Monday, October 3, 2016

ငါပြန်မလာနိင်တော့တဲ့အခါ

ငါပြန်မလာနိင်တော့တဲ့အခါ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏

အဲ့ဒီနေ့က နေမသာဘူး
ဒါပေမယ့် မိုးလည်းမရွာဘူး
ကျောပိုးအိတ်ထဲ
သံယောဇဉ် တချို့တဝက်နဲ့
မိသားစု လွမ်းချင်းကိုထည့်
ငါတို့  စစ်တိုက်ထွက်ကြတယ်.....

စစ်ပွဲဆို ပြန်ပြောလို့ 
ကောင်းသလောက် ရင်ဆိုင်ဖို့ 
သတ္တိမွေးရတဲ့ အသက်ကိုထပ်
စတေးရတဲ့ ပွဲ.....

ပိတောက်တွေ ပွင့်ရင်ပြန်လာမယ်
ဒါမှမဟုတ် ချယ်ရီတွေ ပွင့်ရင်ပေါ့
ရာသီနွေမိုးဆောင်း
ပြောင်းချင်လည်း ပြောင်လိမ့်မယ်
မပူပါနဲ့ မပူပါနဲ့ကွယ်.....

ငါသေတဲ့အခါ အလံကိုအုပ်လို့ 
သူတို့ အလေးပြုကြလိမ့်မယ်
သေနတ်တွေ မြေစိုက်
ဦးခေါင်းတွေလည်း ညွတ်ကျလိမ့်မယ်.....

မိသားစု အပူတွေကိုလည်း
တာဝန်မကျေနိင်ခဲ့ပါဘူး
ငါပြန်ပါမလာတော့တဲ့အခါ
သားသမီတွေကို ကျောင်းဝတ်စုံ
အသစ်ကလေး ဝယ်ပေးလိုက်ပါ.....

သူတို့ လေးတွေ အေးချမ်းစွာ
ပညာသင်ရတဲ့အခါ
မြေသြဇာ ဖြစ်သွားလို့ 
ငါအတွက်ပေးတဲ့
ဆုတံဆိပ်ကလေးက
ပြုံးနေပါလိမ့်မယ်.....

စစ်သားတစ်ဦးရဲ့ နောင်တဟာ
စစ်ပွဲမစခင်အချိန်ကတည်း
က ရှိနေတာပါ
သူတို့အရွယ်ရောက်တဲ့
အခါ မင်းတို့  အဖေ.....

စစ်သားကြီး တိုင်းပြည်အပေါ်
အသက်ကိုစတေး
ပြည်ချစ်တေးကို ဆိုသွားခဲ့တယ်လို့ 
ပြောပေးပါ
ငါပြန်မလာနိင်တော့တဲ့အခါမှာပေါ့.....

Cr.....မင်းဒင်: အမေ့သား လွမ်းစစ်သည်​  အား ခရက်​ဒစ်​​ပေးပါသည်

No comments:

Post a Comment