Monday, October 3, 2016

သေချာမှ လမ်းခွဲပါ " မောင် "

သေချာမှ လမ်းခွဲပါ " မောင် "
*****************************
အရာအားလုံးထက် နင့်ကိုတန်ဖိုးထား
ရှင်ဘုရင်လိုကိုးကွယ်ခဲ့တဲ့ ဒီကောင်မလေးကိုမှ
လမ်းခွဲမယ်ဆိုရင်လည်း နင့်သဘောပါ ...

မျက်က်စိတွေမှိတ် နာတွေပိတ်
နင့်စကားလုံးတိုင်းကို အမိန့်တစ်ခုလို
နားခံခဲ့တဲ့  ဒီကောင်မလေးကိုမှ
ထားရက်ခဲ့နိုင်တယ်ဆိုလည်း ထားခဲ့ပါ ...

$ရမ်းဘဝင်မြင့် $ရမ်းမောက်မာတယ်လို့
ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့
ဒီကောင်မလေးက နင့်အတွက်ဆို
မာနတွေခဝါချ သိက္ခာတွေခြေနင်းချ
အချစ်စစ်နဲ့ချစ်ခဲ့တဲ့  ဒီကောင်မလေးကိုမှ
မလိုအပ်တော့ဘူးဆိုရင်လည်း ချန်းခဲ့ပါ ...

အနားမှာခစား ငါ့ရဲ့လိုအင်တိုင်းကို
အဆင်သင့်ဖြည့်ဆည်ပေးချင်တဲ့ တစ်ပုံကြီးရှိနေလျက်နဲ့
နင့်ကိုမှတမ်းတမ်းစွဲ နှလုံးသားသက်သက်ရင်းပြီး
မြတ်နိုးခဲ့တဲ့  ဒီကောင်မလေးကိုမှ
$ ဖတ်မလုပ်တော့ဘူးဆိုလည်း ရတယ် ...

ရုပ်မရှိလို့ ကပ်တွယ်နေတာလည်းမဟုတ်ဘူး
ပညာမတတ်လို့ ကိုးကွယ်နေတာလည်းမဟုတ်ဘူး
ငွေမရှိလို့ အပိုင်ချုပ်နေတာလည်းမဟုတ်ဘူး
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ လက်နက်ချ
ဒူးထောက်နေတဲ့  ဒီကောင်မလေးကိုမှ
နင်မချစ်ချင်တော့ဘူးဆိုရင်လည်း မချစ်နဲ့ ...

ငါ့ထက် နင့်ကိုပိုချစ်နိုင်တဲ့သူ
ငါ့ထက် နင့်ကိုပိုမြတ်နိုးနိုင်တဲ့သူ
ငါ့ထက် နင့်ကိုပိုနားလည်ပေးနိုင်တဲ့သူရှိခဲ့ရင်
ငါအရှေ့တော်မှောက်ကို ခေါ်လာခဲ့လိုက်
ထိုင်ရှိခိုးပြီး ငါကန့်တော့ပစ်လိုက်မယ်

No comments:

Post a Comment