်ပဲ ဖေ့ဘုတ်သုံးနေသောကရင်လူငယ်များဗဟုသုတရရန်ရည်ရွယ်၍မိမိဖတ်ဘူးသောကရင်စာအုပ်ထဲမှကောက်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။
လိုအပ်ချက် အားနည်းချက်များရှိခဲ့သော် သီးခံပေးပါရန်နှင့်လိုအပ်သောအကြံဥာဏ်များပေးပါရန်လည်းအနူးအညွတ်တောင်းဆိုအပ်ပါသည်။

'            ဘိုးပိုက်ဆံ
  '          သို့မဟုတ်
ဗြဟ္မာစိုရ်ဘာသာတည်ထောင်သူ
    '             အပိုင်း(၂)
**********************************
ဗြိတိသျှသိမ်းပြီကာစအောက်မြန်မာပြည်တွင်အုပ်ချုပ် ရေးအသားမကျသေးပဲတစ်ဦးနှင့်တစ်ဦးအချင်းချင်း
ပင်မေတ္တာမပွားနိုင်ကြသေးပဲရှိနေစဉ်စောဆာဖိုးဝါး
သည်ဗြဟ္မာစိုရ်တရားကိုစတင်ဟောကြားလေသည်။

ဤသို့လေချွန်တောင်ပေါ်နှင့်သက်ကယ်တောင်ပေါ်တွင်ဝတ်ဖြူစင်ကြယ်နှင့်ပုဂ္ဂိုလ်တစ်ဦးဗြဟ္မာစိုရ်တရားစတင်ဟောကြားသည်ဟုသတင်းများကြားသိရသည့်အခါလူအများကလည်းစောဆာဖိုးဝါးဆီသွားကြလေသည်။

ထိုအချိန်မှစ၍စောဆာဖိုးဝါးကိုတစတစကြည်ညိုသူများလာရာပထမဆုံးစောဆာဖိုးဝါးသည်စေတီတစ်ဆူကိုတည်ပြီနောက်ကျောင်းသင်္ခန်းတစ်ခုကိုလည်း
ဆောက်လုပ်လိုက်ပြန်ရာစုဝေးလာသောလူအများကလည်းစောဆာဖိုးဝါး၏အကျင့်သီလနှင့်အလှူဒါနပြုလုပ်ပုံကိုကြည့်ပြီစောဆာဖိုးဝါးနာမည်ကိုမခေါ်ကြတော့ပဲ သိဒ္ဓိပေါက်သောလိုတရသောသူဟုသမုတ်ကြလျှက် ဘိုးပိုက်ဆံဟု ခေါ်ဆိုကြလေတော့၏။

ဘိုးပိုက်ဆံ၏သတင်းသည် တစတစကျော်ကြားလာလေရာတိတ်ဆိတ်ညိမ်သက်လူသူအရောက်အပေါက်နည်းသောလေချွန်တောင်နှင့်သက်ကယ်တောင်တို့မှာဘိုးပိုက်ဆံကြောင့်ကြက်ပျံမကျစည်းကာလာလေသောအခါသူ့အပေါ်မနာလို
သောအချို့သောသူများသည်မော်လမြိုင်ရှိအင်္ဂလိပ်
အစိုးရထံသို့ "ဘိုးပိုက်ဆံဆိုသောပုဂ္ဂိုလ်သည် ဗုဒ္ဓရာဇာမင်းအမည်ကိုခံယူ၍လူအများကိုစုဆောင်း
နေသည်။ရွေငွေပစ္စည်းများကိုလည်းကောက်ခံစုဆောင်းနေသည်တစ်နေ့တွင်ဗြိတိသျှအစိုးရကိုဆန့်ကျင်
တော်လှန်လိမ့်မည်"ဟုဂုံးချောစကားကိုဆိုလေသည်။

ထိုစကားကိုဗြိတိသျှအရေးပိုင်များကြားသောအခါ ဒေါသအလွန်ထွက်၍ဘိုးပိုက်ဆံနှင့်သူ၏တပည့်များကိုဖမ်းဆီးရန်ဖမ်းဝရမ်းထုတ်လိုက်သည် တပည့်များနှင့်တကွဘိုးပိုက်ဆံကိုဖမ်းဆီးချုပ်နှောင်
ပြီမော်လမြိုင်အချုပ်ခန်းထဲတွင်ရိုက်နက်ငြင်းဆဲစစ်
ဆေးလေတော့သည်။

ယင်းသတင်းကိုကြားသိရသော ရွေကျင်နယ်နှင့်ဖာပွန်တောင်တန်းရှိလူအများသည် မခံမရပ်နိုင်ဖြစ်လျှက်ဗြိတိသျှဆန့်ကျင်ရေးလှုပ်ရှားလာရာမှ ဗြိတိသျှတို့ကဘိုးပိုက်ဆံကို
၁။လူစုလူဝေးဖြင့်စည်းဝေးခြင်းနှင့်ဟောပြောခြင်းမပြုရ
၂။ငွေကြေးကောက်ခံခြင်းမပြုရဟူသောအချက်နှစ်
်ချက်ကိုခံဝန်ကတိထိုးစေလျှက်ပြန်လွတ်လိုက်လေ၏။

ဘိုးပိုက်ဆံသည်အချုပ်ခန်းမှပြန်လည်ထွက်လာသောအခါမိမိနေထိုင်ခဲ့သောလေချွန်တောင်နှင့်သက်ကယ်တောင်သို့ပင်ပြန်လာသောအခါဘိုးပိုက်ဆံကိုကြည်ညိုသူများကစောင့်မျော်ဆီးကြိုကြလေသည်။
ထို့နောက်ဘိုးပိုက်ဆံသည်အဓိဋ္ဌာန်ဖြင့်ထမင်းခြောက် စေတီကိုတည်လေတော့သည်။

ဤသို့ထူးဆန်းသောထမင်းခြောက်စေတီတည်ပြီ
သောအခါ၇ရက်၇လီထမင်းရေချောင်းစီးအလှူကိုပေးလှူပြီးနောက်(၁၈၈၂)ခုနှစ်တွင်သူ့၏နောက်လိုက်များကိုခေါ်ကာရွေကျင်မြို့ခရစ်ယာန်သာသနာပြုအဖွဲ့နှင့်ပူးပေါင်းလိုက်လေတော့သည်။

ထိုသို့ကူးပြောင်းပြီသည့်အခါခိုကိုးရာမဲ့ဖြစ်သောသူ၏အမျိုးများအားမြေပြန့်သို့ဆင်းလာရန် သွေးချင်းတို့လာကြ လာကြ

သားချင်းတို့လာကြ လာကြဟု
အချက်ပြပေးလိုက်ကာခေါ်ဆောင်လိုက်လေတော့၏။

ထိုအခါဖာပွန်နှင့်ရွေကျင်တောင်ပေါ်ရှိအမျိုးများသည် လည်းဆင်းလာကြလေတော့သည်(၁၈၈၈)ခုရောက်
သောအခါဘိုးပိုက်ဆံသည်သူ၏တပည့်ဆွေမျိုးများ
နေထိုင်ရန်အတွက်ညောင်လေးပင်မြို့နယ်၊ပိန်းဇလုပ်၏အနောက်ဘက်၇မိုင်ခန့်အကွာခရစ်ယာန်သာသနာ
ပြုများ၏အကူအညီဖြင့်ဧကပေါင်းတစ်သောင်းငါး
ထောင်ထိရရှိသောမြေဂရံပေါ်တွင်ဖဒိုပလော(ခေါ်)ဖဒိုရွာကြီးကိုတည်လိုက်လေတော့သည်။

ဘိုးပိုက်ဆံသည်မိမိသင်ခဲ့သောဗုဒ္ဓဘာသာမှ
ှဗြဟ္မာစိုရ်တရားနှင့်ခရစ်ယာန်ဒေသနာပေါင်းစပ်ကာ
ခရစ်ယာန်ဘာသာဝင်သို့ကူးပြောင်းသော်လည်း ခရစ်ယာန်သာသနာပြုများကယုံကြည်မှုမရှိသေး၍
(၁၈၈၉)ခုနှစ်ရောက်မှသာဘိုးပိုက်ဆံအားနှစ်ခြင်းမင်္ဂလာပေးအပ်လေတော့၏။

(၁၈၉၅)ခုနှစ်သို့ရောက်သောအခါ ဘိုးပိုက်ဆံသည် ပုသိမ်မြို့ကိုသာဖြူတိုင်တစ်ရာကျောင်းကိုစံနမူနာထား၍ဖဒိုပလော(ခေါ်)ဖဒိုရွာကြီးတွင်တိုင်အလုံးပေါင်း(၁၃၁)လုံးပါရှိသည့်ဝတ်ကျောင်းတော်ကိုတည်
ဆောက်ခဲ့လေသည်။

သို့ရာတွင်၁၉၀၇ခုနှစ်မှစပြီနိုင်ငံခြားနှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့နှင့်ဘိုးပိုက်ဆံတို့အကြားဆက်ဆံ
ရေးမပြေမလည်ဖြစ်ပြီနောက်များစွာစိတ်ထိခိုက်ပြီ "ရေမနေကုန်းပေါ်တက်"ဟူသောဆောင်ပုဒ်ကိုဖြင့်
ကရင်များကိုယ်ပိုင်လွပ်လပ်သောကရင်နှစ်ခြင်း
အသင်းတော်
(KAREN BAPTIST FREE MISSION) ကိုဖွဲ့စည်းတည်ထောင်လိုက်လေတော့သည်။

ဘိုးပိုက်ဆံသည်
သူ့ဘဝတစ်လျှောက်အဆောက်အအုံးများစွာကို
ိုဆောက်လုပ်လှူဒါန်းခဲ့ပြီ ဗုဒ္ဓဘာသာများအတွက်ကျောင်း ဇရပ်များ ခရစ်ယာန်များအတွက် ဘုရားရှိခိုးကျောင်းများ ဗြဟ္မာစိုရ်ဝတ်ကျောင်းတော်များကို
ိုပဲခူး၊ဥက္ကံ၊လက်ပံတန်း၊ဟင်္သတ၊ဓနုဖြူ၊ညောင်တုန်း၊ကျုံတနီး၊ရန်ကုန်၊မှော်ဘီ၊ညောင်လေးပင်၊
ကျောက်ကြီး၊ရွေကျင်၊စသောမြို့များတွင်ဆောက်လုပ်လှူဒါန်းခဲ့ပြီနောက်

်(၁၉၁၂)ခုနှစ်အသက်၇၀အရွယ်ရောက်သောအခါ
တစ်နေ့သောညနေတွင် တပည့်များအားခေါ်လျှက် "ငါ၏ဗြဟ္မာစိုရ်သာသနာကို ငါ၏အမျိုးဖြစ်သော
ကရင်လူမျိုးထဲမှဆင်ဖြူရှင်ကိုပိုင်ဆိုင်သောသူက ငါမရှိသည့်နောက်တွင်တိုးတက်စည်ပင်အောင်အားထုတ်ဆောင်ရွက်လိမ့်မည်"ဟုအမှာစကားပြောကြား
ပြီနောက်ညရောက်သောအခါ ဖဒိုဖလော(ခေါ်)ဖဒိုရွာကြီးတွင်ပင်ထူးဆန်းစွာပျောက် ဆုံးသွားခြင်းနှင့်သေဆုံးသွားခြင်းရှိခဲ့လေတော့သည်။

သို့ရာတွင် တစ်နေ့သောအခါ သိဒ္ဓိပေါက်သူအဖြစ်ဝိဇ္ဇာအဖြစ်ဖြင့်ယုံကြည်သော
တပည့်များစွာတို့ကဘိုးပိုက်ဆံသည်သူတို့ဆီမှပြန် လာလိမ့်မည်ဟုခုထိတိုင်ယုံကြည်လျှက်ရှိနေဆဲပင်
်ဖြစ်ပေတော့သည်။

ဘိုးပိုက်ဆံ၏ဗျာဒိတ်စကားသို့မဟုတ်
တပည့်များအားမှားကြားခဲ့သောစကားများမှန်မမှန်ဆိုရန်မှာကားကရင်ဆင်ဖမ်းနည်းကိုကမ္ဘာသိအောင်ချပြနိုင်ခဲ့သောဒေါက်တာဒါမေဘိုးမင်း၏အထုပ္ပတ္တိတွင်
ဆက်လက်စောင့်မျော်ဖတ်ရှုပါရန်နှင့်
ဘိုးပိုက်ဆံ၏ဘဝတစိတ်တဒေသရာဇဝင်အကြောင်းတင်ပြပြီဖြစ်၍ကရင်ခရစ်ယာန်သာသနာကိုအစပျိုးခဲ့
သောကိုသာဖြူ၏ဘဝတစိတ်တဒေကရာဇဝင်ကို
ဆက်လက်တင်ပြပေးပါမည်ဖြစ်ကြောင်းလေးစားစွာ
ပန်ကြားအပ်ပါသည်။

အမျိုးများကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment