Monday, October 3, 2016

မိန်းမတို့၏ဘဝ

မိန်းမတို့၏ဘဝ
--------------
ဖတ်ဖြစ်အောင်ဖတ်ပါရှင်းးးး
မိန်းကလေးများ၏ငယ်ရွယ်စဉ်မှာ
အချစ်ကလွဲ၍အပြစ်မမြင်တတ်သောကြောင့်
ဒုက္ခရောက်ရ၏။

မိန်းမများသည်ငယ်ရွယ်စဉ်မှာ
အိမ်ထောင်ကြသော်ကြောင့်အိမ်ထောင်တာဝန်
မနိုင်နင်း၍ဒုက္ခရောက်ရ၏။

မိန်းမများသည်တန်ဖိုးရှိစွာမနေပါက
အိမ်ထောင်ပြုပြီးတစ်ချိန်ချိုးနှိမ့်သောကြောင့်
ဒုက္ခရောက်ရ၏။

မိန်းမများ၏ဘဝကိုနားမလည်သော
ယောကျာ်းများကြောင့်မိန်းမများ၏
ဘဝဒုက္ခရောက်ရ၏။

ထိုကြောင့်မိန်းမများသည်မိမိဘဝရနေစဉ်
ရုပ်ဆိုးဆိုးရုပ်ချောချောမိမိဘဝကိုတန်ဖိုး
ထားသောသူဖြစ်ပါစေ။

မိမိရရှိနေသောမိန်းမသားဘဝတွင်
တန်ဖိုးထားနေထိုင်ကြစေလို၏။

No comments:

Post a Comment