Wednesday, April 13, 2016

ကရင်ဖားစည်သမိုင်းအကျဉ်းနှင့်ဖာစည်းပေါ်ကအရုပ်

ကရင်ဖားစည်သမိုင်းအကျဉ်းနှင့်ဖာစည်းပေါ်ကအရုပ်
များ
**********************************************
ကရင်လူမျိုးများ၏အမျိုးသားရေးလက္ခဏာတစ်ရပ်
ဖြစ်တဲ့ဖားစည်အကြောင်းကို ဒဏ္ဍာရီကပြောသော
ဖားစည်အကြောင်းနှင့် ဖားစည်ပေါ်ကဖားရုပ်အဓိပ္ပါယ်
ကိုလေ့လာမိသမျှတင်ပြပေးခဲ့ပြီဖြစ်ပါတယ်။

ယခု သုတေသီများလေ့လာထားသောဖားစည်သမိုင်း
ကို ဒီနှစ်ရွာကရင်နှစ်သစ်ကူးမှာ မာန်းနဲနန္ဒာစာရတင်
သွင်းတဲ့ဖားစည်အကြောင်းစာတမ်းကိုမှီငြမ်းပြီအများ
လေ့လာနိုင်အောင်တင်ပြပေးလိုက်ပါတယ်။

ဖားစည်ကိုယူနန်တရုပ်ပြည်ကနေယူဆောင်လာခဲ့
တယ်လို့ဆိုပါတယ်။ ယန်လူမျိုးတို့ထံမှ စည်ထုပ်လုပ်မှု
အတတ်ကိုသင်ယူတတ်မြောက်ခဲ့ကြပြီ ဘီစီ၃၀၀ ရာစု
လောက်က ဖားစည်ကို ယူဆောင်လာခဲ့ကြကြောင်း
သမိုင်းသုတေသီတွေကဆိုကြပါတယ်။ယူ သို့မဟုတ်
ယန်လူမျိုးတွေဟာ ကရင်တိုင်းရင်းသားလိုပဲတောင်
ပေါ်မှာနေထိုင်တတ်တဲ့လူမျိုးတစ်မျိုးပါပဲ

ကရင်တိုင်းရင်းသားများဖားစည်ကိုစတင်အသုံးပြုလာ
တဲ့အချိန်နဲ့ကိုယ်ပိုင်ဟန်ဖြစ်တဲ့ဂေဟစည်အမျိုးစားကို
ဘယ်ချိန်ကစတင်သွန်းလုပ်လာခဲ့တာကိုတော့ဘယ်
သမိုင်းသုတေသီတွေကမှအတိအကျမသိနိုင်သေး
ကြောင်းလည်းလေ့လာမှတ်သားရပါတယ်။

ရှေးက ဖားစည်ကို ၁၁ရာစု ၁၂ရာစုလောက်ကတရား
ရုံးတွေမှာအသုံးပြုခဲ့တာကိုတွေ့ရပြီ ဖားစည်ကိုကရင်အခေါ် ကလို  ကလူးဖြစ်ပြီ ပုဂံကျောက်စာများမှာလည်းတွေ့ရလို့ ထိုခောတ်မှာ
လည်းအသုံးပြုနေပြီဖြစ်ကြောင်းကိုလည်းသိရှိနိုင်ပါ
တယ်။

ရွေဘိုမင်း လက်ထက်မှာအသုံးပြုခဲ့သလို မှန်နန်းရာဇဝင်မှာလည်းလေ့လာတွေ့ရှိနိုင်ပါတယ်။
အင်္ဂလိပ်ပညာရှင်မာရှယ်ကလည်း တောင်ငူတဝိုက်
ကရင်ပြည်နယ်ကယားပြည်နယ်တွေမှာလည်းကရင်
တွေဖားစည်ကိုအသုံးပြုခဲ့ကြကြောင်းကိုသုတေသန
ပြုထားခဲ့တာကိုတွေ့ရပါတယ်။

ဖားစည်ကိုလေ့လာတဲ့အခါမှာ ရွှေ ငွေ သံ သွပ်(ခဲမဖြူ) ကြေးစတဲ့ သတ္ထု၅ပါးလို့ခေါ်တဲ့ပဉ္စလောဟာနဲ့
သွန်းလုပ်လေ့ရှိပြီ အမျိုးသားသွန်းလုပ်တဲ့ဖားစည်နဲ့ အမျိုးသမီးသွန်းလုပ်တဲ့ဖားစည်ဆိုပြီနှစ်မျိုးရှိတယ်လို့ သိရပါတယ်။

ဖားစည်မျက်နှာပြင်မှာ ဖားရုပ်အပြင် ဆင်ရုပ် ငါးရုပ်
မိုးရေစက် သစ်တုံးစတဲ့သင်္ကေတတွေပါသလို
အဓိပ္ပါယ်က ဖားအော်တော့မိုးရွာ မိုးရွာလျင်ငါးကျ(မြူး) ငါးကျတော့ ဆင်သစ်ဆွဲ
ဆင်ဆွဲမှသစ်ကျ သစ်ကျမှပြည်ဝတယ်လို့ကရင်ဘိုး
ဘွားများကလက်ဆင့်ကမ်းကာဖားစည်ပေါ်ကအရုပ်
များရဲ့အဓိပ္ပါယ်လေးနက်မှုကိုပြောဆိုလာခဲ့ကြပါ
တယ်။

ဖားစည်ကို လကြတ်နေကြတ်တဲ့ချိန်  ထိမ်းမြားမင်္ဂလာ
ဆောင်ချိန် ကရင်နှစ်သစ်ကူးနဲ့ မင်္ဂလာယူတဲ့ပျော်ပွဲ
ရွှင်ပွဲ နိုင်ငံတော်အခမ်းအနားတွေမှာအသုံးပြုလေ့ရှိ
ပါတယ်။

ဖားစည်မှာလည်းမင်္ဂလာဖားစည် အမင်္ဂလာဖားစည်ဆို
ပြီရှိရာမှာ ဖားတစ်ကောင်နဲ့တစ်ကောင်ရှေ့နောက်လိုက်လျင်
မင်္ဂလာဖားစည်ဖြစ်ပြီ ဆန့်ကျင်ဘက်အနေနဲ့ရှိလျင်
အမင်္ဂလာဖားစည်လို့သတ်မှတ်ကြပါတယ်။

ဖားစည်မှာ ရွေဖားစည် ငွေဖားစည် ကြန်စုံဖားစည်
ဆိုပြီသုံးမျိုးရှိသေးသလို ဖားစည်ပါအရုပ်ကိုကြည့်ပြီ
တန်ဖိုးကိုဆုံးဖြတ်လေ့ရှိကြောင်းသမိုင်းအကျဉ်းကို
တင်ပြရင်းအစဉ်အလာသမိုင်းကြီးမားသော
ကရင်တို့ရဲ့အမျိုးသားရေးလက္ခဏာတစ်ရပ်ဖြစ်သောဖားစည်ကိုမြတ်နိုးတန်းဖိုးထားနိုင်ပါစေလို့ဆန္ဒပြု
လိုက်ပါတယ်။

အမျိုးများကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment